သင်္ခါရ လောကသား
ကျွန်တော်ကပဲ မှန်နေတာလား၊ လူတွေကပဲ မှားနေတာလားမသိဘူး။ အောင်မလေးဗျာ တရားမမျှတကြလိုက်တာ ဘယ်လိုတွေတောင်ပါလိမ့်နော်။ တဖြေးဖြေးနဲ့ တွင်းနက်ထဲကိုစုပ်ယူတာ ခံနေရသလိုမျိုး ဘေးနားကဟာတွေအကုန်လုံး အစစ်အမှန်မဟုတ်တော့သလိုပဲ။ အနာဂတ်လဲ ကြိုမတွေးနဲ့ အတိတ်မာလဲမနေနဲ့ ဆိုပေမဲ့ ကျွန်တော်အတွက်တော့ နေစရာပစ္စုပန် မရှိဘူး ဖြစ်နေမိတယ်။ အတိတ်မှာဖြစ်ခဲ့တာတွေက များလွန်းတော့ အနာဂတ်ကိုကြိုတွေးရင်း ကိုယ့်ကိုကိုယ် ပစ္စုပန်မှာနေဖို့မေ့လာမိနေပြီဗျာ။ တရားမျှတတယ် ဆိုတာခုထိ ရှာမတွေ့သလို ဘယ်တုန်းကမှ ကျွန်တော်အပေါ်မျှမျှတတ ဆက်ဆံခံရတာ မရှိဘူးဗျ။ အခြေအနေ အချိန်အခါ အရပ်ရပ်ကိုလိုက်ပြီး ရေလိုက်ငါးလိုက်နေပေးပါသော်လည်း လူဆိုတဲ့အရာတွေက စောက်မြင်ကတ် ပုဒ်မ တွေနဲ့ တရားစွဲကြတဲ့အခါမာ တရားစောင့်တဲ့ နတ်သမီးပဲဖြစ်ဖြစ်၊ နတ်သားပဲဖြစ်ဖြစ်၊ နတ်လေးပဲဖြစ်ဖြစ်၊ နတ်ကြီးပဲဖြစ်ဖြစ် ကျွန်တော်ဘက်မှာ မရှိခဲ့ကြဖူးဗျာ။
အဆိုတော် လစ်လလ် ဇီး ရဲ့ ဖောလ်အင်လဗ် သီချင်းထဲကလိုပဲ
ဖင်ခံပေါင်းခဲ့မိတဲ့အတွက် ဆောရီးပါ၊ ငါ့အတွေးမင်းတို့နဲ့မတူခဲ့ရင် ဆောရီးပါ။
အများနဲ့ တစ်ယောက် ဆိုတော့ ကြောက်တော့ကြောက်တယ် သို့သော် ကောင်းကင်ပေါ်ထိ တတ်ရွဲ့ပစ်လိုက်မယ်။ ဘယ်လိုတွေတောင် ဖြစ်နေပြီလဲ ဆယ်ကျော်သက်တို့ရဲ့ဘဝ။ အပူအပင်မရှိ အေးရာအေးကြောင်း မုန့်စိမ်းပေါင်း နေရမယ်လေ။ ခုဆယ်ကျော်သက် ကျွန်တော်တို့ ခင်ဗျာ တစ်ထောင့်ကိုးရာငါးဆယ်ခုနှစ်က အရူးထောင်ကလူတွေထက်တောင်ပိုအပူအပင်များနေသေးပါရဲ့ဗျာ။ ဘာလို့အပူအပင်များလဲတွေးလို့။ ဘာလို့တွေးလဲအပူအပင်များရမဲ့ကိစ္စတွေ မတွေးနဲ့လေ။ တွေးဖို့ဦးနှောက်ရှိလို့ပေါ့ဗျာ။ စဥ်းစားတွေးခေါ်တတ်တဲ့ ဦးနှောက်က သာမန် လူတွေထက် မတူတစ်မူထူးခြားလို့ ပိုတွေးနိုင်တာပေါ့။ စိတ်ပညာအဆိုအရ ဦးနှောက်ပိုအလုပ်လုပ်တဲ့ လူဟာ ပိုပြီးဝမ်းနည်းတတ်ကြတယ်တဲ့။ အဲ့ဒါကြောင့် တက္ကသိုလ်တွေမာ စိတ်ပညာမေဂျာ ယူတဲ့ လူတွေ ဒဿနိကဗေဒမေဂျာယူတဲ့ လူတွေဟာ အမြဲလိုလိုမှိုင်ထိုင်ငေးမော နေတတ်ကြတာလေ။
ကတ် ကိုဘိန်း နာမည်ကြီး ဂစ်တာတီးကျွမ်းကျင်သူ၊ အဆိုတော် တစ်ယောက်ဖြစ်သော်လည်းပဲ လောကကြီးအကြောင်းကို နားလည်ဖို့ ကြိုးစားရင်း အနီးပြစ်သေနတ်ပြောင်းဝကိုပါးစပ်ထဲထည့်ကာ အဖြေရှာခဲ့ရတယ်။ မြို့မငြိမ်းလည်း အုပ်သယ်ကားအောက် ပြေးဝင်သွားခဲ့ရင်းအဖြေရှာခဲ့တယ်။ သူတို့လိုချင်တဲ့အဖြေကို သူတို့တွေ့ခဲ့လား။ တွေ့ခဲ့ရင်တောင် သူတို့လိုပဲသိချင်နေတဲ့ ကျွန်တော်တို့ကိုရော ပြန်ပြောနိုင်မှာလား။
လူတွေဟာရယ်ဖို့ကောင်းတယ်။ နောက်ဆုံး နစ်စရာမရှိရင်တောင် ကိုယ့်အတ္တထဲကိုယ်ပြန်နစ်လို့ ဆွဲကယ်လို့မရတော့တဲ့ လူတွေအများကြီးဘဲပေါ့ဗျာ။ အခုဆိုရင်ဆယ်ကျော်သက်တွေမာ ပိုဆိုးလာပြီ။ ဒီလိုအရွယ်မှာကတည်းကိုက စိတ်ကျရောဂါတွေခံစားနေရပြီ။ ဆယ်ကျော်သက် တစ်ယောက်သိသင့်တာထက်ပိုသိ ပိုတွေးနေတော့ အရာရာဟာသူတို့အတွက်ပျော်ဖို့မကောင်းတော့ဘူး။ အကြောင်းအရာအမျိုးမျိုးကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ် ဒါပေမဲ့သူတို့ မပျော်တော့တာအမှန်ပဲ။ သူတို့ပျော်ရာသူတို့လုပ်တော့လည်း အပြစ်ဖြစ်ပြန်ပြီ။ သူတို့စိတ်ခံစားချက် နှလုံးသားကို ဘယ်သူတွေကသတ်နေတာလဲ။ ဘယ်သူတွေကအပြစ်ရှိနေတာလဲ။
လာပါပြီ...လာပါပြီ ဆယ်ကျော်သက်တို့ အနီရောင်စာအုပ်လေးလက်မာကိုင် ဖက်ကြမ်းဆေးလိပ်လေးဖွာပြီး ဆံပင်ဘုတ်သိုက်နဲ့ ဆယ်ကျော်သက်တို့ လာပါပြီ။ ပြောလည်းပြောချင်စရာ နှလုံးသားခံစားစိတ်ကိုသတ်ချင်လဲ သတ်ချင်စရာတွေပါဗျာ။ အယူဝါဒတွေကိုလိုက်လံတွေးခေါ်နေရင်း စိတ်ညစ်ကြပါတယ်ဆိုမှ သူတို့ကလည်းနော်။ တချို့တွေကြပြန်တော့လည်းဆယ်ကျော်သက်အရွယ်မှာကတည်းက မြောက်ကြွမြောက်ကြွ လူလေးကအလိုလိုက်ခံရတော့ အာဏာပါဝါက ပြချင်။ လူတွေကလဲ သူကဘာဇာတာဘယ်အချိန်မှာ မွေးလာတာ ဘာညာတွေပြောလို့ပြော။ ငယ်ငယ်ကတည်းကမှ အဲ့လိုနေလာမှတော့ ကြီးလာရင်အာဏာပိုမပြဘူးလို့ဘယ်သူကအာမခံနိုင်မှာတုန်း။ ငါ့တုန်းကတော့ ဘယ်လိုမျိုးဖြစ်ခဲ့ရလို့ ငါ့တုန်းကတော့ဘယ်လိုမျိုးခံခဲ့ရလို့ ငါ့သားမှ ငါ့တူမှ ငါ့မြေးမှ ငါ့မြစ်မှ ငါ့ဘာလာဘာလာဘာလာ ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက် မပြီးနိုင်တော့ပါဘူးဗျာ။
ဘုရားအဟောအတိုင်းဆို ပြုသူအသစ်ဖြစ်သူအဟောင်း။ သူတို့ကအဲ့လိုပြုလိုက်လို့ သူတို့ကလေးက တခြားကလေးတွေကိုအဲ့လို အဲ့လို ဆိုပြီး အာဏာပါဝါပြတာပဲဖြစ်ဖြစ်၊ နိုင်စားတာပဲဖြစ်ဖြစ်၊ ဆယ်ကျော်သက်မှာတင်ကို ဒီလိုဟိုလို လက်ညှိုးတစ်ချောင်းနဲ့ ဗိုလ်အောင်ဒင် ဖြစ်နေရင် ငြိမ်ပြီးသည်းခံမဲ့ကလေးလည်းရှိသလို့ ငြိမ်ပြီးမှတ်ထားမဲ့ကလေးတွေလည်း ရှိတယ်။ ဘယ့်နှယ့်ဗျာ ကြောက်သင့်ရမဲ့နေရာမှာကြောက်ရမယ်၊ ရွယ်တူလေးစားရမယ်ဆိုလေးစားရမယ် ဆိုတာမရှိတော့ဘူး။ စည်းတွေဖောက်ကုန်ကြပြီ။ နင့်ဟာလဲငါ့ဟာငါ့ဟာလဲငါ့ဟာ တွေဖြစ်ကုန်ပြီ။
တချို့ကြပြန်တော့လည်း အားနာလွန်းလို့၊ ကြောက်လွန်းလို့၊ လေးစားလွန်းလို့ ကိုခက်နေတယ်။ သူတို့အပေါ်နိုင်လို့ရမှန်းလူတွေကသိတော့ ပိုနိုင်လိုတယ်။ ဗိုလ်ပိုကျ လိုတယ်ပေါ့လေ။ အဲ့ကြသနားပါတယ်သူတို့ ခင်ဗျာ ဝတ္တရားပေါင်း၁သောင်းနဲ့မှ၆ထောင်။ကမ္ဘာမှာလူတွေ လူသားသန်းပေါင်း၈ထောင်ကျော် မတူညီတဲ့စိတ်ခံစားချက်သန်းပေါင်း ၈ထောင်ကျော်၊ မှန်တာကိုပြောရဲတဲ့သတ္တိရှိတဲ့လူရှိသလို မှားတာကိုထောက်မပြရဲတဲ့သူရဲဘောကြောင်တဲ့ လူတွေလည်း ရှိတတ်ကြတယ်။
ဟာ...မဆိုင်ပါဘူး...ငါတို့ကပြဿနာထဲဝင်မပါချင်လို့ပါကွာ ဆိုရင် ဒုတိယကမ္ဘာစစ်မာ အမေရိကန်ကနာဇီဂျာမနီကိုတိုက်စရာမလိုဘူး။ ဘီအိုင်အေနဲ့ မျိုးချစ်ကျောင်းသားအစုအဖွဲ့တွေ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာမှာမဟုတ်ဘူး။ မြန်မာနိုင်ငံလွတ်လပ်ရေးတောင် ရချင်မှရဦးမယ်။ လိုချင်တာကျ ခံစားချင်တာကျ ဒီမိုကရေစီ။ တန်းစီရလို့နည်းနည်းလေးကြာလာရင် စိတ်က မရှည်တော့ဘူး ကျော်ချင်ပြီ ခွချင်ပြီ အများနည်းတူ မကျင့်ကြံချင်တော့ဘူး။ သူများ က ဟင်းတစ်တုံး ကိုယ်တွေလဲ ဟင်းတစ်တုံးဆို အနှစ်ဘယ်သူဘာလို့ ပိုပါလဲ ကြည့်ကြတဲ့ဟာတွေ။ ရယ်ချင်လိုက်တာမှ ပိုးဆိုးပက်စက်ပါပဲ။ ကိုယ်တွေလုပ်ရင်တော့အကောင်းပေါ့ သူများက ကိုယ်တွေလုပ်သလို ပြန်လုပ်ရင်တော့ အဆိုးဖြစ်သွားကြပြီ။
လူတွေက ယုတ္တိဗေဒ ဆိုတဲ့သဘောတရားကို နားမလည်တတ်ကြတာလားဗျာ။ (လူမျိုးရေးခွဲခြားခြင်းမဟုတ်) အိန္ဒိယမှာ လမ်းဘေးအစားအစာတွေယင်တလောင်းလောင်း လက်ကဂျီးအရစ်လိုက် တချို့ဆို ဘယ်ဂျောင်ကြားထိုးထားမှန်းမသိတဲ့အဝတ် နဲ့လုပ်တဲ့ မုန့်တွေကျ သူတို့လုပ်တဲ့ မုန့်တွေကစားလို့ကောင်းတယ် ဘာဖြစ်ညာဖြစ်နဲ့ ကိုယ်တွေဆီကျ ဆံပင်မွှေးလေး တစ်မွှေး နှစ်မွှေး ပါတာတောင် ဖြစ်ပျက်နေလိုက်ကြတာ မသိရင် အူသိမ်၊ အူမ၊ အူအတက်၊အစာအိမ် အူလမ်းကြောင်းနဲ့ပက်သက်တဲ့ရောဂါတွေ ဖြစ်တော့မဲ့အတိုင်းဘဲ။ အိန္ဒိယကိုမကောင်းဘူး ပြောလို့ ကောင်းကြောင်းသက်သေပြမဲ့ ကိုရီးယား အမျိုးသမီး ဘလော့ဂါတစ်ယောက် အိန္ဒိယလေဆိပ်ကနေမှ မျက်ရည်နဲ့မျက်ခွက် ကိုရီးယားကိုပြန်လာခဲ့ရတယ်။
လူ့ဘောင်လူလောကကြီးမှာ တရားမျှတမှု ဆိုတာမရှိတော့ဘူး။ စိတ်တိုလွယ် တဲ့သူတစ်ယောက်ကို မခံခြင်အောင်ပြောပြီး ဘယ်လိုစလိုက်မယ်၊ သူ့ဘက်က ဒေါသထွက်စိတ်တိုလာရင် သူ့အမှား စဖြစ်ပြီ ဆိုတဲ့ စိတ်ဓာတ်နဲ့ အောက်တန်းစားလူ့ဂွစာ တွေကများနေတယ်။ ခန္ဓာကိုယ်ချင်း မမျှတာတောင် အားနည်းတဲ့သူကို ဝိုင်းလုပ် ချင်တဲ့ လူကခပ်များများ။ ပြဿနာတစ်ခုစဖြစ်လို့ ကိုယ်တွေဘက်က အသေးအမွှားနဲ့လုပ်လို့ ဟိုဘက်ကကြီးကြီးမားမား နဲ့လက်တုံ့ပြန်ရင် အသေးအမွှားနဲ့စလုပ်တဲ့ လူတွေက အမှားဗျ။
စိတ်လေပါတယ်ဗျာ ခင်ဗျားတို့နဲ့ တော်ကြပါတော့ တော်ကြပါတော့ဗျာ တော်ကြပါတော့။ ဘယ်သောအခါမှ မမျှတလွန်းခဲ့တဲ့ လူ့ဘောင်လူ့အဖွဲ့အစည်းကြီး။ ဘာလို့မမျှတတာလည်းဆိုတာအဖြေရှိတယ်။ အဲ့အဖြေကို ဘာနဲ့သက်မှတ်တာလဲ ငွေကြေးဥစ္စာဓာနနဲ့လား ဆွေမျိုးအသိုင်းအဝိုင်းနဲ့လား လက်နက်နဲ့လား အသိပညာနဲ့လား။ ကျန်တာတွေတော့မသ်ိပေမဲ့ အသိပညာနဲ့သက်မှတ်တယ်ဆိုရင်တော့ မျှကိုမျှတမှရမယ်။ တန်းတူညီတူညီမျှအခွင့်အရေးရှိကိုရှိရမယ်။ မျှတမှုကိုယူကိုယူဆောင်လာရမယ်။ အဓိက ရန်သူနှစ်သွယ်ဖြစ်တဲ့ ပြန်လည်အသစ်တစ်ဖန်ဖြစ်တည်ခြင်းနဲ့ပျက်စီးခြင်း တို့ကိုချေမှုန်းနိုင်အောင်လုပ်ဆောင်ရမယ်။ မျှတမှုရှိအောင် မမျှတမှုတွေကြောင့်ပေါ်ပေါက်လာတဲ့စစ်ပွဲကြီးတွေရပ်အောင် ကမ္ဘာနဲ့ဆိုင်တဲ့အဖွဲ့အစည်းကြီးတွေရှိနေတာတောင် မမျှတမှုတွေကြောင့်စစ်ပွဲတွေဖြစ်နေရတုန်း။ သန်းပေါင်းများစွာ သေကြေ၊ငတ်ပြတ် နေကြတုန်း။
ထေရဝါဒ ဗုဒ္ဓဘာသာတရားထွန်းကားလှတဲ့ မြန်မာနိုင်ငံမှာတောင် နောက်ကွယ်မှာအတင်းတုပ်တုန်း။ လူမဆန်တာတွေဖြစ်တုန်း၊ ပြည်တွင်းစစ် အရှည်အကြာဆုံးနိုင်ငံကလည်း ထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့မြန်မာနိုင်ငံဘဲ ဖြစ်နေတုန်း။ ဘာမှမဆိုင်ဘဲ၊ ဘာမှမသိဘဲ မကျေနပ်ကြောင်း မာန်တခွီးခွီးဖီပြနေတဲ့လူတွေရှိနေတုန်း။ အဲ့ဆိုးကျိုးတွေကလေ ခုခင်ဗျားတို့ပြောပြောနေတဲ့အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေ ကိုအကျိုးသက်ရောက်နေပြီ။ ဘယ်သူလာရပ်တန့်ပေးမလည်း။ ဘယ်သူကရော လာပြီးရပ်တန့်ပေးနိုင်မှာလည်း။ ရပ်တန့်ဖို့ကြိုးစားတဲ့လူတွေကကော အောင်မြင်သွားခဲ့ကြရဲ့လား။ လောကနိယာမ ဆိုတာဘာလည်းလို့အဖြေထုတ်ရင်း ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတဲ့လူတွေလည်းမနည်းတော့သလို အို၊နာ၊သေ သဘောသုံးပါးကြောင့် သေဆုံးသွားရတဲ့လူတွေလည်း များပြားလွန်းလှပြီ။ ပုဂ္ဂိုလ်ရေးရာတွေကို အများနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အသုံးပြု၊ အသုံးချကြတုန်း။ ယုံကြည်လို့ပြောတဲ့စကားတွေကို အောက်ဖဲဆိုပြီးပုဂ္ဂိုလ်ရေးတွေတိုက်ခိုက်ကြတုန်း။ လူတွေရယ်ခင်ဗျားတို့ လုပ်ပုံနဲ့တော့ ဘေးနားမှာရှိနေတဲ့အရာတွေက အစစ်အမှန်လို့တောင်မထင်မိတော့ဘူး။ ဒီလိုနဲ့ တစ်နှစ်က ကုန်ပြန်ပြီ။
သင်္ခါရလောကသား
Keep Reading