မိုးနှောင်းအလင်္ကာ
ဘဝမှာ တစ်ခါဘဲသေရပေမဲ့ နှစ်ခါသေရသလို၊ သိပြီးသား၊ဖြစ်ပြီးသားကိစ္စကို နောက်ထပ်တစ်ခါ
ထပ်ရှုံးနိမ့်ရတာဟာ နှစ်ခါသေရတာနဲ့ အတူတူပါဘဲ။
ဒီနေ့မှာတော့ သင်ဘာကြောင့် နှစ်ခါရှုံးနေရလဲဆိုတဲ့ အကြောင်းအရင်းကို ရှာဖွေပေးမှာဘဲဖြစ်ပါတယ်။ နှစ်ခါရှုံးတယ်ဆိုတာ ဘာကြောင့်ပါလဲ။
အဓိကအကြောင်းအရင်းက သင်ရဲ့ ကြောက်စိတ်ပါ။ ကြောက်ရင်နှစ်ခါရှုံးရတယ်။
"တစ်ခါက တောထဲက ရေတံခွန်ကြီးမှာ ဖားတွေအုပ်စုလိုက်ဖွဲ့နေကျသတဲ့။ ဖားတွေထဲမှာ ဖားဘုရင်ဆိုတာကိုလည်း ၃နှစ်တစ်ကြိမ်ရွေးချယ်ကြတယ်။ ဖားဘုရင်ရွေးချယ်တယ်ဆိုတာဟာ စိန်ခေါ်မှုတစ်ခုပါ။ လက်ရှိဖားဘုရင် လက်ထပ်မှာ ၃ကြိမ်တိတိဖားဘုရင် ရွေးချယ်ခဲ့ကြသော်လည်း မည်သူမျှ စိန်ခေါ်မှုကို မအောင်မြင်ခဲ့ပါဘူး။
ဖားဘုရင် ရွေးချယ်ပွဲရဲ့ စိန်ခေါ်မှုဟာ အထက်မှအောက်သို့ စီးဆင်းနေတဲ့ ရေတံခွန် အပေါ်ကို တွယ်တတ်ရမှာဘဲဖြစ်တယ်။ သိပ့်လည်း အန္တရာယ်များသလို၊ အာရုံစူးစိုက်မှု၊ရဲရင့်မှု၊ကျွမ်းကျင်မှုတို့ ရှိမှရောက်နိုင်မှာဖြစ်တယ်။ ဒီတစ်ခါ ဖားဘုရင်ရွေးချယ်ပွဲမှာတော့ ထူးဆန်းတဲ့ဖားတစ်ကောင် ပါလာခဲ့တယ်။ အဲ့ဒီဖားရဲ့ခြေထောက်ဟာ ပေါင်အရင်းထိကျိုးနေခဲ့တယ်။
ဖားတိုင်းက "ဟေ့ပေါင်ကျိုး မင်းပြုတ်ကျရင် နောက်ထပ်ပေါင်တစ်ကျောင်း ကျိုးနေပါအုံးမယ်" လို့ စနောက်လှောင်ပြောင် ကျပေမဲ့ သူက ဂရုမစိုက်။
ဖားခြေကျိုးလေး အပါအဝင် တခြားဖားအကောင်ကြီးများ ငါးကောင်တိတိဝင်ပြိုင်ကြသည်။
ရေတံခွန်ပေါ်ကို အလုအယက် တတ်ကြပေမဲ့ ဖားခြေကျိုးကလေးဟာ သေချာပြင်ဆင်ပြီး ဖြေးဖြေးချင်းစတတ်သည်။ တခြားဖားကြီးများက သန်မာမှုကိုအသုံးပြု၍ တတ်နေသောလည်း ပြုတ်ကျလျှင် ဖားဖြစ်ရှုံးမှာကြောက်နေကြသည်။ သို့ပေမဲ့ ဖားခြေကျိုးလေးကတော့ ဆက်တတ်မြဲတတ်နေဆဲ။ ကြောက်စိတ်စိုးစိမျှတောင် မမြင်ရ။ ကြာလာတော့ တခြားဖားတွေ တစ်ကောင်ကြီးတစ်ကောင် ပြုတ်ကျပေမဲ့ ဖားခြေကျိုးကလေးကတော့ တတ်နေဆဲ။
နောက်ဆုံးတော့ ဘုရင် ဖြစ်သွားလေသတည်းပေါ့ဗျာ။ ဘယ်လောက် ခွန်အားကြီးနေပါစေ။ ဘယ်လောက် ကျွမ်းကျင်နေပါစေ။ဘယ်လောက်ပြီးပြည့်စုံနေပါစေ။ စိတ်ခွန်အားမရှိရင် နှစ်ခါရှုံးပါလိမ့်မယ်။
ဒါ့ကြောင့် လုပ်စရာရှိတာ ကိုလုပ်ပါ။ ပတ်ဝန်းကျင်ကိုမကြောက်နဲ့၊မဖြစ်မှာကို မကြောက်နဲ့၊ မလုပ်နိုင်မှာကို မကြောက်နဲ့ ၊ မကြောက်ပါနဲ့ ကြောက်ရင် နှစ်ခါရှုံးတတ်ပါတယ်။ ကြောက်တတ်တဲ့ကောင်ကတော့ နှစ်ခါရှုံးရလေပြီပေါ့ဗျ။
ဘဝမှာ အခတ်အခဲ အတားအဆီးမှန်သမျှကို ကြောက်နေရင် ဘယ်ခရီမှ မရောက်နိုင်တော့ပါဘူး။လမ်းလျှောက်ပါရဲ့ ခရီးမရောက်တော့ နှစ်ခါရှုံးတာပါဘဲ။ ဘဝမှာ နှစ်ခါမရှုံးပါစေနဲ့။
# မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)
(စာဖတ်သူတစ်ဦးတစ်ယောက် ချင်းစီတိုင်းအာ အထူးပင်ကျေးဇူးတင်ရှိပါသည်။)
Keep Reading