တင်ညွန့်
လမ်းမပေါ်တွင် ယောင်လည်လည်နှင့် အသက် ၈ နှစ် ၉နှစ် အရွယ်ကလေးတစ်ယောက် လျှောက်သွားနေ သည်။ သူက စာသင်ကျောင်းတစ်ကျောင်းရှေ့အရောက်တွင် စာသင်ခန်းဝကိုသွားပြီး အထဲကိုချောင်းကြည့် နေမိသည်။ သူစာသင်ချင်နေသည်။
ထိုကလေးကို ၅ နှစ်သားအရွယ်တွင် သူ့မိခင်က သူ့ကို ဗျူနိုအေးရိစ်မြို့၊ ဘူတာရုံလမ်းထဲတွင် စွန့်ပစ်ထားခဲ့သည်။ ထိုကလေးကို မိခင်က မလိုချင်၊ ကလေးကို မည်သို့ပြုစုစောင့်ရှောက်ရမည်မှန်းလည်းမသိ၊ ကျွေးမွေးထား ရန်လည်း မတတ်နိုင်သောကြောင့်ဖြစ်သည်။
အစွန့်ပစ်ခံရသော ထိုကလေးသည် သူ့မိခင်ကို အမြဲမှတ်မိနေသည်။ ဝတ်ကောင်းစားလှဝတ်ထားသော သူ့မိခင်ပုံရိပ်ကို သတိရနေသည်။ သူ့ကိုထားခဲ့ပြီး နှုတ်ခမ်းဆေးဆိုးထားသော ပါးစပ်မှ “သွားတော့မယ်” ဟု နောက်ဆုံး နှုတ်ဆက်သွားသေးသည်။ ထိုအချိန်ကစပြီး သူ့ဘဝတွင် အခက်အခဲတွေ၊ အတားအဆီးတွေ၊ ဆူးငြောင့်လုတ်တွေအပြည့်နှင့် လမ်းပေါ်တွင် ကျင်လည်ခဲ့ရသည်။
လမ်းပေါ်တွင် ကြီးပြင်းခဲ့ရသောသူဖြစ်ရာ သူ့ဘဝတွင် လမ်းပေါ်ကသင်ခန်းတွေကို လေ့လာဆည်းပူးခဲ့ရသည်။ လှပသော၊ နာကျင်ဖွယ်ကောင်းသော၊ မေ့ဖျောက်၍မရနိုင်သော အဖြစ်အပျက်ပေါင်းများစွာကို သူကြုံတွေ့ခဲ့ရ သည်။ သူ့အကြောင်းရေးသူတစ်ဦးက သူကြုံတွေ့ခဲ့ရသော ခါးသည်းဖွယ်ရာအဖြစ်အပျက်များကို အချိန်က ကုစားပေးသွားသည်ဟု ရေးခဲ့ခြင်းအား သူလက်မခံခဲ့ပေ။ ထိုအဖြ်အပျက်များမှာ သေသည့်အထိမမေ့ နိုင်သော အဖြစ်အပျက်များဟု သူကမှတ်ယူထားသည်။
အသက် ၈ နှစ် အရွယ်ခန့် ကလေးတစ်ယောက်ကို သူကျင်လည်နေရသည့် သူ့ပတ်ဝန်းကျင်မှ ရုန်းထွက် နိုင်အောင် မနည်းကြိုးပမ်းနေရသည်။ သူ့မှာ ဘာပြီးရင် ဘာလုပ်ရမည်ဆိုသည့် အချိန်ဇယားမရှိ။ သူ့ကို ထိန်းကျောင်းပဲ့ပြင်ပေးမည့် အုပ်ထိမ်းသူလည်းမရှိ။ ဘာလုပ်လိုက်ပါလားဟု ပြောပေးမည့် မိခင်လည်းမရှိ။ သူများကလေးတွေမှာ အချိန်တန် အိမ်ပြန်၊ စားရန်အသင့်၊ အိပ်ရန်အသင့်ဖြစ်သော်လညး သူ့မှာ ထိုအခွင့် အရေးတွေမရှိခဲ့။ သူ့ကို အခြားကလေးတွေက လွတ်လပ်သောသူဟူ၍ အားကျနေသော်လည်း သူက ထိုကလေးတွေကို ပြန်ပြီးအားကျနေမိသည်။ သူ့သူငယ်ချင်းတွေက အိမ်ပြန်တော့မယ်ဟု သူ့ကို နှုတ်ဆက် သွားချိန်တွင် သူက စားသောက်ဆိုင် မှန်ပြတင်းကို မျက်နှာလေးကပ်ပြီး သူတို့အပြန်လမ်းကို ငေးကြည့်ကာ မနာလိုစိတ်တွေဝင်နေမိသည်။
သူ့ကို တရားရုံးက မိသားစုတစ်ခု သို့မဟုတ် လူငယ်ဂေဟာတစ်ခုတွင် သွားရောက်နေထိုင်စေဟု ဆုံးဖြတ်ခဲ့ သည်။ သို့သော် ထိုကလေးက တရားရုံးကို တစ်ခုပဲတောင်းဆိုသည်။
“ကျွန်တော် ကျောင်းတက်ချင်တယ်”
သူ့ကို တရားရုံးက
“မင်း ဘယ်မှာ နေမလဲ” ဟု မေးသည်။ သူက
“ကျွန်တော့်ဘာသာ နေမယ်။ ကိုယ့်ဘဝ ကိုယ်ထိန်းကျောင်းမယ်”
ထိုကလေးသည် အဝတ်အစားအနည်းငယ်နှင့် ကျောင်းတက်ပြီး ဆင်းရဲပင်ပန်းစွာဖြင့် ဘဝကို ဖြတ်သန်းခဲ့ရ သည်။ စာရေးစရာ ခဲတံပင်မရှိသဖြင့် ဆရာ့ထံက တောင်းသုံးရသည့် အဖြစ်ကို ကြုံတွေ့ခဲ့ရသည်။ ညနေ ကျောင်းလွှတ်လျှင် အမျိုးသားစာကြည့်တိုက်ကိုသွားပြီး အိမ်စာတွေလုပ်သည်။ စာရေး၊ စာဖတ်သည်။
ထိုသို့ ဘဝကို ခက်ခဲစွာဖြင့် ကလေးဘဝကတည်းက ရုန်းကန်ခဲ့သူကို မည်သူထင်ပါသနည်း။
သူ့ကို ၁၇၄၃ ခုနှစ် ဧပြီ ၁၃ ရက်နေ့တွင် မွေးဖွားသည်။ အမေရိကန်ပြည်ထောင်စုတွင် ၁၈၀၁ ခုနှစ်မှ ၁၈၀၉ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
သူသည်ကား သောမတ်စ် ဂျက်ဖာဆင်ဆိုသူဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏ တတိယမြောက် သမ္မတကြီးဖြစ်ပြီး ၁၈၂၆ ခုနှစ် ဇူလိုင် ၄ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
တင်ညွန့်
၂၃.၁.၂၀၂၅
Keep Reading