မောရိသျှ
သိပ်မကြာသေးခင်ကပဲ လုပ်ဖော်ကိုင်ဖက်အသိမိတ်ဆွေဟောင်း မိုက်နဲ့ ပြန်ဆုံဖြစ်တယ်ဗျ။ စကားမပြောဖြစ်ခဲ့ကြတာပဲ သုံးနှစ်မကတော့ဘူး။ လန်ဒန်မှာ သူနဲ့နောက်ဆုံး တွေ့ဖြစ်ခဲ့တာက မသိရင် မနေ့ကလိုပဲ၊ အချိန်တွေက သိပ်မြန်လွန်းတယ်။ သူနဲ့စကားပြန်ပြောဖြစ်တော့မှ အတိတ်ကအကြောင်းတွေ ပြန်တွေးရင်း သင်္ခန်းစာသတိသံဝေဂတွေ ယူဖြစ်လိုက်သေးတယ်။
မိုက်နဲ့ကျွန်တော် လွန်ခဲ့တဲ့ခုနစ်နှစ်တုန်းက အလုပ်တခုမှာ တရက်တည်းအတူတူ အလုပ်ဝင်ဖြစ်ခဲ့ကြတယ်၊ အကြောင်းတိုက်ဆိုင်လွန်းတော့ အသိမိတ်ဆွေတွေ သူ့အလိုလို ဖြစ်သွားခဲ့ရတယ်။ နှစ်နှစ်ကျော်သုံးနှစ်လောက်နေတော့ ကျွန်တော် အဲဒီအလုပ်ကနေထွက်ပြီး စာရေးတဲ့ဘက်ကို ဇောက်ချဖြစ်ခဲ့တယ်။ သူကတော့ အဲဒီအလုပ်မှာပဲ ဆက်လုပ်နေခဲ့တာပါ။ ပြန်အောက်မေ့မိတော့မှ အချိန်ဆိုတာက ခနလေးပါလားလို့ တွေးမိတယ်၊ အတိတ်က အချို့သော အကြောင်းအရာတွေက ရယ်စရာတွေ ဖြစ်ခဲ့ပေမဲ့၊ အခုတော့ မဟုတ်တော့ဘူး။ ဆေဏိက ပြောတဲ့ ဘဝရဲ့တိုတောင်းမှု အကြောင်းတွေက ခေါင်းထဲ တဝဲဝဲလည်နေတယ်။
ဘဝဆိုတာ ဘယ်လောက်ကြာကြာနေနိုင်သလဲအပေါ် မမူတည်ဘူးတဲ့၊ ဘဝဆိုတာ ရထားတဲ့ အချိန်အတွင်း ဘယ်လောက်အကျိုးရှိရှိနေနိုင်ပြီး ဘယ်လောက်ထိ ပျော်နိုင်ခဲ့သလဲဆိုတဲ့အပေါ်မှာပဲ မူတည်တာပါတဲ့။ သူပြောတော့လည်း မှန်နေတာပဲ။ ဟုတ်တော့လည်း အဟုတ်သား။ ဘဝကြီးက တိုတောင်းလွန်းတော့ ရထားတဲ့အချိန်တွေကို အဓိပ္ပါယ်ရှိအောင် လုပ်ရတာ တကယ်တော့ မလွယ်ဘူး။
တခါတလေတော့လည်း ဘဝရှေ့ရေးကို အတွေးလွန်မိပြီး လက်ရှိအခိုက်အတန့်ရဲ့ တန်ဖိုးကို မသိမမြင်ဖြစ်လေ့ရှိတယ်ဗျ။ အတိတ်နဲ့ အနာဂတ်တွေထက် လက်ရှိအချိန်က ပိုပြီး တန်ဖိုးရှိပါတယ်။
ကျွန်တော်ဆို သိပ်ပြီးအတွေးများတယ်။ ငယ်ငယ်ကဆိုရင် ပိုဆိုးတယ်။ အတွေးများတဲ့အပြင် အလုပ်လည်း အင်မတန်များတဲ့သူမျိုးပါ။ ကြီးလာရင် ဘာဖြစ်အောင် လုပ်မယ်၊ ဘယ်လို ဘဝနဲ့ နေနိုင်ရမယ် စသဖြင့်အတွေးများခဲ့တယ်။ အခုထက်ထိလည်း များနေဆဲပါပဲ။ အဲဒီလို တွေးဖြစ်နေလို့လည်း ဘဝကို ရှေ့ဆက်ဖို့ရာ စိတ်ခွန်အားမွေးနိုင်တာလို့ ပြောရမယ်။ အနာဂတ်မှာ လုပ်ချင်တာတွေလေးရှိနေလို့ ဖြစ်အောင်ကြိုးစားချင်စိတ်မွ
Unlock to read this premium article with 100 points.