မောရိသျှ
ထင်မထားတဲ့လူတွေဆီကနေ ထင်မထားတဲ့လက်ဆောင်မျိုးတွေ လက်ခံဖူးလားဗျ။ ကျွန်တော်ဆိုရင် ကောလိပ်တုန်းကထားခဲ့ဖူးတဲ့ ရည်စားဟောင်းဆီကနေ Six Flags (Amusement Park) အတွက် Gift Card ရဖူးတယ်ဗျ။ သူနဲ့ကျွန်တော်နဲ့ တွဲဖြစ်နေတာ အဲဒီလောက်လည်း မကြာသေးဘူး၊ ပြီးတော့ သူ့အကြောင်းကိုယ့်အကြောင်း သိကြတာ မဟုတ်ဘူးဗျ။
သေချာသလောက် ကျွန်တော်က လူများတဲ့နေရာဆို အင်မတန် မုန်းတာ၊ ဘာလို့များ Amusement Park Gift Card ကို လက်ဆောင်အဖြစ် ပေးတာလဲဆိုတာ တကယ် နားလည်ရခက်ခက်ပဲ။ အဲတော့ ကျွန်တော်လည်း အူကြောင်ကြောင်နဲ့ သူပေးတဲ့ လက်ဆောင်ကို လက်ခံရမယ့်အစား၊ ပိုက်ဆံနဲ့ပဲ ပြန်လဲလိုက်ပါလားလို့ ပြောမိသွားတယ်။ တကယ်လို့သာ အဲဒီတုန်းက ကျွန်တော်အခုလို အသိရှိခဲ့ရင် သူပေးတဲ့လက်ဆောင်ကို စေတနာစော်ကားတာမျိုး လုပ်မိမှာ မဟုတ်ဘူး။ ဘာဖြစ်ဖြစ် သူနဲ့တူတူ သွားစေချင်လို့ အဲဒီလိုလက်ဆောင်မျိုး စီစဉ်ပြီး ကိုယ့်ကို လမ်းကြောင်းပေးတာပဲကို၊ ဘာလို့များ အဲဒီလောက် အူခဲ့အခဲ့မိပါလိ့မ်ပေါ့၊ အနည်းဆုံးတော့ သူနဲ့ အမှတ်တရလေးတွေ ရခဲ့မှာပဲကို၊ အတ္တစိတ်ကြီးနဲ့ အကန်ဘက်ကနေပြီး ငြင်းခဲ့မိတယ်။
ဧကရာဇ်ကြီး မားခို့စ် အောင်ရေးလီးယုစ်ရဲ့ အတွေးမှတ်စုစာအုပ်ကို နောက်တခါ ထပ်ဖတ်ဖြစ်တယ်။ အဲဒီတော့မှ ကိုယ့်ကိုယ်ကိုယ် ပြန်အောက်မေ့မိတယ်၊ ဘဝမှာ ဘာတွေပဲ ဖြစ်လာပါစေ ကျေနပ်စွာ လက်ခံတတ်တဲ့ အကျင့်ကောင်း မွေးနိုင်ရမယ်တဲ့။ ဒီအတွေးအခေါ်ကို ကျွန်တော် အရင်ကလည်း သိထားခဲ့လျက်သားနဲ့ သတိမထားခဲ့မိဘူး။ မိုက်မဲစွာနဲ့ အမှတ်တရကောင်းတခု ရနိုင်တဲ့ အခွင့်ကောင်းကို ရေစုန်မျှောခဲ့မိတာ။
ဘယ်သူမဆိုနေသာတဲ့ ၃၆၅ ရက်ပဲ လိုချင်မှာပါ၊ မိုးရွာတဲ့ နေ့တွေကို မုန်းချင်မုန်းကြလိမ့်မယ်၊ ဒါပေမဲ့ အစိုးမရနိုင်တဲ့ အရာကို သွားပြီး စိတ်ပျက်နေလို့ မထူးဘူးလေ။ မိုးရွာတော့လည်း ရွာလို့ပေါ့။ လက်ခံနိုင်ရမယ်ဗျ။ အဲဒီလိုပဲ နာကျင်မှုတွေ၊ ဝေဒနာတွေ၊ ဆုံးရှုံးမှုတွေ ဘာတွေပဲ ဖြစ်လာပါစေ ဖြစ်သမျှ အကြောင်း အကောင်းလို့ပဲ တွေးပြီး တကယ်အကောင်းဆုံးဖြစ်အောင် နှလုံးသွင်းတတ်ဖို့က အတော်လေး လိုအပ်တယ်ဗျ။ လက်ခံတတ်ခြင်းကလည်း တိုးတက်ခြင်းပါပဲ။ တော်ရုံ ဘယ်သူမှ လက်ခံနိုင်စိတ် မမွေးနိုင်ဘူးလေ။ ဖြစ်နိုင်ရင် ဖြစ်လာသမျှအပေါ် အတွန့်တက်ချင်တဲ့သူတွေကြီးပဲ။
မားခို့စ်ကတော့ ဒီလို ကိုယ်ရည်ကိုယ်သွေးမျိုးကို “ဆင်ခြေမဲ့ကျေနပ်စိတ်” လို့ နာမည်ပေးတယ်။ ကိုယ့်ဘဝကို တကယ်နားလည်ပြီး ရောင့်ရဲနိုင်သူဟာ ဘဝမှာ ဘာတွေပဲ ဖြစ်လာပါစေ ကျေနပ်စွာ လက်ခံနိုင်ပါတယ်။ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ခက်ခဲမှုတွေကြောင့် စိတ်ပျက် စိတ်ဆင်းရဲတာမျိုး ထူးပြီးမဖြစ်သလို၊ လွယ်ကူအဆင်ပြေသွားလို့လည်း အောက်ခြေလွတ် ပရမ်းပတာ မဖြစ်ပါဘူး။
• ငါ့ဘဝကြီးဘာလို့များ ဒီလောက် ခက်ခဲရတာလဲ။
• ဘာလို့များ အချိန်မတော် မိုးရွာနေရတာလဲ။
• ဘာလို့များ ကပ်ရောဂါကြီးဖြစ်လာရတာလဲ။
• ဘာလို့များ ငါ့လ
Unlock to read this premium article with 100 points.