မောရိသျှ
ဘယ်သူမဆို ကိုယ့်အကြောင်းကိုယ် သိပြီးသားပါ၊ ကိုယ့်အနေနဲ့ ဘယ်နေရာတွေမှာ အသုံးကျပြီး ဘယ်လိုနေရာမှာ နည်းနည်းမှ သုံးစားမရတာကိုလည်း ကိုယ်တိုင်ကလွဲ ဘယ်သူမှ ပိုမသိနိုင်ပါဘူး။ တခါတလေ ကိုယ့်ကိုယ်ကိုယ် မအောက်မေ့ဘဲနဲ့တောင် တချို့နေရာမှာ ဘာတွေဆိုရင် လုပ်နိုင်မှာ မဟုတ်ဘူး၊ ဘာတွေဆိုရင် နည်းနည်းမှ အသုံးကျမှာမဟုတ်မှန်း ကိုယ်တိုင်က သိပြီးသားပါ။ ကျွန်တော်လည်း ကိုယ်တိုင်ရေးထိုးခဲ့တဲ့ သမိုင်းအချို့ရှိပါတယ်၊ အသုံးမကျမှုများစွာနဲ့ အဆုံးသတ်ခဲ့တဲ့ ဇာတ်လမ်းတွေကို ပြန်အောက်မေ့လိုက်တိုင်း အရှက်ရလို့မဆုံးပါဘူး။
ကိုယ်ပိုင်ဘလော့ဂ်လေးနဲ့ ပညာရှင်အဆင့်စာရေးဆရာကြီးဖြစ်အောင် လုပ်မယ်ဆိုတဲ့အတွေးနဲ့ စာတွေစရေးဖြစ်တော့ တခြားအပြင်အလုပ်လေးတွေ ရှာလုပ်ခဲ့သေးတယ်။ စာရေးတာတစ်မျိုးတည်းနဲ့ အဆင်မပြေတဲ့ အခေါက်တိုင်း အပြင်အလုပ်ရှာလုပ်ဖြစ်ခဲ့တယ်။ တခါတလေ ကိုယ်ပိုင်အလုပ်နဲ့ ရောင်းဝယ်ရေးလည်း လုပ်ခဲ့ဖူးတယ်။ ပထမဆုံးကိုယ်ပိုင်လုပ်ငန်းအဖြစ် ကုန်ပစ္စည်းအချို့ ရောင်းဝယ်ရေးလုပ်ခဲ့တုန်းကဆိုရင် မှန်းထားတဲ့ပမာဏကို မရောက်လို့ အဆင်မပြေဖြစ်တိုင်း အလုပ်လုပ်ချင်စိတ်ကုန်ပြီး လက်လျှော့ဖို့ရာ ခဏခဏ တွေးဖြစ်ခဲ့တယ်။ “ထားလိုက်ပါတော့ ခက်နေတာကို တခြားအလုပ်ရှာလုပ်လိုက်တာကမှ လစာနဲ့ ကာမိပြီး အဆင်ပြေချင် ပြေလောက်တယ်” စသဖြင့် တွေးမိခဲ့တာတွေ အကြိမ်ရေမနည်းဘူး။
လခစား အပြင်အလုပ်ရှာလုပ်မယ်ဆိုပြီး ဟိုဟိုဒီဒီ ရှာဖြစ်တော့ ခေါင်းထဲ အတွေးတစ်ခုဝင်လာတယ်၊ ကိုယ့်ကိုယ်ကိုယ် လက်လျှော့လိုက်ဖို့ တွေးဖြစ်တိုင်း လက်လျှော့ဖြစ်သွားရင်ဖြင့် ဘာလို့များ ကိုယ့်ကိုယ်ကိုယ် အားပေးဖို့အတွက်ကျတော့ မတွေးဖြစ်တာလဲပေါ့။ ဟုတ်လည်း ဟုတ်သားပဲလေ။ လက်လျှော့လိုက်ဖို့ တွေးဖြစ်လိုက်ရုံနဲ့ အဆင်မပြေတာတွေကို တခြားတစ်ခုခုနဲ့ အစားထိုးဖို့ ကြိုးစားမိတတ်တယ်။ ဒါပေမဲ့ ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကိုယ် အားပေးပြီး အားတင်းထားဖို့ တောင့်ခံထားဖို့ ဆက်ကြိုးစားဖို့ အားမပေးဖူးဘူး။ သေချာသလောက် အောင်မြင်မှုဆိုတာက လွယ်လွယ်တော့ မရဘူးလေ။ ဒါကို သိပြီးသားပဲ။ စိတ်ရှည်မှပေါ့။ သည်းခံမှပေါ့။ တောင့်ခံနိုင်မှ အားတင်းထားနိုင်မှ အဆင်ပြေနိုင်မှာ သိလျက်နဲ့ အလွယ်လမ်းလောက်ကိုပဲ လိုက်ချင်နေတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။
တပဓမ္မဆရာတွေက လူတွေရဲ့ ဒီအကျင့်ကို သိလို့လည်း ဟိုးရှေးရှေးကတည်းက ဆုံးမစကားတွေ အများကြီး ပြောခဲ့တာ။ အလုပ်ပြုတ်တဲ့အချိန်၊ ထင်ထားတဲ့အတိုင်း အဆင်မပြေဖြစ်လာခဲ့ရင်၊ အဆူခံအပြောခံအဆဲခံရရင်၊ ဒါမှမဟုတ် လူအများကြားထဲ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရင်၊ ကဲ့ရဲ့ခံရပြီး အနှိမ်ခံရရင် ကိုယ့်ကိုယ်ကိုယ် အားတင်းစိတ်မွေးမိရမယ့်အစား၊ သိမ်ငယ်စိတ်နဲ့ ကိုယ့်စိတ်ခွန်အားကို ဟိုးအောက်ဆုံးထိ ချပစ်လိုက်မှတော့ ဘယ်လိုလုပ်ပြီး အပေါ်ကို တက်နိုင်တဲ့ ခွန်အားမျိုး မွေးနိုင်တော့မှာလဲ။ နာကျင်မှုတွေကြောင့် မခံချင်စိတ် တိုးလာရမယ့်အစား၊ နာကျင်မှုတွေကို မြိုသိပ်ထားပြီး အဆိပ်ကိုမှ တမင်မြိုချသလို ဖြစ်ကုန်တယ်။
လူမှာရှိတဲ့ ကိုယ်ပိုင်အစွမ်းအစ ခွန်အားထက် ပိုပြီး သတ္တိကြီးအစွမ်းထက်တာ မရှိကြောင်းကို တပဓမ္မဆရာတွေက အပြည့်အဝ ယုံကြည်ကြတဲ့အပြင် အမြဲလိုလို အသိပေးဆုံးမတတ်ကြတယ်။ ကိုယ်စွမ်းကိုယ်စကိုသာ ကောင်းကောင်းအသုံးချနိုင်ရင် အသုံးချတတ်ရင် ဘယ်လို အခြေအနေမျိုးနဲ့ပဲ ကြုံတွေ့ရင်ဆိုင်နေရပါစေ သမိုင်းဇာတ်ကြောင်းကို ထက်အောက်ပြောင်းပြန် ပြောင်းလဲနိုင်စွမ်းတောင် ရှိတယ်လို့ ပြောခဲ့ကြတယ်ဗျ။
မားခိုစ့် အောင်ရေးလီးယုစ်ဆိုရင်လည်း သူ့ရဲ့ အတွေးမှတ်စုထဲမှာ အောက်ပါအတိုင်း ရေးခဲ့ပါသေးတယ်။
“ခံစားနာကျင်ခွင့် မပေးလိုက်လေနဲ့ ကိုယ်တိုင်က ခံစားခွင့်ပေးလိုက်ရင် နာကျင်မှုဝေဒနာတွေ တန်းစီပြီး ထိုးဝင်
Unlock to read this premium article with 100 points.