SarPhat Author
ဒီရက်ပိုင်း Fasting လုပ်နေတော့ စိတ်ရဲ့စွဲလမ်းမှုနဲ့ လိုအင်ဆန္ဒတွေကို အထူးသတိထားလေ့လာမိတယ်။ တိုက်ဆိုင်စွာပဲ Scarcity Brain ကို ဒီနေ့မှာဖတ်မိတော့ အခြားလူတွေကိုပါ ဖတ်စေချင်လို့ review လာပေးတာပါ။
အသစ်အဆန်းတွေ၊ ရွေးချယ်စရာတွေပေါများလွန်းတဲ့ခေတ်မှာ ရလေလိုလေစိတ်တွေနဲ့ ရုန်းမထွက်နိုင်ကြတာကို ဒီစာအုပ်မှာ နက်နက်နဲနဲဥပမာတွေနဲ့ ကွက်ကွက်ကွင်းကွင်းမြင်အောင် ဖော်ပြထားပါတယ်။ စိတ်စွဲလမ်းမှုကို ဖြစ်စေတဲ့အကြောင်းတရား၊ အသစ်အဆန်းတွေကို ကောက်ကောက်ပါအောင်လိုက်ချင်တဲ့ လူ့သဘာဝတွေကို ရှင်းပြထားပြီး ကျန်းမာတဲ့စားသောက်နေထိုင်မှုဘဝကို ပြောင်းလဲနေထိုင်ချင်တဲ့လူတွေအတွက်လည်း အကြံပြုချက်အချို့ပါတယ်။ ပြသာနာကိုဖြေရှင်းဖို့ အရင်ဆုံးပြသာနာကိုသိဖို့လိုကြောင်းတော့ သိကြပြီးဖြစ်မှာပါနော်။ ဒီစာအုပ်မှာ ပြသာနာရဲ့အစကို ရှာတွေ့နိုင်ပါတယ်။
မကောင်းတဲ့အကျင့်တွေကို ဆက်တိုက်လုပ်နေမိတယ်၊ social media ကို စွဲလမ်းနေတယ်၊ အစားအသောက်အလွန်အကျွံစားမိနေတယ်၊ toxic society မှာပျော်မွေ့နေတယ် စတာတွေအားလုံးက စိတ်ကနေအခြေတည်လာမို့ ကျွန်မတို့ အမှန်တကယ်ရုန်းထွက်ရမှာ ဒီစိတ်ကနေပဲဆိုတာကို ကျွန်မအခိုင်အမာယုံကြည်တယ်။ ဒါကြောင့် မတူညီတဲ့ရှုထောင့်ကနေ မြင်ကြည့်ချင်တယ်၊ စိတ်ရဲ့ဆွဲဆောင်မှုကနေ ရုန်းထွက်ချင်တယ်ဆိုရင် ဒီစာအုပ်က အဖြေတစ်ခုပေးနိုင်မှာပါ။
ကျွန်မက reader's paradise app ကနေ ဖတ်တာမို့ စာအုပ်အနေနဲ့ ဘယ်မှာရနိုင်လဲဆိုတာတော့ မသိပါဘူးရှင်။
Hsu Wadi Hnin
26.2.2024 (Monday)
Keep Reading