Honey cho
ဟန်နီကဒီနေ့မှာတော့ အဝလွန်ခြင်းနဲ့ကိုယ်အလေးချိန်များရခြင်းတို့ရဲ့အကြောင်းရင်းတွေကို ခုလိုgeneral knowledge အနေနဲ့စာဖတ်သူတွေကျန်းမာရေးဗဟုသုတရရလေအောင် မျှဝေပေးလိုက်ရပါတယ်ရှင့်။
အဝလွန်ခြင်းအဖြစ်များတဲ့သူတွေဟာ အစားအစာကိုချင့်ချိန်စားလေ့မရှိဘဲ အစားအစာကိုအလွန်အမင်းအငမ်းမရစားသုံးတဲ့လူတွေမှာအဖြစ်များတတ်ပါတယ်။
အစားစာကို အရမ်းစားလွန်းပြီးတစ်နေကုန်ကိုယ်လက်လှုပ်ရှားမလုပ်ဘဲ အညောင်းမိနေတဲ့လူတွေမှာပိုပြီးအဝလွန်ခြင်းရောဂါဟာအဖြစ်များတတ်ပါတယ်။
တစ်နေကုန် အထိုင်များတဲ့လူတွေမှာလည်း အဝလွန်ခြင်းနဲ့ကိုယ်အလေးချိန်များခြင်းရောဂါတွေအဖြစ်များကြသလို တစ်ခါတလေကိုယ့်ခန္ဓာကိုယ်နဲ့မတည့်တဲ့ဆေးဝါးတွေကိုသုံးစွဲမိရာကနေလည်းဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးကနေလည်း အဝလွန်ခြင်းဖြစ်စေတတ်ပါတယ်။
အိပ်ရေးပျက်ခြင်း၊သွေးတိုးခြင်း၊မျိုးရိုးလိုက်ခြင်းတို့ဟာလည်းအဝလွန်ခြင်းရဲ့ယေဘုယျအချက်တွေဆိုလည်းမမှားပါဘူး။
စာဖတ်သူအားလုံးဘဲ
ကျန်းမာကြံ့ခိုင်တဲ့ဘဝတွေ
ပိုင်ဆိုင်နိုင်ကြပါစေနော်။
ဆုတောင်းများစွာဖြင့်
ဟန်နီချို
Keep Reading