မောရိသျှ
အားလပ်ရက်ရှည်ရာသီတွေ သောကြာနေ့အထူးလျှော့ဈေးကာလတွေ ဒါမှမဟုတ် လွတ်လပ်ရေးနေ့ (Fourth of July) အထူးလျှော့ဈေးပွဲတော်အချိန်တွေမှာဆိုရင် ကျွန်တော်အမြဲလိုလို လုပ်လေ့ရှိတဲ့ အကျင့်လေးတွေရှိတယ်။ ကုမ္ပဏီတိုင်းက သူတို့ကုန်ပစ္စည်းတွေကို မဝယ်ဘဲမနေနိုင်အောင် ဆွဲဆောင် သွေးဆောင်နေကြတဲ့အချိန်မှာ ကျွန်တော်ကတော့ သူတို့ရဲ့ သွေးဆောင်မှုတွေကနေ ကြံ့ကြံ့ခံနိုင်အောင် ကိုယ့်ကိုယ်ကိုယ် သွေးထိုးပြန်စမ်းပြီး စိတ်ထိန်းချုပ်ဖြစ်တယ်။
ဒါကလည်း ဆေဏိကရဲ့ သင်ကြားချက်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် စမ်းဖြစ်တာပါ။ သူ့မိတ်ဆွေ လူစီးယုစ်ဆီ ပို့ထားတဲ့ စာတစ်စောင်အရဆိုရင် “ကိုယ့်စိတ်အလိုဆန္ဒကို ထိန်းချုပ်ထားပြီး ရောင့်ရဲတင်းတိမ်အောင် နေတတ်တဲ့ စိတ်နေစိတ်ခံထက် ချီးကျူးထိုက်တဲ့ အကျင့်ကောင်း မရှိဘူး” လို့ ပြောထားတော့၊ ကိုယ့်ကိုယ်ကိုယ် ပြုပြင်နိုင်အောင် ကြိုးစားဖြစ်တယ်ဗျ။
လူတွေက ကိုယ့်ရဲ့ ရုပ်ဝတ္ထု ပိုင်ဆိုင်မှုအတိုင်းအတာကို တန်ကြေးဖြတ်ပြီးမှ ကိုယ့်တန်ဖိုးကို သတ်မှတ်တတ်ကြတယ်ဗျ။ ဈေးကြီးတဲ့ လက်ပတ်နာရီတစ်ခု ပိုင်ထားရင် ကိုယ်တိုင်ကလည်း နာရီတန်ဖိုးအလိုက် တန်ဖိုးပိုရှိသလိုမျိုး မောက်မာချင်ကြတယ်။ တကယ်တမ်း အဲဒီလို ဖြစ်ကိုမဖြစ်သင့်တာပါဗျာ။
တန်ကြေးကြီးတဲ့ ကားပိုင်ဆိုင်ထားလို့၊ ဈေးကြီးပေးဝယ်ရတဲ့ ပိုက်ဆံအိတ်ကို ကိုင်နိုင်လို့၊ နာမည်ကျော် ဒီဇိုင်နာဆီ အချိန်ပေးအပ်ထားတဲ့ အပ်ထည်ဝတ်စုံဝတ်ရုံတွေကို ဝတ်နိုင်လို့၊ ထိပ်တန်းပညာရှင်ဆီ သီးသန့်အပ် ချုပ်လုပ်ထားတဲ့ ဖိနပ်မျိုးကို ဝတ်နိုင်လို့၊ ရုပ်သံအရည်အသွေး အမြင့်ဆုံး တီဗီမျိုးကို ဈေးကြီးပေး ဝယ်ကြည့်နိုင်လို့၊ ရှားရှားပါးပါး တန်ကြေးကြီးတဲ့ အသံစနစ်နဲ့ သီချင်းနားထောင်နိုင်အောင် စီစဉ်ထားနိုင်လို့ စသဖြင့် ပြင်ပပိုင်ဆိုင်မှုတွေရဲ့ တန်ကြေးကို ကိုယ့်ရဲ့ဘဝတန်ဖိုးအလား ယူဆမိကြတာက အလွန်မိုက်မဲရာကျပါတယ်။ လုံးဝ မဖြစ်သင့်ပါဘူး။
ပျက်စီးလွယ်ပြီး အဓိပ္ပါယ်မရှိတဲ့ သက်မဲ့ပစ္စည်းတန်ဖိုးကို ကိုယ့်တန်ဖိုးအဖြစ် ခံယူလိုက်တာက အမှန်တော့ အဆင့်အတန်းမဲ့ရာကျပါတယ်။ ကိုယ့်ရဲ့စိတ်ဓါတ်နဲ့ ခံယူချက်ကို အမြင့်ဆုံးထားပြီး ဘဝတန်ဖိုးအဖြစ်ခံယူသင့်တာကို အဖြစ်မရှိတဲ့ ကုန်ပစ္စည်းတန်ကြေးတွေနဲ့ တိုင်းတာမှတော့ ကိုယ့်လောက် ညံ့ဖျင်းတဲ့သူ မရှိနိုင်တော့ပါဘူး။
ဘဝမှာ ကိုယ်ပိုင်ကားအနေနဲ့ ပထမဆုံးအဖြစ် နာမည်ကျော်ကားတစ်စီး ဝယ်ဖူးတယ်ဗျ။ ၂၀၁၃ လောက်ကပါ။
မိသားစုစီးပွားရေးကနေ အမြတ်အချို့ ရခဲ့လို့ ဝယ်နိုင်ခဲ့တာပါ။ စုလို့ရလျက်သားနဲ့ မစုခဲ့ဘဲ V10 diesel engine ကားအကောင်းစားကို မလိုအပ်ဘဲ ဝယ်ခဲ့မိတယ်။ Volkswagen Touareg ဆိုတော့ လူထင်ကြီးစရာ ကားပါ။ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင် မာန်ပေါင်းတစ်ထောင်နဲ့ ချိုကြွခဲ့ပြီး အထင်ကြီးစိတ်နဲ့ မောင်းခဲ့တယ်။ လူတိုင်းလူတိုင်း ကျွန်တော့်ကို ဝိုင်းချီးကျူးကြတယ်။ မိုက်လှချည်လား။ လန်းတယ်ဟေ့။ မနာလိုလိုက်တာ စသဖြင့် ပြောမဆုံးမှုတွေ ချီးမြောက်မှုတွေမှာ သာယာခဲ့တယ်။
ကျွန်တော်ကတော့ ကြိတ်ပြီး ကျေနပ်နေတော့ “အိုး ကျေးဇူးပါ” မခံ့သလိုလိုနဲ့ ပြန်ဖြေခဲ့တယ်။ အဲဒီကားမျိုးကို ပိုင်ဆိုင်ခွင့်ရခဲ့လို့ တော်တော်ကိုမှ တော်တော်ကို ကျေနပ်ခဲ့တယ်။ အမှန်တော့ သေချာတွေးကြည့်လိုက်ရင် လူတွေရဲ့ ချီးကျူးမှုက ကျွန်တော်တို့ကို မဟုတ်ဘူးဗျ။ အဲဒီ သက်မဲ့ပစ္စည်းတွေကို ချီးကျူးနေတာ၊ ဒါပေမဲ့ ကျွန်
Unlock to read this premium article with 100 points.