Mie Mie Khae
ယနေ့ခေတ်လူငယ်တွေတစ်ဖြည်းဖြည်းပျက်ဆီးလာကြပြီ။ လမ်းပျောက်လာကြပြီ။
ငယ်ငယ်ရွယ်ရွယ်နှင့်အိမ်ထောင်ပြုနေကြပြီ။
အရှက်အကြောက်ကင်းမဲ့လာကြပြီ။
အိမ်မက်တွေမရှိကြတော့ပြီ။
စာသင်ကျောင်းတွေမှာကလေးတွေ ဖုန်းတွေကိုယ်စီနဲ့ဖြစ်နေကြပြီ။ လမ်းမတွေထက်မှာ လူတွေကြားထဲမှာ လူငယ်စုံတွဲတွေ ပါးနမ်း၊နှုတ်ခမ်းစုပ် နေကြပြီ။
အရှက်အကြောက်မရှိ၊ လူကြီးကိုလည်းရိုသေရမှန်းမသိ ဖြစ်နေကြပြီ။
**************
ဪ........အနာဂတ်..........အနာဂတ်
အနာဂတ်တွေအတွက်ရင်လေးစရာ။
အခုလိုပျက်စီးနေတဲ့ ခေတ်ထဲမှာ လူဖြစ်တာကိုပဲ
အပြစ်တင်ရမလား။ လိုက်မမီလောက်အောင်တိုးတက်နေတဲ့ ခေတ်ကိုပဲအပြစ်တင်ရမလားပဲ။
Social media တွေ ထွန်းကားလာတာကိုပဲအပြစ်တင်ရမလားပဲ။ လူငယ်တွေကိုဘယ်အရာတွေကများဖျက်ဆီးနေပါလိမ့်၊ ဘယ်လို့ကြောင့်များ ပျက်ဆီးနေရတာပါလိမ့်။ ပျက်ဆီးနေတဲ့ခေတ်ထဲမှာရောပြီးပျက်ဆီးနေကြပြီပဲ။
***************
ကျွန်ုပ်တို့နိုင်ငံကြီးပျက်ဆီးနေပြီ။ ဒီပျက်ဆီးနေတဲ့ နိုင်ငံတော်ကြီးကို ပြန်လည်ပြုပြင်ဖို့ ကျွန်ုပ်တို့လူငယ်တွေကိုလိုအပ်တယ်။ ပျက်ဆီးနေတဲ့လူငယ်တွေကိုလိုအပ်တာမဟုတ်။ ထက်မြက်တဲ့၊တော်တဲ့ လူငယ်တွေကိုပဲလိုအပ်တယ် ဆိုတာလူငယ်တွေနားလည်ရန် လိုအပ်တယ်။ အခုကျွန်ုပ်တို့နိုင်ငံကြီးပျက်ဆီးနေရတာ လူကြီးတွေရဲ့အတ္တကြောင့်အများကြီးပါတယ်။ ကျွန်ုပ်တို့လူငယ်တွေလည်း တစ်ချိန်ကျရင်လူကြီးဖြစ်လာကြမှာပဲ။ ကျွန်ုပ်တို့လူကြီးတွေဖြစ်လာရင်လည်း နောင်အနာဂတ်လူငယ်တွေ အခုခေတ်လူငယ်ေတွကဲ့သို့ မကြုံရစေရန် အခုခေတ်လူငယ်တွေမှာအများကြီးတာဝန်ရှိတယ်။ လူငယ်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အဓိကမဏ္ဍိုင်ပဲ။ ဒါကြောင့်ကျွန်ုပ်တို့လူငယ်တွေ စာဖတ်ဖို့လိုတယ်။ ပတ်ဝန်းကျင်မှာဘာဖြစ်နေလဲဆိုတာကိုသတိပြုဖို့လိုတယ်။ ဘယ်ဟာအမှန်၊ဘယ်ဟာအမှားလဲဆိုတာ ခွဲတတ်ဖို့လိုတယ်။ လူငယ်တွေနိုးထဖို့လိုနေပြီ။ လူငယ်တွေရည်မှန်းချက်တွေရှိဖို့လိုနေပြီ။ ကျွန်ုပ်တို့နိုင်ငံကြီးက လူငယ်တွေကို အရမ်းလိုအပ်နေပြီ ဆိုတာ လူငယ်တွေကို သတိပေးရင်း နိဂုံးချုပ်လိုက်ပါရစေ။
Keep Reading