မိုးနှောင်းအလင်္ကာ
နှစ်တစ်နှစ်ကုန်ဆုံးသွားတိုင်း အောင်မြင်မှုတစ်ခုရအောင်လုပ်ပါ။ ကျန်ခဲ့တဲ့နှစ်မှာ ကျေနပ်လောက်တဲ့ အောင်မြင်မှုမရခဲ့ရင် ဒီနှစ် ကျေနပ်တာထက်ပိုတဲ့ အောင်မြင်မှုမျိုး ရအောင်ယူမယ်လို့ဆုံးဖြတ်ထားပါ။
"to day my day" ဒီနေ့ဟာ ငါ့နေ့ဘဲ။ ဒီနေ့သိရင် ဒီနေ့စပါ။ မလုပ်နိုင်မှာ ကြောက်နေရင် ဘာမှဖြစ်တော့မှာမဟုတ်ပါဘူး။
မနက်ဖြန်တိုင်းဟာ ငါရဲ့နေ့ရက်များဖြစ်သလို ဒီနေ့ဟာလည်း ငါ့နေ့ဆိုတာ မမေ့ပါနဲ့။ မနက်ခင်းတိုင်းကို သန်မာစွာနိုးထပါ။ မိမိရဲ့ စိတ်ကိုအနိုင်ယူပါ။
" မခုတ်တတ်တဲ့ကြောင် အစာငတ်တယ်၊ မသွားတတ်တဲ့ယုန်ကျော့ကွင်းမိရဲ့၊ ကြောက်တတ်တဲ့ကျား အစားခံရမည်။" တဲ့ဗျာ။
"တစ်ခါက တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်ကြီးဟာ မင်းသား သုံးပါးကို တောဘုရင် အားအရှင်ဖမ်းနိုင်သူကို အိမ်ရှေ့စံရာထူး နှင်းအပ်မည်ဟု မိန့်ကြားလေသည်။ မင်းသားများလည်း စစ်သည်များခေါ်၍ တောဘုရင်ခြင်္သေ့အား သွားရောက်ဖမ်းဆီးလေရာ အကြီးဆုံးသားမှာ ဖမ်း၍မရခဲ့ပေ။
ထို့အတူ ဒုတိယသားတော်ဟာလည်း လက်တစ်ဖက်ထိခိုက်လာသည်မှလွဲ၍ ဖမ်းမရခဲ့ပါ။ နောက်ဆုံးကျန်သော သားတော်ငယ်မှာ ဒဏ်ရာများ ခန္ဓာကိုယ်အနှံအပြားတွင် ရှိနေသလို လက်ထဲတွင် ခြင်္သေ့ရဲ့ လည်ဆံမွှေးများ ကိုင်ဆောင်လာသည်။
သားတော်ငယ်က "ဖခမည်းတော် တောဘုရင် ခြင်္သေ့သည် သားတော်အား ကြောက်ရွံစွာထွက်ပြေးသွားပါသည်။ သို့သော် ခြင်္သေ့၏ လည်ဆံမွှေးကိုတော့ ပါအောင်ယူခဲ့ပါသည်"ဟုလျှောက်ထားလေသည်။
ဘုရင်ကြီးလည်း သားတော်ငယ်ကိုအလွန်ဘဲ ကျေနပ်ဝမ်းမြောက်စွာ အိမ်ရှေ့စံအရာ ပေးအပ်လိုက်လေသည်။ အဘယ့်ကြောင့်ဆိုသော ကျန်သားတော်နှစ်ပါးမှာ ခြင်္သေ့အား ကိုယ်တိုင်မတိုက်ခိုက်ဘဲ စစ်သည်များသာ လွှတ်၍ ဖမ်းခိုင်းခြင်းကြောင့်ဖြစ်တယ် ။ ကြောက်တတ်တဲ့ မင်းသားဟာ ဘုရင် တစ်ပါးမဖြစ်နိုင်။
ကျွန်တော်တို့တွေ ကြောက်နေလို့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ရင်ဆိုင်ဖြေရှင်းတာဟာ အကောင်းဆုံးနည်းလမ်းပါ။ မလုပ်နိုင်မှာ ကြောက်နေရင် မင်းဘာမှလုပ်ဖြစ်မှာမဟုတ်ပါဘူး။
" မခုတ်တတ်တဲ့ကြောင် အစာငတ်တယ်၊ မသွားတတ်တဲ့ယုန်ကျော့ကွင်းမိရဲ့၊ ကြောက်တတ်တဲ့ကျား အစားခံရမည်။" တဲ့ဗျာ။
တစ်ခုခြင်းရှင်းရမယ်ဆိုရင် မခုတ်တတ်တဲ့ကြောင် အစာငတ်တယ် ဆိုတာက ကြောင်တစ်ကောင် ဖြစ်ပါလျှက် ကြွက်မခုတ်တတ်လျှင် လူတစ်ယောက်ဖြစ်ပါလျှက် အလုပ်မလုပ်တတ်ရင် ဝမ်းရေးအတွက် ခတ်ခဲတတ်တယ်။ တစ်နည်းအားဖြင့် ငတ်တတ်တယ် လို့ဆိုလိုတာပါ။
မသွားတတ်တဲ့ယုန် ကျော့ကွင်းမိရဲ့ ဆိုတာက ယုန်တွေဟာ အစာအတွက် နှခေါင်းရှုံ့ တတ်ပေမဲ့
အန္တရာယ် အနံကိုတော့ မရကြပါဘူး။ ဒါ့ကြောင့် မသွားတတ်တဲ့ယုန်လို အစာဘဲမြင်ပြီး ထောင်ချောက် မမြင်ရင်တော့ ကျော့ကွင်းမိမှာပါဘဲလို့ ဆိုလိုတာဖြစ်ပါတယ်။
ကြောက်တတ်တဲ့ကျား အစားခံရမည် ဆိုတာက ကျားဆိုတဲ့ သတ္တဝါမျိုးဟာ ရဲရင့်ကြတယ်။ အဲ့ဒီလို ရဲရင့်တဲ့ကျားဟာ အကြောက်တရားမရှိသင့်ပါဘူး။ အဲ့လိုဘဲ လူလည်း ထက်မြက်တဲ့လူဆိုရင် မဖြစ်မှာ မလုပ်နိုင်မှာကို မကြောက်တတ်ပါဘူး။ ကြောက်တယ်ဆိုရင် ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူးဆိုတာကို ပြောတာဘဲဖြစ်ပါတယ်။
ဒါ့ကြောင့် နှစ်သစ်မှာ ဒီစကားလက်ဆောင် သုံးခွန်းကိုယူသွားပါ။ ကြောင်ဖြစ်ရင် ကြွက်ခုတ်တတ်ပါစေ၊ ယုန်ဖြစ်ရင် ကျော့ကွင််းမြင်ပါစေ၊ ကျားဖြစ်ချင်ရင်တော့ မကြောက်တတ်ဖို့ သင်ယူပါလေ။
#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)
(စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီ တိုင်းအား အထူးကျေးဇူးတင်ရှိပါသည်)
Keep Reading