Tapathi (တပသီ)
IQ နဲ့ EQ ဆိုတာ ဘာလဲ ။ ငယ်စဉ်ကတည်းက ကြားဖူးနားဝရှိခဲ့တဲ့ အရာလို့ ထင်မိပါတယ် ။ ကျောင်းမှာပဲဖြစ်ဖြစ် သင်ယူမှုဆိုင်ရာတွေမှာ မြန်မြန်လေ့လာတတ်မြောက်တဲ့သူတွေကို IQ မြင့်တယ် ၊ ဉာဏ်ကောင်းတယ် လို့ ပြောဆို ကြားဖူးခဲ့ကြပါတယ် ။ ဒါဆိုရင် EQကရော စိတ်ပိုင်းဆိုင်ရာမှာ ထိန်းချုပ်နိုင်သူတွေ ၊ ကိုယ်နဲ့ အခြားသူတွေကို နားလည်သိရှိကြသူတွေကို EQ မြင့်တယ်လို့ ပြောကြပါတယ် ။
IQ ဆိုတာ
Intelligence Quotient ကို အတိုကောက် သုံးနှုန်းထားခြင်း ဖြစ်ပါတယ်။ ဉာဏ်ရည်ထက်မြက်မှုဆိုင်ရာနှင့် သင်္ချာဘာသာရပ်လို ပညာရပ်တွေမှာ ထူးချွန်ခြင်း ၊ လျင်မြန်စွာတတ်မြောက်ခြင်း စတဲ့သင်ယူရ လွယ်ကူတဲ့သူတွေ ၊အများနှင့်မတူ မှတ်သား သိမြင်နိုင်ကြသူတွေကို ခေါ်ဆိုပါတယ် ။
EQ ဆိုတာ
Emotional Quotient ကို ဆိုလိုခြင်းဖြစ်ပါတယ် ။ လူတိုင်းရဲ့ ဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ လူမှုဆက်ဆံရေးကောင်းမွန်ကြသူတွေက EQ မြင့်သူတွေပဲ ဖြစ်ပါတယ်။ ကိုယ့်စိတ်ကိုယ်ကောင်းစွာ နားလည်သိရှိ ကြပြီး အားသာချက် အားနည်းချက်များ ကို ခွဲခြားသိမြင် ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် နားလည်သိရှိကြသလို အခြားသူေတွအပေါ်မှာလည်း အကောင်းဆုံးနားလည် ကြပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာမှာ ကောင်းမွန်ကြသူတွေကို EQမြင့်တယ်လို့ ပြောဆိုကြ ပါတယ်။
IQ မြင့်ဖို့က မဖြစ်မနေ အရေးကြီးပါသလား ။
စာရေးသူအနေနဲ့တော့ မရှိမဖြစ်လိုအပ်တဲ့ အရာလို့ မထင်မိပါ။ စာဖတ်သူတို့က ဉာဏ်ရည်ဉာဏ်သွေးကို အသုံးပြုကြရတဲ့ လုပ်ငန်း တွေမှာ လုပ်ကိုင်ဆောင်ရွက်နေကြတယ်ဆိုရင်တော့ လိုအပ်ပါတယ်။ ဒါမှ မဟုတ်ဘဲ သာမန်ဘဝနှင့် ရိုးရိုးရှင်းရှင်း ရပ်တည် နေကြသူတွေ၊ ဥာဏ်ထက်မြက်မှုနဲ့ မဟုတ်တဲ့ စီးပွာရေးလုပ်ငန်းတွေမှာ လုပ်ကိုင် ကြတဲ့သူတွေဆိုရင် အထူးတလည်မလိုအပ်ပါဘူး ။
EQ မြင့်ဖို့က မဖြစ်မနေ အရေးကြီးပါလား။
EQ မြင့်တဲ့သူတွေအတွက်တော့ ကိုယ့်စိတ်နှင့်တကွ အခြားသူတွေရဲ့စိတ်ကိုပါ တွေးေတာနားလည်ပေးနိုင်စွမ်း ရှိကြပါတယ်။ လူတွေ အပေါ် ဖြည့်စွက်တွေးတောပေးနိုင်ကြပြီး အခြား သူတွေရဲ့ နေရာကေန ၀င်ရောက် ခံစားနိုင် ကြပါတယ်။ ဒါ့ကြောင့် ပေါင်းသင်းရ အဆင်ပြေပြီး မိတ်ဆွေကောင်း တွေဟာ EQမြင့် သူတွေပဲ ဖြစ်ပါတယ် ။
ကိုယ့်စိတ်ကိုယ် သိရှိနားလည်မှသာ ဆုံးဖြတ်ချက်ချရာမှာ အဆင်ပြေနိုင်ပြီး ဘဝကိုအကျိုးရှိရှိဖြတ်သန်းနိုင်မှာဖြစ်လို့ အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။ လူတစ်ယောက်က အခြားသူတစ်ယောက် ကို နားလည်ပေးနိုင်ဖို့ထက် ကိုယ့်စိတ်ကိုယ်တောင် နားလည်ရန် ခက်ခဲပါတယ်။ ဒါ့ကြောင့် သူကတော့ ငါ့ကို နားလည်မပေးဘူး။ ဒီလူက ငါ့စိတ်ကို နားမလည်နိုင်ဘူး ဆိုတာထက် ကိုယ်ကရော ကိုယ့်ကိုယ်ကိုယ် နားလည်ရဲ့လား၊ကိုယ်ဘာဖြစ်ချင်တာလဲ ကိုယ့်စိတ်ကိုယ်သေချာသိရဲ့ လား ဆိုတာ တွေးတောဆန်းစစ်ကြည့်ပါ။
IQ မြင့်မှ အောင်မြင်နိုင်မှာလား။
IQ မြင့်သူေတွဟာ လျင်မြန်ထက်မြက်ကြပေမဲ့ EQမြင့်တဲ့သူတွေလို ကိုယ့်စိတ်ကိုယ် နားလည်နိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွေမှာ အလွန်အားနည်း ကြပါတယ် ။ ဒါကြောင့် ဆုံးဖြတ်ချက်ချတဲ့အချိန်တွေနဲ့ ရွေးချယ်မှုတွေ ပြုလုပ်ကြရတဲ့အခါ ကိုယ့်စိတ်ကို ကောင်းစွာ မသိနားမလည်တာ တွေ့ကြောင့် အမှားအယွင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်တွင်လည်း လူများအပေါ် နားလည်မပေးနိုင်ကြသည့်အတွက် လူမှုဆက်ဆံရေးကို ထိခိုက်စေပါတယ်။ လုပ်ငန်းခွင်တွေမှာ ရာထူးတိုးရန်အတွက် IQထက် EQ မြင့်တဲ့ သူတွေကို ပိုမိုဦးစားပေး ကြ ပါ တယ်။ ဒါကြောင့် IQ မြင်ရုံနဲ့မေအာင်မြင်နိုင်သလို စာဖတ်သူတို့ လိုချင်တဲ့ဘဝကိုတောင် ရရှိရန်ခက်ခဲပါတယ်။
IQနဲ့EQ ဘယ်ဟာ ပိုအရေးကြီးတာလဲ။
' မင်းလုပ်ငန်းခွင်မှာ အလုပ်မြန်မြန်ရဖို့အတွက် IQကောင်းရင် ဖြစ်နိုင်ပေမဲ့ အဲ့ဒီအလုပ်ခွင်မှာ ကြာကြာတည်မြဲနေဖို့အတွက် EQ ကောင်းမှ အဆင်ပြေနိုင်မယ် ' လို့ ပညာရှင်များက ပြောဆိုခဲ့ပါတယ်။ အလုပ်ခန့်ခံရတဲ့ ၇၀ရာခိုင်နှုန်းကလည်း EQ မြင့်သူေတွသာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်အများစုကလည်း EQ မြင့်သူတွေကိုသာ ယုံကြည်စွာလက်တွဲေဆာင်ရွက်ကြပြီး ရာထူးတိုးရန်ေရွးချယ်ကြပါတယ်။
အကောင်းမြင်စိတ်နဲ့စိတ်ခံစားမှုကောင်းကြတဲ့အတွက် လုပ်ငန်းခွင်မှာသာမက နေရာတိုင်းမှာ အဆင်ပြေကြသူတွေ ဖြစ်တာကြောင့် EQေကာင်း ဖို့အတွက် ကြိုးစားကြည့်သင့်ပါတယ်။ အဖွဲ့အစည်းနဲ့ လုပ်ကိုင်နေထိုင်ကြရတဲ့ လူတိုင်းအတွက် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ဖို့က အရေးကြီးဆုံး ဖြစ်တာကြောင့် EQ မြင့်ဖို့က ပိုအရေးကြီးတယ် လို့ ယူဆရပါတယ် ။
IQ ကောင်းဖို့ ဘာတွေလုပ်ရမလဲ။
မိဘေတွရဲ့ မျိုးရိုးဗီဇ အရ ပင်ကိုယ်စရိုက်လက္ခဏာများဟာ ပြောင်းလဲလို့ မရပေမဲ့လည်း အချိန်ပေး ကြိုးစားကြည့်ရင် ကောင်းမွန်တဲ့ရလဒ်တစ်ခုကို ရရှိနိုင်ပါတယ် ။ IQအတွက် ဦးနှောက်ကို အသုံးပြုေပးရတဲ့ ဂိမ်းတွေကစားကြည့်ပါ ။ တီထွင်ကြံဆရတာ ဖြစ်တဲ့အတွက် ဦးနှောက်ရဲ့ ဘယ်ဘက်အခြမ်းရော ညာဘက်အခြမ်းအတွက်ပါ အထောက်အကူပြုစေပါတယ်။ ဘာသာ စကားလေ့လာခြင်း နှင့် တူရိယာတခုခုကို တီးခတ်တတ်အောင် သင်ယူ ခြင်းကလည်း အခြေခံကအစ ပြန်သင်ယူရတာဖြစ်လို့ ဦးနှောက်ကို လှုံ့ဆော်မှုတွေ အများကြီးပေးပြီး IQ ကောင်းလာစေပါတယ် ။
EQ ကောင်းဖို့ ဘာတွေလုပ်ရမလဲ။
IQ လိုမွေးကတည်းက ပါလာတာမဟုတ်တဲ့အတွက် သင်ယူလေ့ကျင်လို့ ရနိုင်ပါတယ်။ EQမြင့်ရန် ကောင်းမွန် တဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာဖို့အတွက် ကောင်းတဲ့အရာတွေ တွေးတောပြီး မကောင်းတဲ့အရာတွေကို လျှော့ချဖို့ လိုအပ်ပါတယ်။ စိတ်ကို တည်ငြိမ်စွာ ထားပြီး စိတ်ဖီစီးမှု ကို ထိန်းချုပ်ပါ ။ ကိုယ့် အကြောင်းကို သေချာတွေးတောပြီး ကိုယ့်စိတ်ကိုယ် သိနားလည်စေပြီး အခြားသူများကိုလည်း နားလည်မှုပေးနိုင်ဖို့ ကြိုးစားကြည့်ပါ။ ဒါဆိုရင်တော့ EQ ကောင်းတဲ့သူ ဖြစ်နိုင်ပါလိမ့်မယ်။
IQ test
https://youtu.be/o-Ux0UsyYkc?si=a9a-Qjfdi7MJpMo7
EQ test
https://youtu.be/6JaCCeFGwoM?si=6ZPJvAQraEuD9g6t
ဒါလေးတွေ ဖြေကြည့်ပြီး ကိုယ့်ရဲ့ IQ & EQ level ကို စစ်ဆေးကြည့်နိုင်ပါတယ်နော် ။
စာဖတ်သူတို့လည်း ဘဝအတွက်လိုအပ်တဲ့ အသိပညာ ၊ ဗဟုသုတများစွာ ရှာဖွေစုဆောင်းနိုင်ပြီး အားသာချက် အားနည်းချက်များကို ခွဲခြားသိမြင် အသုံးချကာ ပျော်ရွှင်အောင်မြင်တဲ့ ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေရှင် ။
#Tapathi။
Keep Reading