မောရိသျှ
ပြီးခဲ့တဲ့နှစ်တုန်းက ကျွန်တော် SUV တစ်စီး ဝယ်ခဲ့သေးတယ်။ ခရီးပိုထွက်ဖြစ်အောင်နဲ့ တကယ်လို့ အိမ်ပြောင်း အိမ်ရွေ့ လုပ်ဖြစ်ခဲ့ရင် ပိုပြီးအသုံးဝင်လောက်မှာပဲလို့ တွေးပြီး ဝယ်ဖြစ်ခဲ့တာပါ။ နှစ်သောင်းကျော်သုံးလိုက်ရပေမဲ့ အရင်ကားထက် ပိုထူးသွားသလားဆိုတော့ အရင်လိုပဲ ဘာဆိုဘာမှ ထူးပြီး မလုပ်ဖြစ်လိုက်ဘူး။ ပုံမှန်ပဲ၊ ခရီးလည်း ပိုမထွက်ဖြစ်ခဲ့သလို၊ ရွေ့ရပြောင်းရလောက်အောင် ဘာမှမဖြစ်ခဲ့ဘူး။
ထူးသွားတာဆိုလို့ အရင်ကထက် ဓါတ်ဆီဖိုးပိုကုန်သွားတယ်၊ အာမခံကြေးတိုးသွားတယ်။ ဘာလို့ ကားပြောင်းဖြစ်ခဲ့တာလဲ သေချာတွေးကြည့်လိုက်ရင် အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိတော့ဘူးဗျ။ ဒီအတိုင်း ကားပြောင်းလိုက်ရင် ကောင်းမှပဲအတွေးနဲ့ လုပ်မိလိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုရဲ့ နောက်ဆက်တွဲအကျိုးဆက်ပါ။
အနောက်တိုင်း ဒဿနိကပညာနဲ့ ပတ်သက်လာရင် အရေးကြီးဆုံး အတွေးအခေါ်တစ်ရပ်က ကိုယ့်ကိုယ်ကိုယ်သိခြင်းဆိုင်ရာ အသိအမြင်ပဲဖြစ်ပါတယ်။ “ကိုယ့်ကိုယ်ကိုယ်သိနိုင်ခြင်းက အသိဉာဏ်ပညာရှိခြင်းရဲ့ အစပဲဖြစ်တယ်” လို့တောင် ဆိုကရေးတီးက ပြောခဲ့ဖူးတယ်။ တကယ်ကိုကောင်းမွန်မြတ်တဲ့ အကြံလေးတစ်ခုပါ၊ ဒါပေမဲ့ တကယ်ကော သိနိုင်ကြလို့လားဆိုရင် … မေးခွန်းတွေက များလာရော။
အပေါ်ယံကြည့်လိုက်ရင်တော့ ကိုယ့်ကိုယ်ကိုယ်သိပါဆိုတဲ့ အတွေးအခေါ်ကို အခြေခံပြီး နေ့စဉ်ဘဝကို ဖြတ်သန်းနေကြတယ်လို့ကို မထင်ရဘူး။ ခက်တာက ဘယ်သူမဆို အဲဒီအတွေးအခေါ်အတိုင်း လက်ခံကျင့်သုံးနေပြီး ကိုယ်နဲ့လည်းမဆိုင် ကိုယ်နဲ့လည်းလားလားမှ မပတ်သက်တဲ့အရာတွေကိုမှ လိုက်လုပ်နေမိပါလေရော။ ဥပမာ - ကျွန်တော်ဆိုရင် အတော်လေးကို ငြိမ်သက်တဲ့စရိုက်ကြီးတဲ့သူဗျ။ လူကြားသူကြားထဲသွားရမှာ အလွန်စိုးတယ်။ သူစိမ်းတွေနဲ့ တွေ့ဖို့အရေး သေချင်စိတ်ကို အရင်မွေးမိတဲ့လူမျိုး။ စကားစမြည်ပြောရတာလည်း ဝါသနာမပါဘူး။ ဖြစ်နိုင်ရင် ဘယ်သူနဲ့မှ မေးထူးခေါ်ပြောတောင် မလုပ်ချင်တာ။
စိတ်နေစိတ်ခံနဲ့ စရိုက်ကသာ ငြိမ်သက်နေတာရယ်၊ လူက မနေဘူး။ တွေ့ကရာလူတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် နေဖို့လောက်ပဲ ကြိုးစားနေမိတယ်။ တစ်နှစ်နဲ့တစ်နှစ် လူက ငြိမ်သက်တဲ့စရိုက်ထက် လူပေါ်လူဇော်စရိုက်ပိုဆန်လာတယ်။ ပါတီတွေ၊ တွေ့ဆုံဆွေးနွေးပွဲတွေ၊ ဖွင့်ပွဲပိတ်ပွဲ အခမ်းအနားတွေ၊ ဖျော်ဖြေပွဲတွေ၊ ကလပ်တွေ မကျန်ဘူး အကုန်ရောက်တယ်။ ဒါပေမဲ့ ဆန်းတဲ့တစ်ချက်က ဘယ်လိုနေရာပဲရောက်ရောက် လူကြားထဲ ရောက်သွားပေမဲ့ လူက နဂိုစရိုက်အတိုင်း ချောင်ထဲရောက်သွားပြီး ကိုယ်နဲ့သိတဲ့သူတွေမှ အပတခြားလူတွေနဲ့ စကားမပြောဖြစ်ပြန်ဘူး။ အူကြောင်းကြားနိုင်တာ သိပေမဲ့၊ နှစ်နဲ့ချီနေပါပြီ။ အကျင့်တစ်ခုလိုတောင် ဖြစ်နေပြီဗျ။
ဘယ်သူမဆို ကိုယ့်ကိုယ်ကိုယ်သိပါတယ်ဗျာ။ မသိတဲ့သူမရှိဘူး။ အားလုံးက အတ္တကြီး
Unlock to read this premium article with 100 points.