Red Tiger
+++++++++++++++++++++++++++++++++++++
ဧပြီလ ၂၂ ရောက်တိုင်း မိခင်ကမ္ဘာမြေနေ့ကို ကမ္ဘာ့အရပ်ရပ်က ကျင်းပပြုလုပ်ကြသည်။ ၎င်းနေ့ကို နေ့ထူးနေ့မြတ်တစ်ခုအဖြစ် သတ်မှတ်ရပေမည်။ ယခုနှစ်၏ ကြွေးကြော်သံမှာ "A call to end plastic pollution" ဆိုတဲ့ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး တောင်းဆိုချက်ပင် ဖြစ်သည်။
မိခင်ကမ္ဘာမြေသည် သမုဒ္ဒရာ (၅) စင်း၊ တိုက်ကြီးခုနှစ်တိုက်ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် ကျွန်တော်တို့၏ နေထိုင်ရာကမ္ဘာငယ်လေးသည် အရမ်းကိုသာယာဝပြောခဲ့သည်ဟု တစ်ချိန်တုန်းက ရှေးခေတ်လူကြီးတွေ ဆိုခဲ့ကြဖူးသည်။
ရေ၊ လေ၊ မြေ တို့သည် သဘာဝအတိုင်း အချိန်ကိုဖြတ်သန်းလျက် ပုံမှန်ဖြစ်ပေါ်နေခဲ့၏။ စိမ်းလန်းစိုပြေ သာယာဝပြောသော တောတောင်ရေမြေတို့ကို သဘာဝတရားက ဖန်တီးပေးခဲ့၏။
မိခင်ကမ္ဘာမြေကြီး ကောင်းမွန်စွာ ကျန်းမာသာယာနေဖို့ရန်နှင့် ဆက်လက်ပြီး ရေရှည်တည်တံ့ဖို့ ဘယ်သူရဲ့တာဝန်ဖြစ်နေတာလဲ? ဒါကတော့ မေးခွန်းထုတ်စရာပါပဲ။
လူတွေ တီထွင်ဖန်တီကြံဆမှုပြုလုပ်ရာမှ ဘေးအန္တရာယ်ဖြစ်ပေါ်စေသော အကျိုးပြုသက်ရောက်စေမည့်အရာတွေက ရာသီဥတုဖောက်ပြန်ခြင်း၊ သဘာဝပတ်ဝန်းကျင်တွေရဲ့ ဘေးအန္တာရာယ် အကြီးစားများဖြစ်သော ရေ၊ လေ၊ မြေ ညစ်ညမ်းခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်းရေရှားခြင်း၊ ရေချိုထဲ ရေငန်ပါဝင်မှုပမာဏများလာခြင်း စသည်တို့ကို တစတစတိုးမြင့်လာသည်။ ၎င်းဘေးပြုအရာအားလုံးတို့ကို သဘာဝအရ ရင်းနှီးကျွမ်းဝင်စွာနည်းပညာများနှင့် ပူးပေါင်းလုပ်ငန်းစဉ်များကို ဖြန့်ကျဲပြီး ရေရှည်တည်တံ့သော ဖွံဖြိုးမှုဆီသို့ ဘေးစည်းရန်ကာ တိုးမြင့်ပြုလုပ်၍ ပိုမိုကောင်းမွန်သော မိခင်ကမ္ဘာမြေကို ထိန်းသိမ်းနိုင်ရမည်။
ယခုဆိုရင် သစ်ပင်တွေကိုခုတ်ထွင်းပြီး စက်ရုံအလုပ်ရုံတွေ အကြီးအကျယ်တည်ဆောက်ခြင်း၊ သဘာဝတရားအပေါ် အမြတ်ထုတ်လာတတ်ကြသည်။ မယုံနိုင်စရာကောင်းလောက်အောင် ပျက်စီးယိုယွင်းမှုများ၊ အလဟာသဖြစ်သွားသော အမွေအနှစ်အရင်းအမြစ်များနှင့် စားဝတ်နေရေးအတွက် လူတွေရဲ့ အတ္တများ၊ မြင်တွေ့လို့မဆုံးပင် ဖြစ်တော့သည်။၊
၁၉၇၀ ခုနှစ်မှ စတင်၍ မိခင်ကမ္ဘောမြေနေ့ ( World Earth Day) ကို သတ်
Unlock to read this premium article with 10 points.