NWAY OO MAUNG
ဇာတ်လမ်းက စာတန်းထိုးထိုးခြင်း နောက်ခံဇာတ်ဝင်တေးက ဇော်ဝင်းထွဋ်သီဆိုထားသော အချစ်သည်လေးပြေသီချင်းနဲ့စ၏။ ဇာတ်လမ်းအကျဉ်းကတော့ အပျိုဖော်ဝင်စ မီးကောင်ပေါက်ကောင်မလေးနှင့် အောင်မြင်နေသောဓာတ်ပုံဆရာ၏ ဇာတ်လမ်းဖြစ်သည်။ ကောင်မလေး၏ အစ်မနှစ်ယောက်သည် မော်ဒယ်တွေဖြစ်သောကြောင့်၊ မကြာခဏအိမ်ကိုဓာတ်ပုံလာရိုက်သော
ဓာတ်ပုံဆရာကို မီးကောင်
ပေါက်အပျိုလေးက ကြိတ်ကြွေနေ၏။ တခါတရံ အစ်မတွေ ဓာတ်ပုံဆရာနှင့်အပြင်ဓာတ်ပုံရိုက်သွားသောအခါ နောက်ကမသိသာလိုက်ပြီး ဓာတ်ပုံဆရာကိုခိုးကြည့်ပြီး စိတ်ကူးတွေရင်နေတတ်၏။ညဆိုလည်းဖုန်းဆက်ပြီး အကြောင်းမရှိအကြောင်းရှာစကားပြော၏။ ဓာတ်ပုံဆရာက ကလေးလိုပဲသဘောထားပြီး သိပ်ခေါင်းထဲမထည့် ၊ တခါကဆို မီးကောင်ပေါက်ကောင်မလေးက ဓာတ်ပုံဆရာကို ရည်စားစာပေးတာ ဓာတ်ပုံဆရာကအမှတ်တမဲ့ပဲ ယူထားပြီးမဖတ်မိဘူး၊studio ခန်းက
စားပွဲပေါ်မှာပဲ မဖတ်ပဲတင်ထားခဲ့တယ်။ဒီလို့နဲ့ ဓာတ်ပုံဆရာက နိုင်ငံခြားဓာတ်ပုံပညာသုံးနှစ်လောက် သွားပြီးလေ့လာ၊ ပြန်လာတဲ့အချိန်မှာ မီးကောင်းပေါက်မလေးဟာ နိုင်ငံကျော်မော်ဒယ်ဖြစ်နေပြီ၊ အဒီမှာဓာတ်ပုံဆရာက ပြန်ကြွေရ ၊ငယ်ငယ်ကပုံရိပ်တွေပြန်မြင်ပြီး အရင်ပေးထားတဲ့စာကိုပြန်ရှာမှ မီးကောင်းပေါက်မလေးက သူ့ကိုရည်းစာပေးမှန်းသိ အဲ့ဒီအချိန်မှာ ဓာတ်ပုံဆရာက မီးကောင်ပေါက်မလေးကို နောက်ကတကောကောက်ပြန်လိုက်ပြီးညားသွားတဲ့ဇာတ်လမ်းပါ။ "အချစ်သည်လေပြေနုနုလေးတွေလိုပဲ နှလုံးသားထဲကို မထင်မှတ်ပဲရောက်လားပြီး မသိခင်မှာပြန်ထွက်သွားတယ်"ပေါ့ ။ရုပ်ရှင်ကြည့်နေရင်း ဖြူဖြူက မောင်အောင်ကိုမသိမသာခိုးကြည့်နေတာကို မောင်အောင်သတိထားမိတယ်၊ ရုပ်ရှင်ပြီးတော့ အပြင်မှာမိုးကရွာနေတယ် ရန်ကုန်မှာစနေမိုးကဆွေတယ်လေ ရုပ်ရှင်ရုံအောက်မှာ ကျနေသောမိုးပေါက်တို့ကိုကြည့်ရင်း ဖြူဖြူက" ကိုအောင် အဆောင်လိုက်ပြီးမိုခိုလေ အဆောင်ကဒီနားမှာပဲ မိုးတိက်မှ ရွှေတောင်ကြားလမ်းက ကြေးအိုးသွားစားရအောင်" ၊မောင်အောင်က "ခဏစောင့်ကြည့်ဦးမိုးများတိတ်မလားလို့ " ခဏနေတော့မိုးကမတိတ်တာနဲ့ ၁၄လမ်းဘက် ပါတဲ့ထီးတစ်ချောင်းနဲ့နှစ်ယောက်အတူထွက်လာခဲ့၏။ အဆောင်ကသုံးလွှာ သူနာပြုတက္ကသိုလ်က သူငယ်ချင်းတွေငှါးနေတာ၊ ကျန်တဲ့နှစ်ယောက်ကတိုင်းရင်းသားကျေးရွာသွားကြတယ်။ အဆောင်ရောက်တော့ ခေါင်းကမိုးရေတွေသုပ်ဖို့ ဖြူဖြူကပုဝါလှမ်းပေရင်း ရေပဲသောက်စရာရှိတယ် အဆောင်မှာတော့ ၊ဟင်းလည်းမချက်ရသေးဘူး ပြီးရင်ဆိုင်ရောက်မှစားတော့၊ မောင်အောင်က ရေသုပ်ရင်း ရုတ်တရက် ဖြူဖြူသေတ္တာဘေးက စာအိပ်တစ်အိပ်ကိုမြင်တော့ စာတွေဘာတွေရောက်နေပါ့လား ဘယ်ကစာလဲလို့မေးလိုက်၏။ ဖြူဖြူက ဘာမှမပြောပဲ စာကိုအတင်းကောက်ယူလိုက်၏ ၊မောင်အောင်က ဖြူဖြူလုပ်ပုံမြင်တော့အတင်းပြခိုင်း၏ ၊ ဖြူဖြူကမပြ အဲ့ဒါနဲ့တစ်ယောက်တစ်ယောက်လုရင်း နှစ်ယောက်သားလဲကျပြီး ဖြူဖြူအပေါ် မောင်အောင်ကထပ်လျက်သားကျနေ၏။ အဲ့ချိန်မှနှစ်ယောက်သားရှက်ကိုးရှက်ကန်းဖြစ်ပြီးထလိုက်ကြ၏။ ဖြူဖြူက မျက်နှာနီလျက်မျက်လုံးကိုအောက်ဆိုက်ထား၏။မောင်အောင်ကရုတ်တရက်ဘာပြောရမှန်းမသိ ပြီးမှ "နင့်အစ်မက ငါ့ကိုဂရုစိုက်ခိုင်ထားတာ ငယ်ငယ်ရွယ်ရွယ်ကျောင်းမပြီးခင် အိမ်ထောင်ကျမှာဆိုးလို့ အဒါကြောင့်ဘယ်ကစာလည်းသိချင်တာ"၊
ဖြူဖြူက "ရွာက ၁၀တန်းတုန်းက သူငယ်ချင်းကအဖြေတောင်းထားတဲ့စာ ဘာမှတော့မပြန်ရ
သေးဘူး"ရှက်ရှက်နှင့်ပြောလေ၏။မောင်
အောင်က"အေးဘာမှပြန်မနေနဲ့ "ဟုသာပြောပြီး ကြေးအိုးသွားမစားဖြစ်ပဲ ပြန်လာခဲ့၏။ဖြူဖြူရင်ထဲမှာတော့ အမျိုးမည်မသိသောခံစားမှု့မျိုး စိတ်ထဲကြည်နူးသလိုလို ပီတိဖြစ်သလိုလိုပဲ အော် အချစ် အချစ် အချစ်။နောက်ပိတ်
ရက်တွေမှာ ဖြူဖြူဟာဟိုလိုက်ပို့ခိုင်းဒီလိုက်ပို့ခိုင်းနဲ့ မိမိအပေါ်စိတ်ယိုင်လျက်ရှိတာကို မောင်အောင်ရိပ်မိသောကြောင့် ၊ ဆောင်းကိုအကျိုးအကြောင်းပြောပြီး ရန်ကုန်ကိုလာခဲ့ဖိုပြော၏ ၊ဆောင်းက မောင်အောင်ဟာသစ္စာရှိမှန်းသိတာကတစ်ကြောင်း ရာထူးတိုးကိစ္စအလုပ်ကိစ္စနဲ့မအားတာကတသွယ် အဲ့လိုနဲ့ပေါ့ပေါ့တန်တန်ထားပြီးမလာဖြစ်တော့ ။ မောင်အောင်ဟာကြာလာတော့လည်း ဖြူဖြူပေါ်မှာသံယောဇဉ်တွယ်မိလာ၏၊သို့ပေမဲ့ စောင့်ထိန်းတယ် ၊ တခါတလေကြ ဆောင်းနှင့်သူဟာ အလွှာခြားသောကြောင့် သိမ်ငယ်မိတာတော့အမှန် လက်ထပ်ယူဘို့တွေးလိုက်ရင်း သက်ပြင်းအရှည်ကြီးချမိတာအကြိမ်ကြိမ်။ ဒီလိုနဲ့ရက်လတွေကြာလာတော့ ဖြူဖြူဟာမောင်အောင်အပေါ်မှာပိုသံယောဇဉ်တွယ်လာတယ်။မောင်အောင်ဟာ ဆောင်းကိုဖုန်းနဲ့စကားစပ်မိတိုင်း ရန်ကုန်လာဖို့ခေါ်၏၊ သို့သော်ဆောင်းကလည်း မအားတော့မလားဖြစ်။ မောင်အောင်အောင်ဟာ ဆောင်းနဲ့ပေါင်းဖက်ဖို့သိမ်ငယ်လို့လား ဆန္ဒ ရမ္မက်ကိုမထိန်းနိုင်လို့လား မိမိကိုယ်ကိုဝေခွဲမရခင်။ တပါတ်သောစနေ ဖြူဖြူအဆောင်ကို အလည်သွားရင် ဖြူဖြူသူငယ်ချင်းတွေမရှိသခိုက် ဖြူဖြူအပေါ်မှာ ရာဂမိုးတွေရွာချလိုက်မိ၏ ။ ဖြူဖြူအရင်ကတည်းက သူ့အပေါ်အချစ်ရည်ငံတာကိုအသုံးချပြီးပေါ့။
မောင်အောင်ဟာ သူကျူးလွန်မိသော ကံတစ်ပါးအတွက် ဖြူဖြူကိုတာဝန်ယူဘို့အတွက်။ ဆောင်းနှင့် ဆောင်း၏အမေကိုရန်
ကုန် သို့လိုက်လာစေပါသည်။ ဆောင်း ရန်
ကုန်ရောက်တော့ မောင်အောင်ဟာ ဆောင်းနှင့်
နှစ်ယောက်ထဲအရင်တွေ့ပြီး ။ ဆောင်၏သဘောထားကိုအရင်မေးရ၏ ပြီးမှလက်ဆောင်ပါလာသော ဆွဲကြိုးကိုပြပြီး ဒါ
"ဆောင်းအတွက်ပဲ"ဟုပြောပြီး ၊မောင်
တောင်းပန်တယ်ဆောင်းရယ် ဆောင်းအခုဘလိုဖြစ်ချင်လည်းဆောင်းသဘောပဲ၊ ဆောင်းက ဆွဲကြိုးကိုယူပြီး မောင်အောင်ကိုပစ်ပေါက်
လိုက်တယ်။ ပြီးတော့မောင်အောင်၏
ရင်ဘက်ကိုတရပ်ဆက်ထုပြီးမှ မောင်အောင်ရင်ခွင်ထဲမှာ ရှိုက်ကြီးတင်နဲ့ဝအောင်ငိုတယ်။
ငိုတာရပ်ပြီးမှ" မောင်သိပ်ရက်စက်တယ် ဆောင်းတို့၈နှစ်ကျော်လောက် တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရှိချစ်လာတာ မောင်မှာသတ္တမရှိဘူး သစ္စာလည်းမရှိဘူး"ဟု ပြောပြီးထပ်ငို၏။ နောက်ဖြေးဖြေးမှ ဆောင်းက မျက်ရည်တွေသုတ်ပြီး "ဖြူဖြူကိုမောင်တာဝန်ယူရမယ် ရွာပြန်ပြီးမိသားဖသားပီးပီတောင်းရမယ်"ဟုပြော၏။ မောင်အောင်က "စိတ်ချပါဆောင်း မောင်တောင်းယူပါ့မယ်။
မိုတွေးကတဖွဲဖွဲကျနေ၏ မိုးရေထဲမှာတစ်ပိုင်းတစမျောနေသော မိမိ၏ဆံစများကိုကြည့်ရင် စကိုင်းတောင်က ချောင်တစ်ခုမှာ သီလရှင်အဖြစ်ဘဝခံယူတော့မည့်ဆောင်းဟာ လောက၏စွဲလန်းမှုတို့ကို မျောနေသောဆံစလေးတွေလို မျှောချလိုက်၏။
ပြီးပါပြီ
နွေဦးမောင်
၂၀၂၄.၉.၁၁
Keep Reading