Insights with Seth
Measure of Central Tendency ဆိုတာ descriptive statistic မှာသုံးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သူ့ကို မြန်မာလိုပြောရရင် ဗဟိုညွတ်ကိန်းတွေလို့ ခေါ်လို့ရပါတယ်။ raw data ကိုပဲဖြစ်ဖြစ်၊ grouped data ကိုပဲ ဖြစ်ဖြစ် Central Tendency ရှာလို့ရပါတယ်။
Central Tendency ကိုပြတဲ့အဓိကကိန်းတွေအဖြစ် Mean, Median, Mode, The Midrange တို့ကို သုံးလေ့ရှိပါတယ်။
Mean - အားလုံးသိတဲ့အတိုင်း ပျှမ်းမျှကိန်းလို့ ခေါ်ပါတယ်။ စုစုပေါင်းကိုတည်ပြီး အရေအတွက်နဲ့စားပါတယ်။
Median - အလယ်ကိန်းလို့ခေါ်ပါတယ်။ ဒါကိုရှာဖို့အတွက် data ကို ascending or descending အရင်စီရပါတယ်။ ပြီးရင် [(n+1)/2]th နဲ့တွက်ပါတယ်။
Mode - ကြိမ်များကိန်းလို့ခေါ်ပါတယ်။ data တွေထဲမှာ အရေအတွက်အများဆုံးပါတဲ့ ကိန်းကိုယူပါတယ်။ တစ်ခုထက်လည်းနိုင်ပါတယ်။
The Midrange - highest value - lowest value နဲ့တွက်လို့ရပါတယ်။
Mean, Median, Mode, Midrange တွေကို Microsoft Excel ထဲမှာလည်းအလွယ်တကူ တွက်လို့ရပါတယ်။
Mean: =AVERAGE(range)
Medium: =MEDIAN(range)
Mode: =MODE.SNGL(range), =MODE.MULT(range)
Midrange: =MAX(range), =MIN(range)
ဒါတွေသိရင် Frequency Distribution မှာ ဂရပ်ဆွဲပြီးနေရာချကြည့်လိုက်ရင် မိမိတို့ရဲ့ data set ရဲ့ ပုံသဏ္ဍာန် (shape) ကိုသိရှိနိုင်မှာလည်း ဖြစ်ပါတယ်။
Keep Reading