SarPhat Author
လူငယ်များအနေဖြင့် အသက် (၂၅) နှစ် ကျော်တဲ့အခါ Careerအပြောင်းအလဲတစ်ခု စလုပ်သင့်လား? ဆိုတဲ့မေးခွန်းကို တခါတလေမှာ ကိုယ့်ကိုယ်ကို ပြန်မေးလေ့ရှိတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ် Passionate ဖြစ်တဲ့ နယ်ပယ်ကို ကူးပြောင်းချင်တဲ့အခါ၊ လစာပိုများချင်တဲ့အခါ၊ လက်ရှိအလုပ်မှာ အခွင့်အလမ်းများ အလုံအလောက် မရရှိတဲ့အခါ၊ စိန်ခေါ်မှုအသစ်အသစ်များကို စမ်းသပ်ချင်တဲ့အခါ အစရှိတဲ့ အခြေအနေအမျိုးမျိုးမှာ Careerပြောင်းချင်တဲ့သူများ ရှိတတ်ကြပါတယ်။
အဆိုပါ အခြေအနေအမျိုးမျိုးကြောင့် Career အပြောင်းအလဲလုပ်ဆောင်တဲ့အခါ အခက်အခဲအမျိုးမျိုး ကြုံတွေ့ရကောင်း ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့်မို့လို့ လူငယ်များအတွက် Career အပြောင်းအလဲ လုပ်ဆောင်တဲ့အခါ အထောက်အကူဖြစ်စေမဲ့ အချက် (3)ချက်ကို မျှဝေလိုက်ပါတယ်။
(1) လက်ရှိအလုပ်မှ သဘောကျတဲ့အချက်များနှင့် သဘောမကျတဲ့အချက်များကို စာရင်းပြုစုပါ။
- မိမိရဲ့ လက်ရှိအလုပ်နဲ့ ပက်သက်ပြီး သဘောကျတဲ့အချက်များနှင့် သဘောမကျတဲ့ အချက်များကို စာရင်းပြုစုပြီး ပြန်လည်သုံးသပ်လေ့လာပါ။
- အခုလို စာရင်းပြုစုပြီး ပြန်လည်သုံးသပ်ခြင်းမှတဆင့် အလုပ်များနဲ့ ပက်သက်တဲ့ ရှုထောင့်အမျိုးမျိုးနှင့် အလုပ်များထံမှ ရရှိနိုင်တဲ့ အခွင့်အလမ်းများကို ဝေဖန်အကဲဖြတ်နိုင်ပြီး အလုပ်ရှာဖွေတဲ့အခါ ထည့်သွင်းစဉ်းစားဖို့အတွက် များစွာအထောက်အကူပြုနိုင်ပါတယ်။
(2) အလုပ်လုပ်နေစဥ်မှာ ကျွမ်းကျင်မှုအသစ်များ နှင့် CV များကို ကြိုတင်ဖြည့်ဆည်းထားပါ။
- အလုပ်ပြောင်းတဲ့အခါမှာ လိုအပ်တဲ့ကျွမ်းကျင်မှုများ မရှိပါက အခက်အခဲများ ကြုံတွေ့ရနိုင်တာကြောင့် ကျွမ်းကျင်မှုအသစ်များကို ဖြည့်ဆည်းထားဖို့ကလည်း အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။
- ဒါကြောင့် လက်ရှိအလုပ်လုပ်နေစဥ်အတွင်းမှာ လိုအပ်တဲ့ ကျွမ်းကျင်မှုအသစ်များကို ဖြည့်ဆည်းထားဖို့လိုအပ်တဲ့အပြင် ပေါင်းသင်းဆက်ဆံရေး ၊ ပရောဂျက်စီမံခန့်ခွဲမှုနှင့် ပြဿနာဖြေရှင်းခြင်း ကျွမ်းကျင်မှု အစရှိတဲ့ စွမ်းရည်များကိုလည်း ကြိုတင်ဖြည့်ဆည်းထားသင့်ပါတယ်။
- မိမိရဲ့ လက်ရှိ အရည်အချင်းများ ၊ အတွေ့အကြုံများဟာ တခြားအလုပ်ခွင်ကို ပြောင်းရွှေ့နိုင်ဖို့အတွက် အခွင့်အလမ်းများကောင်းများ ဖြစ်ပေမဲ့ နောက်ထပ်လျှောက်ထားမယ့် အလုပ်နှင့် ကိုက်ညီတဲ့ ကျွမ်းကျင်မှုအသစ်များ၊ CV နှင့် LinkedIn ပရိုဖိုင်များကိုလည်း ပြန်လည်ပြင်ဆင်ထားရန် လိုအပ်ပါတယ်။
(3) ရွေးချယ်မှုများကို လေ့လာပြီး Career Development Plan တစ်ခု ပြုလုပ်ပါ။
- ကိုယ့်ရဲ့ စိတ်ဝင်စားမှုအပေါ် မူတည်ပြီးတော့ ရာထူးများနှင့် အလုပ်ခွင်များကို ရွေးချယ်မှုများ လုပ်ဆောင်ဖို့အတွက် Career Development Plan တစ်ခု ပြုလုပ်ထားသင့်ပါတယ်။
- Career အကူးအပြောင်းအတွက် Plan တစ်ခု ပြုလုပ်တဲ့အခါမှာ နည်းလမ်းကောင်းများထဲမှ တစ်ခုဖြစ်တဲ့ SMART နည်းလမ်းကို အသုံးပြုပြီး Career Development Plan တစ်ခုကို ရေးဆွဲနိုင်ပါတယ်။
- ဒါ့အပြင် မိမိရဲ့အစီအစဉ်များကို လုပ်ဆောင်ရန်အတွက် လိုအပ်တဲ့ အရင်းအမြစ်များကို သက်ဆိုင်ရာ နယ်ပယ်အတွင်းမှ ကျွမ်းကျင်သူများထံမှ ရယူနိုင်ပြီး Career Assessment များမှလည်း မိမိရဲ့ကျွမ်းကျင်မှုများကို ဆန်းစစ်နိုင်ပါတယ်။
- အခုလို လုပ်ဆောင်ခြင်းဖြင့် ရှင်းလင်းပြတ်သားပြီး လက်တွေ့ကျတဲ့ Career Development Plan တစ်ခုကို ဖန်တီးနိုင်တဲ့အပြင် တိုးတက်မှုများနှင့် ရလဒ်များကိုပါ ခြေရာခံနိုင်မှာဖြစ်ပါတယ်။
ဒါဆိုရင်တော့ ဒီအချက်လေးတွေကို ဖတ်ရှုရင်းနဲ့ Career အပြောင်းအလဲ လုပ်ဆောင်ဖို့အတွက် အထောက်အကူဖြစ်စေမဲ့ နည်းလမ်းကောင်းများကို သိရှိသွားကြမယ်လို့ ယုံကြည်ပါတယ်။
ဒါကြောင့် အဆိုပါ ဆောင်းပါးလေးကိုဖတ်ရှုရင်းမှတဆင့် လူငယ်များရဲ့ဘဝတိုးတက်ရေး ခရီးလမ်းမှာ အထောက်အကူဖြစ်စေဖို့အတွက် ရည်ရွယ်ရင်း အားလုံးနဲ့အတူ ဝေမျှလိုက်ပါတယ်။
Keep Reading