မောရိသျှ
၂၀၂၀ တုန်းက အမြဲလိုလို တွေးမိခဲ့တာလေးရှိတယ်၊ “အကျိုးမဖြစ်လိုက်တဲ့ နှစ်ကြီးပါလား” ဆိုပြီးတော့ပေါ့။ ကပ်ဘေးကြီးကြောင့် ဘာဆို ဘာမှ လုပ်လို့ မရခဲ့ဘူး။ ပြင်ဆင်ထားသမျှ ကြိုတွေးထားသမျှ အကုန် ရေစုန်မျှောပဲ။ အားလပ်ရက်ရာသီကို တွေးကြည့်ပါ။
ပုံမှန်အားဖြင့် အဲဒီလိုအချိန်မျိုး ရောက်သွားရင် ဘယ်လောက်ပဲ ပျင်းစရာကောင်းလောက်အောင် လုပ်စရာမရှိဘဲ အားလပ်နေပါစေ၊ စိတ်ထဲ အားမလိုအားမရတာတွေ မဖြစ်ဘူး။ ဘယ်ဆိုင်သွားသွား အရောင်အသွေးစုံစုံနဲ့ ကြည်နူးစရာတွေကြီးပဲ။
ခရစ်စမတ်သီချင်းလေးတွေက ဆိုင်ဆိုင်မဆိုင်ဆိုင် နားဝင်ကို ချိုလို့။ စိတ်လည်းကြည်လို့။ ကော်ဖီဆိုရင် ဘယ်ချိန်သောက်သောက် ကောင်းမှကောင်း။ သောက်လို့ကို မဝနိုင်ဘူး။ အပြင်ထွက်လို့ အေးချင်တိုင်း အေးပါစေ။ အဲဒီလိုအအေးမျိုးကိုမှ တမင် ခံစားချင်လို့ အပြင်လျှောက်လည်ကြတာပဲမဟုတ်လား။
ဒါပေမဲ့ ကပ်ဘေးကြီးဖြစ်တော့ အားယားသွားတာက အားလပ်ရက်ကာလမှာ ခံစားရသလို မဖြစ်ဘူး။ စိတ်ပင်ပန်းစရာတွေကြီးပဲ တိုးတိုးလာရော။ ကော်ဖီတွေ ဆိုင်တွေ သွားလို့ ရပါတယ်။ ဒါပေမဲ့ စိတ်မအေးဘူး။ ကပ်ကြီးဖြစ်တော့ ပထမဆုံးအဆင့်မှာ လူတွေအားလုံး အံ့အားသင့်ကုန်ပြီး မယုံနိုင်ဘဲဖြစ်ကုန်တယ်၊ ဒုတိယအဆင့်ရောက်တော့ ဖြစ်သမျှ အကြောင်းအကောင်းတွေးပြီး လက်သင့်ခံလိုက်ရတယ်၊ အခြေအနေတွေနဲ့ အသားကျအောင် နေတတ်သလို နေကြရတယ်၊ ဟော တတိယအဆင့်လည်းရောက်ရော အရာအားလုံး ဆုတ်ယုတ်ပျက်ယွင်းမှုနဲ့ စိတ်ပျက်စရာတွေကြီးပဲ ကျန်တော့တယ်။
စိတ်ပင်ပန်းဆင်းရဲဖွယ်ကာလရောက်နေခဲ့ရင် အတတ်နိုင်ဆုံး စိတ်ခွန်အားမွေးမြူပြီး ကိုယ့်ကိုယ်ကိုယ် အမြဲအားပေးနေဖို့ လိုပါတယ်။ ကိုယ်ကလွဲရင် ကိုယ့်ကိုယ်ကိုယ်အားပေးနိုင်မယ့်သူ မရှိပါဘူး။ ကိုယ်သာလျှင် ကိုယ့်ရဲ့ ကယ်တင်ရှင်ဖြစ်ပါတယ်။ ဒါကို လုံးဝ မမေ့ပါနဲ့။
တခါတလေ တချို့နေ့တွေမှာ အိပ်ယာထဲကနေ ထဖို့အတွက်ကို အားမရှိသလို ဖြစ်ရင်ဖြစ်နေမယ်၊ ဒါမှမဟုတ် နေ့ခင်းကြောင်တောင် အားမရှိသလိုဖြစ်လာပြီး အိပ်ယာထဲ ဝင်ကွေးချင်စိတ်တွေ ဖြစ်ကောင်း ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ ခွန်အားဆိုတာက ကိုယ်တိုင်မွေးမြူရတဲ့ ဗလတစ်မျိုးဖြစ်တာကြောင့် စိတ်ပျက်အားယုတ် မဖြစ်ပါနဲ့။ စိတ်အားတင်းထားပါ။
“နေ့စဉ်တိုင်းက စိန်ခေါ်မှုအမျိုးမျိုးနဲ့ စောင့်ကြိုနေလိမ့်မယ်၊ အဲဒီစိန်ခေါ်မှုတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းကြောင်း သက်သေပြလိုက်ပါ။ နာကျင်မှုတွေက ခံနိုင်ရည်ကို တည်ဆောက်ပေးလိမ့်မယ်၊ ဝေဒနာတွေက သာယာမှုတွေကို တန်ဖိုးထားလိုစိတ် မြင့်တင်ပေးလိမ့်မယ်။ ဘယ်လောက်ပဲ ဆူခံရဆဲခံရပါစေ ကဲ့ရဲ့မှုတိုင်းက ကိုယ့်ရဲ့ စိတ်ရှည်သည်းခံမှုအတိုင်းအတာကို ဂုဏ်သိက္ခာအဖြစ် ပြောင်းလဲပေးလိမ့်မယ်။ ဖြစ်သမျှ အကြောင်း အကောင်းလို့သာ
Unlock to read this premium article with 100 points.