Maru
မင်္ဂလာပါရှင်
စာရေးသူမာရုပဲဖြစ်ပါတယ်ရှင်။
အခုနောက်ပိုင်းမှာဆိုရင် စာချစ်သူတွေထဲက စာရေးရတာဝါသနာပါသူတွေ၊ စာရေးရတာကိုနှစ်သက်သူတွေ မြောက်များစွာကိုတွေ့ရှိလာပါတယ်။ အဲလိုစာရေးသားချင်သူတွေ၊ စာရေးချင်တယ်ဆိုတဲ့သူတွေက ကျွန်မTelegram account မှာလာရောက်မေးမြန်းကြတာတွေရှိပါတယ်။
-စာရေးချင်တယ် ဘယ်မှာရေးသားလို့ရမလဲ။
-Sarphat appကို ဘယ်လိုအသုံးပြုရမလဲ။
- Top 10 Chart ဆိုတာဘာလဲ။
- Blue Mark ကရော ဘယ်လိုလျှောက်ထားနိုင်မလဲ စတဲ့စာရေးချင်သူတို့သိချင်တဲ့ မေးခွန်းတွေအားလုံးကို ဒီဆောင်းပါးလေးကနေ ပြောပြပေးသွားပါမယ်ရှင်။
-စာရေးချင်တယ် ဘယ်မှာရေးသားလို့ရမလဲ။
စာတွေကိုဘယ်မှာရေးသားမျှဝေလို့ရမလဲလို့မေးလာရင် ကျွန်မကတော့ Sarphat app ကိုညွှန်းပေးမှာပါ စာချစ်သူတို့ရေ။ ဘာကြောင့်လဲဆိုတော့ Sarphat ဟာ လူငယ်တွေရဲ့ အတွေးအခေါ်တွေ၊ ခံစားမှုရသတွေ၊ ဗဟုသုတတွေကို ရေးသားမျှဝေနိုင်တဲ့အပြင် ကိုယ်ရဲ့အရည်အချင်းတွေကိုအသိအမှတ်ပြုပေးတဲ့နေရာတစ်ခုဖြစ်လို့ပါပဲ။ လစဉ် Top 10 Chart ကြောင့်လည်း ရင်ခုန်စိတ်လှုပ်ရှားရမှာဖြစ်ပါတယ်။ စာဖတ်သူလေးတွေအတွက်လည်း သင့်တော်တဲ့ appလေးတစ်ခုဖြစ်ပါတယ်။
-Sarphat appကို ဘယ်လိုအသုံးပြုရမလဲ။
Sarphat app ကို play store/ App store ကနေ download ဆွဲယူအသုံးပြုနိုင်ပါတယ်ရှင်။ downပြီးရင် account ဝင်ရပါမယ်ရှင်။
Account ဝင်မယ်ဆို
-ပထဆုံး Sign up ဝင်ရပါမယ်ရှင်။
ဒီနေရာမှာ စာချစ်သူလေးတို့အများဆုံးလုပ်မိတဲ့ အမှားလေးတစ်ခုရှိပါတယ်။အဲတာကတော့ Sign upမဝင်ဘဲ log in ဝင်မိကြခြင်းပါဘဲရှင်။
Sign up ဝင်ပြီးပြီဆိုရင် စာချစ်သူလေးတို့က စာရေးမှာဖြစ်တဲ့အတွက်ကြောင့်
- Author အဆင့်မြှင့်ပေးရပါမယ်ရှင်
-Profileထဲဝင်ပါရှင်
-Become an Author လေးထဲဝင်ပြီး Upload profile picture တင်ပါရှင်
-နောက်တစ်ဆင့်မှာတော့ Kpay Noဖြည့်ရပါလိမ့်မယ်ရှင်။ ဒီနေရာမှာ Kpay Noမရှိဘူးဆိုရင်လည်းရပါတယ်ရှင်။Kpay Noအစား ရိုးရိုးဖုန်းနံပါတ်တစ်ခုနဲ့ နာမည်တစ်ခုဖြည့်သွင်းလိုက်ရင်ရပါတယ်ရှင်။
-ဒါဆိုရင်တော့ Author အဆင့်မြှင့်ပြီးသွားပါပြီရှင်။
-အဝါရောင်အပေါင်းလေးကိုနှိပ် စာတင်ရင်ရပါပြီရှင်။
ဆောင်းပါးတွေကိုတင်ရာမှာ ပိုက်ဆံမပေးရပါဘူးရှင်။
Freeနဲ့ premium 2မျိုး 2စားတင်ခွင့်ရှိပါတယ်ရှင်။
Freeနဲ့တင်မယ်ဆိုရင် စာဖတ်သူလေးတို့ကစာကို Freeဖတ်ခွင့်ရှိမှာဖြစ်ပြီး စာချစ်သူတို့ရဲ့ဆောင်းပါးဟာလည်းဖတ်ရှုသူပိုများစေမှာဖြစ်ပါတယ်။
Premium နဲ့တင်မယ်ဆိုရင်တော့ စာချစ်သူတို့ရဲ့ဆောင်းပါးကို စာဖတ်သူလေးတွေက point နဲ့ဝယ်ဖတ်ရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ စာချစ်သူတို့ဘက်ကနေ point တွေရရှိပြီး ငွေသားနဲ့ပြန်လဲလှယ်နိုင်မှာဖြစ်ပါတယ်ရှင်။
ကျွန်မကတော့ Freeပဲတင်တာများပါတယ်ရှင်။
-Top 10 Chart ဆိုတာဘာလဲ။
Sarphat app ကနေလစဉ်လတိုင်း စာချစ်သူတို့ဝင်ငွေရစေဖို့ Top 10 Chart အစီစဉ်လေးကိုပြုလုပ်ပေးနေကြပဲဖြစ်ပါတယ်။ ဒီအစီစဉ်လေးမှာဆို စာချစ်သူတို့ရဲ့ဆောင်းပါးတွေထဲကနေ စည်းမျဉ်းစည်းကမ်းညီတဲ့ ဆောင်းပါး ၁၀ပုဒ်ကို ရွေးချယ်ပြီးပြုလုပ်ပေးတာဖြစ်ပါတယ်။ Top 10 Chart ထဲဝင်သူတွေက
ပထဆု ၁၅၀၀၀၀
ဒုတိယဆု ၁၀၀၀၀၀
တတိယဆု ၅၀၀၀၀
Rank 4ကနေ Rank 10ထိကတော့ ဆုတွေကို အိမ်တိုင်ရာရောက်ပို့ပေးပါတယ်ရှင်။
Top 10 Chart စည်းမျဉ်းကတော့
- Followers 10ယောက်ရှိရပါမယ်။
- Articles 10ပုဒ်ရှိရပါမယ်ရှင်။
-တစ်ဦးကို တစ်ဆုပဲရပါတယ်ရှင်။
ကျန်တဲ့အသေးစိတ်ကိုတော့ Sarphat Page မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင်။
? Followers 10 & Articles 10ပုဒ်ရှိတဲ့သူတိုင်းရဲ့ ရေးနေသမျှဆောင်းပါးတိုင်းဟာ ဆုစာရင်းထဲဝင်နေမှာဖြစ်ပါတယ်။ ကိုက်ညီရင်တော့ရွေးခံရမှာပါရှင်။
-Blue Markကတော့ ကျွန်မကိုယ်တိုင်အခုထိလျှောက်ထားဆဲမို့ စာချစ်သူလေးတို့ကို အနည်းငယ်သောစည်းမျဉ်းလေးကိုတော့ပြောပြပေးပါမယ်ရှင်။ Blue Markလျှောက်မယ်ဆို
- Followers 100ရှိရပါမယ်ရှင်
- Articles 30 ရှိရပါမယ်ရှင်
- premium point 300ရှိရပါမယ်ရှင်
အခုမှစာစရေးမယ့်စာချစ်သူလေးတို့အနေနဲ့ Blue Mark ကိစ္စထက် စာရေးသားမှုကိုပဲ အာရုံစိုက်စေချင်ပါတယ်ရှင်။
အခုလောက်ဆို စာချစ်သူတို့အနေနဲ့ Sarphat app အကြောင်း သိရှိနားလည်စွာ အထာကျကျ" အသုံးပြုတတ်မယ်လို့ မျှော်လင့်မိပါတယ်။
စာရေးရတာကိုဝါသနာပါတယ် ဒါပေမယ့် Sarphat မှာမတင်ရဲဘူး ကြောက်တယ် အခုလိုမျိုးစာချစ်သူတွေကိုလည်းတွေ့ရှိရပါတယ်။ စာချစ်သူတို့ရဲ့ စာအရေးသားကို ဖတ်ကြည့်တဲ့အခါမှာလည်း ကောင်းမွန်နေတာတွေ့ရှိရပါတယ်။
ကိုယ်ကဝါသနာပါတယ် ရည်မှန်းချက်လည်းရှိတယ်ဆို စတင်ဖို့အကြံပြုချင်ပါတယ်ရှင်။ ဘာမှမစတင်ဘဲနေနေတာထက် စတင်ပြီးလျှောက်လှမ်းစေချင်ပါတယ်ရှင်။
ကျွန်မတုန်းကလည်း ဝါသနာကြောင့် ဘာမှစဉ်းစားမနေဘဲရေးပြီးတင်ရာကနေ ခုလို ဆုတွေရတဲ့အခြေနေထိဖြစ်လာရခြင်းပါပဲရှင်။
စတင်ဖို့မကြောက်ပါနဲ့"
စတင်ကြည့်ပါ"
နောင်တ တရားမှာဆိုရင်
စတင်ပြီးမှ ရလာတဲ့နောင်တတရားထက်
မစတင်ဘဲရလာတဲ့ နောင်တတရားက
မင်းကိုပိုပြီးနာကျင်စေရပါလိမ့်မယ်။
တကယ်လို့ ကျွန်မပြောပြခဲ့တဲ့ထဲကနေအခက်အခဲတစ်ခုခုဖြစ်စေ/ နားမလည်၍ဖြစ်စေ / အကူညီအကြံဉာဏ်တောင်းချင်ရင်ဖြစ်စေ Telegram acc မှာလာရောက်ဆက်သွယ်နိုင်ပါတယ်ရှင်။
Sarphat Telegram Channel link - https://t.me/+y2xsjOMp3K80MWZl (Sarphat telegram channel နဲ့comment gpကို joinထားရင်ကောင်းပါတယ်ရှင်)
Maru Telegram acc - @Author_Maru
သာယာသောနေ့လေးဖြစ်ပါစေရှင်❤️
စာချစ်သူလေးများအားအစဥ်ချစ်ခင်လေးစားကျေးဇူးတင်လျက်...
September.25.2024.Wed(22:29)
Maru(မာရု)
Keep Reading