Lwin Pyin Thit
ကိုယ့်အနားမှာမနေချင်တဲ့သူတွေကို ဖက်တွယ်မနေပါနဲ့ တူမလေး...
ကိုယ့်ကိုတကယ်ချစ်တဲ့ သူဆိုတာ ကိုယ်ဘယ်လို
အခြေအနေမျိုးပဲနေနေချစ်နေမှာပါ...။
ကိုယ့်မှာမကောင်းတဲ့ အချက်တွေရှိတယ်ဆိုရင်တောင်မှ ကိုယ်တကယ်ချစ်တဲ့သူက
အဲ့ဒီမကောင်းတဲ့အချက်ကို နားလည်ပေးမှာပါ...။ သူကမကြိုက်ဘူးဆိုရင်တောင် အဲ့ဒိမကောင်းတဲ့အချက်နဲ့ပတ်သတ်ပြီး ကိုယ်ကိုအပြစ်တင်ပြောဆိုနေမှာတော့မဟုတ်ပါဘူး...။
သူ့ဘက်ကအတတ်နိုင်ဆုံးရအောင်ပြုပြင်ပေးမှာပါ...။ကိုယ့်ကိုတကယ်မချစ်တဲ့သူတွေက ကိုယ့်မှာရှိတဲ့မကောင်းတဲ့အချက်ကို ထုတ်ပြတာနဲ့
ထွက်သွားကြမှာပါ...။
အဲ့လို ကိုယ့်ကိုတကယ်မချစ်တဲ့ထွက်သွားသူတွေကိုမဖက်တွယ်ပါနဲ့တူမလေး...။သူမရှိလို့မဖြစ်ဘူးဆိုတာတကယ်တော့အလကားပါ...။ မယုံရင် တူမလေးအသဲကွဲနေုတုန်း မှိုင်မနေဘဲ
ပုံမှန်လိုနေကြည့်ပြီး လောကကြီးကိုကြည့်ကြည့်ပါ...။
ကားတွေပုံမှန်သွားနေပါတယ်...လူတွေလည်းအလုပ်သွား
အလုပ်ပြန်လုပ်နေကြတာပါပဲ...တူမလေးလည်း လုပ်စရာ
ရှိတာလေးတွေကိုတော့လုပ်နေရသေးတာပါပဲ...။
ဘဝဆိုတဲ့ခရီးကအရှည်ကြီးပါ....။
ဆယ်ကျော်သက်ကာလမှာ တွေ့ရတဲ့အချစ်က
ရင်ခုန်တက်စအချစ်ပါ...အချစ်level1လေးပါ...။
အချစ်ဦးကိုမမေ့နိုင်ပေမယ့် ကိုယ့်ကိုမလိုတဲ့အချစ်ဦးအတွက်တော့ အချိန်အကုန်မခံပါနဲ့...။တစ်ပတ်... နှစ်ပါတ်...အသဲကွဲလိုက်ပါ...။
ပြီးတာနဲ့ လုပ်စရာရှိတာတွေ ဆက်လုပ်နေပါ...။
ကြိုးစားစရာရှိတာတွေကြိုးစားနေပါ...။
တကယ်တော့ ဘဝမှာကိုယ့်နဲ့ချစ်တဲ့ကြိုက်တဲ့သူတွေကပဲ အချစ်ကိုပေးနိုင်တာမဟုတ်ပါဘူး....။
ကော်ဖီလေးတစ်ခွက်...
သီချင်းလေးတစ်ပုဒ်...
နောက်ပြီး
စိတ်ပျော်ရွှင်ရတဲ့အခိုက်အတန့်...
ဒါလေးတွေဆီကလည်း အချစ်ကိုရနိုင်ပါသေးတယ်...တူမလေး...။
ကော်ဖီအရသာလေးက တူမလေးကြိုက်တဲ့အရသာလေးမို့ ကျေနပ်မိတယ်...
သီချင်းလေးက ကိုယ့်ရဲ့လက်ရှိfeelingနဲ့
ကိုက်ညီနေလို့ ညဉ်းမိတယ်...
ကိုယ့်ရဲ့birthdayမှာ မွေးနေ့ဆုတောင်းစကားလေးတွေခြွေပေးလို့ပျော်ရတယ်...။
ဒါတွေဟာလည်း အချစ်တွေပါပဲ...။
တူမလေးသာယူတတ်မယ်ဆို အချစ်တွေက
တူမလေးဘေးမှာဝိုင်းဝိုင်းလည်ရှိနေပါတယ်...။
ဖိုမအချစ်ထက် တစ်ချို့အချစ်တွေက ရိုးရှင်းတယ်...ပေးဆပ်ခြင်းနည်းတယ်...အဓိပ္ပါယ်ပိုရှိတယ်...။
ငွေ၁သောင်းပေးရင် ၁သောင်းတန်ပစ္စည်းကိုရတယ်မလား...တူမလေး...။
ကိုယ်က ကိုယ့်ဘဝတစ်ခုလုံးနီးပါးပေးထားပြီးမှ ကိုယ့်ကိုပစ်သွားတဲ့သူကိုဘာလို့ဖက်တွယ်နေမှာ...။
One go two comeပေါ့...။
ဟုတ်တယ်မလား...တူမလေး...။
Doublej ရဲ့သီချင်းတစ်ပုဒ်ထဲကအတိုင်းဆိုရမယ်ဆို
"အချစ်ထက်အရေးကြီးတာတွေရှိသေးတယ်"...။
#တူမလေးအတွက်ရေးတဲ့စာ
#lwinpyinthit
Keep Reading