မောရိသျှ
ကျွန်တော်ကြီးပျင်းခဲ့တဲ့ နယ်သာလန်မှာ လူအများပြောနေကျစကားတစ်ခွန်းရှိတယ်ဗျ “ဂေဆွန်ဗာရှ်စ်တန်”တဲ့။ တိုက်ရိုက်အဓိပ္ပါယ်ပြန်လိုက်ရင် “ကျန်းမာသောစိတ်” လို့ ဆိုလိုရင်းရှိတယ်။ အင်္ဂလန်မှာ ပြောနေကျ “အသိတရား” ဆိုတဲ့ စကားထက် အဲဒီ “ကျန်းမာသောစိတ်” ဆိုတာကို ကျွန်တော်ပိုကြိုက်တယ်။ မားခိုစ့် အောင်ရေးလီးယုစ်ရဲ့ အတွေးမှတ်စုကို ပထမဆုံးစဖတ်ဖြစ်တော့လည်း “ကျန်းမာသောစိတ်” နဲ့ ပတ်သက်တဲ့အပိုင်းအစလေးကို စာမြည်းခဲ့ရတာဆိုတော့ စိတ်ထဲစွဲနေတာ အခုထိပါ။
“မျက်လုံးအမြင်ကောင်းနေရင် တောက်လွန်းတဲ့အလင်းနဲ့ မိုက်လွန်းတဲ့အမှောင်ကို ကြိုမြင်သလို၊ အကြားအာရုံကောင်းနေသရွေ့ အသံဆိုးအသံကြောင်နဲ့ အသံသာအသံနာကို ကွဲသိသလို၊ အနံ့ခံအာရုံကောင်းနေသရွေ့ အနံ့ဆိုးအနံ့ပုပ်နဲ့ ရနံ့သာသာကွဲသိသလိုပါပဲ၊ ကိုယ်ခန္ဓာရဲ့ အာရုံအထိအတွေ့တွေ ကောင်းကောင်း အလုပ်လုပ်နေသရွေ့ ကြိုတင်ကာကွယ်သင့်တာကို လက်ဦးမဆွ ကာကွယ်နိုင်သလို၊ ကျန်းမာတဲ့ ဝမ်းမီး ဆာလောင်လာလည်း အပူအပင်မရှိ စိတ်အလိုရှိရာကို သုံးဆောင်နိုင်ကြတယ်၊ ကျန်းမာတဲ့ ကိုယ်ခန္ဓာရှိနေခြင်းက ခွန်အားတစ်ရပ်ဖြစ်ပြီး စစ်မှန်တဲ့ ရဲစွမ်းသတ္တိကို မွေးဖွားစေနိုင်စွမ်း ရှိတယ်၊ ထိုနည်းတူစွာပဲ ကျန်းမာတဲ့ စိတ်ရှိနေရင် ဘာကိုမဆို ရင်ဆိုင်နိုင်ပြီလေ။”
ကျန်းမာတဲ့စိတ်ရှိနေရင် ဘာကိုမဆို ရင်ဆိုင်နိုင်စွမ်း ရှိတယ်တဲ့။ သိပ်မှန်တာပေါ့။ ဒါပေမဲ့ ကျန်းမာတဲ့စိတ် မရှိရင် ဘာဖြစ်သွားနိုင်လဲ။ အသိတရားမရှိတဲ့သူဖြစ်သွားနိုင်သလား။ အကျိုးသင့် အကြောင်းသင့် မတွေးတတ်တာကို မကျန်းမာတဲ့စိတ်ရှိတာလို့ ပြောရမှာလား။ ကျွန်တော့်အမြင်အရကတော့ မကျန်းမာတဲ့စိတ်ဆိုတာတွေက အောက်ပါအတိုင်းပါပဲ။
(၁) အစိုးမရတဲ့အရာတွေအပေါ် ထိန်းချုပ်ဖို့ ကြိုးစားပြီး ပူပန်သောကများနေရမှု
(၂) မရေရာမသေချာမပီပြင်တဲ့ အနာဂတ်အခြေအနေတစ်ခုအပေါ် အတွေးများပြီး မပျော်နိုင်မှု
(၃) ဘယ်လောက်ပဲ အရေးပါအရာရောက်ပါစေ အဓိကပဓာန မခွဲနိုင်တော့ဘဲ တွေဝေပူပန်မိုက်မဲမှုနဲ့
(၄) အားမလိုအားမရ သိမ်ငယ်စိတ်ဝင်နေပြီး ဖြစ်မြောက်ရေးအတွက် အားထုတ်လိုမှုမရှိတဲ့ စိတ်မလုံခြုံမှုတွေပဲဖြစ်ပါတယ်။
ကိုယ့်မှာ အဲဒီစိတ်အခြေအနေ လေးမျိုးလုံး ရှိနေပြီဆိုရင် မကျန်းမာတဲ့စိတ်ရှိနေပါပြီ။ စိတ်နေမကောင်းပါဘူး။ ကုစားဖို့လိုပါတယ်။ ပြောခဲ့တဲ့ စိတ်အခြေအနေတွေရဲ့ ဆန့်ကျင်ဘက် စိတ်မျိုး မွေးနိုင်ရင်တော့ ကျန်းမာတဲ့စိတ်နဲ့ နေကောင်းတဲ့စိတ် ရှိပါတယ်။ သေချာတွေးကြည့်ရင် လူအများစုက စိတ်နေမကောင်းဖြစ်နေတတ
Unlock to read this premium article with 100 points.