Honey cho
ဒီနေ့မှာတော့ ဟန်နီကအသားအရည်ကို ထိန်းသိမ်းစောင့်ရှောက်ကြတဲ့လူတွေအကြားရေပန်းစားတဲ့ vitamin Cအကြောင်းကို ပြောပြပေးသွားမှာဘဲဖြစ်ပါတယ်။
ဟန်နီတို့မိန်းကလေးတော်တော်များများနဲ့ အသားအရည်ကိုဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်တဲ့သူတွေကြားက vitamin Cဆိုတာဟာအစိမ်းသက်သက်စကားလုံးတော့မဟုတ်ပါဘူး။
Vitamin Cပါဝင်တဲ့အသီးအနှံမျိုးစုံကိုစားသုံးပေးခြင်းဖြင့်လည်းလူတွေဟာ အသားအရည်ကိုနဂိုပုံမှန်ထက်တင်းရင်း၊ကြည့်ကောင်းစေတဲ့အပြင် ၊ဗီတာမင်စီဟာ အရေပြားကနေcollagenဓာတ်တစ်မျိုးထွက်ရှိအောင် လှုံ့ဆော်ပေးပါသေးတယ်။
ဒါ့ကြောင့် vitamin Cပါဝင်မှုများပြီးအသားအရည်ကောင်းစေတဲ့ အသီးဝလံတွေကတော့-အချဉ်အရသာရှိတဲ့အသီးတွေဖြစ်တဲ့ လိမ္မော်သီး၊ကီဝီသီး၊သံပယိုသီး၊ဂရိတ်ဖရုသီး၊ငရုတ်ပွသီး၊ပန်းဂေါ်ဖီ၊ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီထုပ်စတာတွေအပြင် ဆီးဖြူသီးနဲ့မာလကာသီးတို့လိုအရာတွေကိုလည်းစားသုံးပေးခြင်းဖြင့် Vitamin Cဓာတ်ကိုရရှိစေပါတယ်။
စာဖတ်သူအားလုံးဘဲ
ကျန်းမာရွှင်လန်းကြပါစေ။
မဟန်နီချို
Keep Reading