Yin Thiri Hlaing
ကျွန်တော့ကိုတော်တော်များများက အရူးတယောက်လိုဆက်ဆံကြတယ် တချို့ကျတော့လဲ မရှိတဲ့လူတယောက်လိုပေါ့ ကျွန်တော်ကဘာများမှားနေလို့လဲ လူ့ဘောင်အသိုင်းဝိုင်းကနေပယ်ထားစရာအကြောင်းရင်းရှိနေလို့လား
ကျွန်တော့ရဲ့ကိုယ်ရေးရာဇဝင်အတ္ထုပ္ပတ္တိကိုပြောပြပါရစေဗျာ ကျွန်တော့်နာမည်က ဝေလင်းယံလို့ခေါ်ပါတယ် ကျွန်တော့ကိုအတိုကောက်နာမည်တွေချစ်စနိုးနာမည်တွေနဲ့မခေါ်ကြဘူး ကျွန်တော်ကတော့ဝေလင်းယံအဖြစ်နဲ့သာေနထိုင်ပါတယ် နာမည်ကွဲတွေမရှိ နာမည်တလုံးတည်းနဲ့နေတာဆိုတာကျွန်တော်ပေါ့ဗျာ နောက်ထပ် ကျွန်တော်ကလာဘ်ပိတ်တယ်တဲ့ အမေနဲ့အဖေကကျွန်တော်မွေးပြီး ၁နှစ်မပြည့်ခင်ကွာရှင်းလိုက်ကြတယ် အခုအသက်၂၅နှစ်အထိ အဖေကငွေပို့ပေးပြီး ပြုစုစောင့်ရှောက်ပေးထားတယ်တနှစ်ကိုတခါနှစ်ခါသာလာတွေ့တတ်တဲ့အဖေ့ကိုကျွန်တော်ချစ်ပါတယ် ကြောက်လည်းကြောက်တယ် အမေကတော့ဘယ်လိုပုံစံလဲဆိုတာတောင်မမြင်ဖူးသေးပါဘူး အိပ်မက်ထဲမှာတောင်အမေ့ကိုထည့်မက်ခွင့်မရခဲ့ပါဘူး ကျွန်တော်ပတ်ဝန်းကျင်ကစကားလုံးတွေကနေရုန်းမထွက်နိုင်ဘူး မိမဆုံးမဖမဆုံးမဆိုတဲ့စကားက ပြောတဲ့သူအတွက်တော့ဘာမှမခံစားရပေမယ့် ကျွန်တော့အတွက်တော့အသည်းခိုက်အောင်နာကျင်ရတယ်
ဒါဆိုကျွန်တော့ကိုဘာလို့အရူးတယောက်လိုဆက်ဆံကြလဲတွေးနေမှာပေါ့ ဘဝဆိုတာမရိုးရှင်းပါဘူး ကောက်ကျစ်စဥ်းလဲမှုတွေပြည့်လျှံနေပြီး ကျွန်တော့ဘဝကလည်းထပ်တူပါဘဲ အဖေ့ကိုချစ်တယ် ကျွန်တော့ဘဝမှာအားကိုးစရာကလည်းအဖေတယောက်ဘဲ အဖေ့ရဲ့စကားတိုင်းကကျွန်တော့ကိုအားဖြစ်စေသလို တခါတရံအဖေ့ရဲ့ဒေါသနဲ့ကြည့်တတ်တဲ့အဖေ့မျက်လုံးတွေ အဖေ့ရဲ့ခက်ထန်တဲ့စကားလုံးတွေက ကျွန်တော့မှာရှိသမျှယုံကြည်ချက်တွေမျှော်လင့်ချက်တွေကိုရိုက်ချိုးပစ်တတ်တယ် ကျွန်တော်အခုချိန်ထိတွေးနေမိတဲ့စကားစုဟာအဖေဟာကျွန်တော့အဖေမှဟုတ်ရဲ့လား
ကျွန်တော့အသက်၁၅နှစ်မှာအဖေက ကျွန်တော်နဲ့အတူနေဖို့ သူ့သူငယ်ချင်းတယောက်လွှတ်ပေးခဲ့ပါတယ် ကျောင်းမှာစာမေးပွဲ ရီပို့ကဒ်ထွက်ရင်လက်မှတ်ထိုးဖို့အိမ်ယူလာရတဲ့ကလေးထဲမှာကျွန်တော်မပါပါဘူး ရီပို့ကဒ်ကိုအိမ်ယူရတဲ့ခံစားချက်ကိုကျွန်တော်လဲခံစားချင်မိပါတယ် အဖေ့သူငယ်ချင်းကိုကျွန်တော့ရဲ့အားကိုးရာလူတယောက်အဖြစ်တွေးခဲ့မိတယ်
သီချင်းညည်းရင်းအရက်ခွက်ထဲရေခဲထည့်နေတဲ့ ကျွန်တော့အတွက် ပထမဆုံးသောသူစိမ်းတဖြစ်လဲ အဖေ့သူငယ်ချင်းဆီ တုန်တုန်ရီရီနဲ့သွားလိုက်တယ်
"ဟို ဦး ဦးလေး"
"ဟေ သားလေး ပြောလေ ဘာလဲ အဲ့တာရီပို့ကဒ်လား ပြပါဦး ဦးကို"
ကျွန်တော့ရဲ့ဝမ်းသာစိတ်တွေကဖုံးဖိမထားနိုင်ခဲ့ဘဲ အပြင်ကိုလျှံကျလာခဲ့တယ် အဖေသာဆိုမင်းယောကျားမဟုတ်ဘူးလား မင်းမျက်ရည်တွေသုတ်လိုက်စမ်းဆိုတဲ့စကားကိုပြောမှာပါ ဒီတခါတော့ကျွန်တော့ကိုနှစ်သိမ့်ပေးကြင်နာမှုတွေပေးမယ့်လူသားတယောက်ကျွန်တော်ရခဲ့ပြီပေါ့
"ဟာ ဘာဖြစ်လို့ငိုတာတုန်းကွ ဒီမှာအမှတ်တွေကထိပ်ကြီးဘဲ အဆင့်ကလည်းကောင်းပေ့ကို ဘာဖြစ်လို့ငိုတာလဲ လာဒီကို ဦးကိုပြော"
ကျွန်တော့ရဲ့ရင်ဖွင့်ချင်တဲ့စိတ်တွေ ပျော်စရာဆိုတာခံစားတတ်တော့မယ့်အချိန်မှာ ကြောက်စိတ်တခုထပ်မံရိုက်သွင်းခံလိုက်ရပါတယ် ကျွန်တော့တင်ပါးကိုအသားယူရင်း အရက်မူးရီဝေနေတဲ့မျက်နှာထားနဲ့ကျွန်တော့ကိုပြုံးပြနေတဲ့ ဒီလူဟာကျွန်တော်ထင်ထားသလိုဟုတ်မနေခဲ့ပါဘူး
အပိုင်း 2နောက်ရက်တင်ပါ့မယ်ရှင့်
ချစ်သောreadersလေးတွေ😘
Keep Reading