Honey cho
ဟန်နီတို့မြန်မာလူမျိုးတွေဟာ တခြားလူမျိုးတွေနဲ့မတူဘဲ ကိစ္စတစ်ခုကိုလူတစ်ဦးဦးကကူညီဆောင်ရွက်ပြီးတိုင်းသူ့ရဲ့ ကျေးဇူးကိုတုံ့ပြန်တဲ့အနေနဲ့"ကျေးဇူးတင်ပါတယ်ရှင်၊ကျေးဇူးတင်ပါတယ်ခင်ဗျာလို့"နှုတ်နဲ့ဖွင့်ဟပြောဆိုလေ့ရှိကြပါတယ်။
ဒါ့ပြင်စိတ်ထဲမှာလည်း မှတ်သားထားလေ့ရှိကြပြီးအခွင့်အခါကြုံတဲ့အခါအဲ့လူလိုအပ်တဲ့အကူအညီကိုလည်းပြန်လည်ပေးတတ်ကြပါသေးတယ်။ဒါကတော့ ချစ်စဖွယ်မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံပါဘဲ။
ဒီလိုမျိုးသူတစ်ပါးရဲ့ကျေးဇူးကိုသိတတ်သူများဟာလည်း ကျန်းမာရေးဆိုင်ရာကောင်းကျိုးများစွာရနိုင်ပါသေးတယ်။အိပ်ရာနိုးထချိန်မှာ ကျေးဇူးတင်စိတ်နဲ့နိုးထလာသူတွေဟာ စိတ်ကိုကြည်လင်စေပါတယ်။
မိမိကိုချစ်ခင်ကြင်နာသူတွေအပေါ် ကျေးဇူးတင်စိတ်ထားရှိတာကလည်း ပိုမိုပြီးစိတ်ခွန်အားရှိစေပါတယ်။
မိမိစားသောက်မဲ့အစားအသောက်ပြင်ဆင်ပေးသူတွေကိုကျေးဇူးတင်တာက ပိုမိုပြီးခန္ဓာကိုယ်အတွက်ခွန်အားပြည့်စေနိုင်ပါတယ်။
ကျန်းမာနေတဲ့စိတ်နဲ့ ခန္ဓာကိုယ်ကို ကျေးဇူးတင်တာကကာပိုပြီး ကျန်းမာရေးနဲ့အညီပို၍နေထိုင်ဖြစ်စေပါတယ်။
စာဖတ်သူအားလုံးဘဲ
ကျန်းမာရွှင်လန်းကြပါစေ
ဆုတောင်းများစွာဖြင့်
ဟန်နီချို
Keep Reading