Swe Zin
မင်္ဂလာပါ ရှင်နဲ့
နေ့တစ်နေ့ ကို အစပြု
သူတို့တွေနဲ့ ပျော်မွေ့
အတွေးအမြင်သစ်တွေဖလှယ်
နေ့ အသစ်အသစ်တွေ ဖန်တီးဖို့
ဆွေး ခေတ်အဆက်ဆက်နွံ မနစ်ရအောင်
အားသစ်နဲ့ ပြုပြင် ။
နေခြည်မှာ ရွှေရည်သွန်းချင်ပေမယ့်
အာရုံဦး အလင်းလောက် နဲ့
ငါ လမ်းပြဖြစ်ပြီ လို့တွေး ။
ဟိုကလေး အရွယ်ငယ်
ချစ်ချင်ဖွယ် သူ့အပြုံး အေးချမ်းမိတယ် ။
ဒီကလေး တက်ကြွဖွယ်
ကြည်နူးဖွယ် သု့အသံနဲ့ စိတ်အေးချမ်း တယ်။
ညီမျှကာ ဖြူစင်စိတ် နဲ့
တူညီထားလို့ ချစ်ပါ့မယ် ။❤️
တူညီထားလို့ ချစ်ပါ့မယ် ။❤️
( 2022-2023) စာသင်နှစ်အမှတ်တရ 😘
Feb-27,2023 (9:59PM)
Keep Reading