dawna
ဆန္ဒနှင့်ဘဝတစ်ထပ်တည်းကျဖို့ဆိုသည့် ရည်ရွယ်ချက်မျိုးကျွန်တော့်တွင်ရှိသည်။ မိမိလုပ်ချင်သည်ကို လုပ်ချင်သောအချိန်တွင် လုပ်ချင်သောနေရာ၌ လုပ်နိုင်သည့် ဘဝမျိုးကို ဆန္ဒရှိသည်။ ၎င်းမှာ ကျွန်တော်ရှာဖွေနေသော လွတ်လပ်မှုမျိုးလည်းဖြစ်သည်။ သို့ရာတွင်ထိုဘဝမျိုး တည်ဆောက်ယူဖို့တော့ အရင်းအနှီးကြီးလှကြောင်းကိုမူ နားလည်ပါသည်။
အချိန်အများစုတွင် လုပ်ချင်သည်နှင့် လုပ်သင့်သည်များ အပြိုင်အဆိုင်ရွေးချယ်ရသည်။ မိမိရွေးချယ်မှုတိုင်းသည်လည်း ဘဝကို ပုံဖော်သည်ဟူ၍။ ထို့ကြောင့် တကယ် ဘဝကို စီမံခြင်းဆိုသည်မှာလည်း မိမိလုပ်ချင်သည်နှင့် လုပ်သင့်သည်များကို ကောင်းစွာနားလည်ခွဲခြားနိုင်ခြင်းမျိုးဖြစ်မည်။
ဤတွင် ကျွန်တော်သင်ယူခဲ့သည်မှာ လုပ်ချင်သည်နှင့်လုပ်သင့်သည်တို့ ယှဉ်လာတိုင်း လုပ်သင့်တာကို အရင်ဦးစားပေးဖို့ဖြစ်သည်။ လုပ်သင့်သောကိစ္စများကို အပြီးအစီးလုပ်ခြင်းကြောင့် လုပ်ချင်သည်တွေအတွက် အချိန်ရလာသည်ဟူ၍ နားထောင်မှတ်သားခဲ့ပါ၏။
ဒေါန
အင်္ဂါ။
Keep Reading