နီမိုးနန်
တိတ်ဆိတ်နေဆဲ အာရုံကျင်းချိန်။
ကမ္ဘာကြီးသည် အိပ်မက်များနှင့် လက်တွေ့ဘဝများအကြား မြူခိုးများဖုံးလွှမ်းနေသေးချိန်။
မီယာသည် မှိန်ပျပျ အလင်းရောင်သာရှိသည့် သူ့အခန်းထဲက မှန်ရှေ့တွင် မှတ်တပ်ရပ်နေသည်။
သူ့ကို ပြန်ကြည့်နေသော ရောင်ပြန်ကို ရင်းနှီးနေပေမယ့် သူ့ကိုယ်သူ ပြန်ကြည့်နေသည့် မျက်လုံးထဲတွင် မတုန်မလှုပ် နဲ့ တစိမ်းဆန်ဆန်အရာတစ်ခု ရှိနေပါသည်။
သူ့မျက်နှာဖုံးကို ၀တ်ဆင်ထားသည့် သူစိမ်းတစ်ယောက်၏ ဝိညာဉ်ကို ငေးကြည့်နေရသကဲ့သို့ပင်။
မှန်ထဲက သူက လက်ကိုဆန့်ထုတ် လှမ်းလိုက်ရာ အေးမြမြ ဖန်ခွက်မျက်နှာပြင်ကို လက်ချောင်းထိပ်များ ပွတ်သပ်လိုက်ချိန် တခဏတွင်း
မှန်ချပ်၌ ထင်ဟပ်နေသော အဆုံးမရှိသည့် စကြဝဠာ နက်နက်ထဲကို ပြိုလဲကျသွားသလို ခံစားလိုက်ရသည်။
မှန်၏ အခြားတစ်ဘက်မှာ သူက ဘာကို တွေ့ရမှာလဲ။
သူ အိပ်မက်တောင် မမက်ရဲသော ဘဝနေထိုင်မူပုံစံနဲ့ နောက်ထပ် သူ့ ပုံစံတစ်မျိုးလေလား။
သို့မဟုတ် ဘာမှမဟုတ်သည့် ကွက်လပ်လေဟာနယ်ပင်လား-
ဖြစ်နိုင်ချေရှိသည်များကို မေ့ပျောက်ထားသည့်နေရာလား၊
အမှတ်တရများ မရှိလေတော့သည့် ချောက်နက်ထဲရှိ ပျံ့လွင့်သွားသည့် ကြယ်များကဲ့သို့လား။
မီယာ၏ ဖြစ်တည်မူ အပိုင်းအစ ချည်မျှင်တစ်ခုစီကို ယက်လုပ်နေသော အတွေးစများသည်
တဟုန်ထိုး လုံးထွေးလှည့်ပတ်နေတော့သည်။ သူ ဘယ်သူလဲ၊ အမှန်ပဲလား? သူသည် သူ့ရွေးချယ်မူတွေ ပေါင်းထားတာလား၊
တခြားသူတွေအတွက် ဆင်မြန်းထားတဲ့ မျက်နှာဖုံးလား
ဒါမှမဟုတ် ကြားရဖို့ တောင့်တနေရတဲ့ ဝိဉာဥ်တွေရဲ့ တိတ်တဆိတ်အော်သံတွေလား?
အဖြေများကား သူ့ကို ရှောင်ဖယ်ကာ သူ့စိတ်၏ အစွန်များဆီအရိပ်များကဲ့သို့ ဖြတ်ပြေးသွားလေကာ နိုးထလာချိန်တွင်မှာ မေးခွန်းများကိုသာ ချန်ရစ်ခဲ့လေသည်။
(စာရေးဆရာ Haniya Yutak ရဲ့ Cosmic Mirror ဝတ္ထုတိုကို ကြိုက်နှစ်သက်သဖြင့် မှီငြမ်းရေးသားလိုက်ရပါသည်။
သူ၏ အရေးအသားနှင့် ဒဿနကိုလည်း ထင်ဟပ်ကာ ထည့်သွင်းရေးသားထားသည်။)
Keep Reading