Chitsu
တချို့ ဆက်ဆံရေးတွေ မြင်ဖူးမှာပါ ။ မိသားစု ၊ သမီးရည်းစား ၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း တွေထဲမှာ ကိုယ်တစ်ယောက်တည်း ထူးပြီး ခံစားနေရတာ၊ ကိုယ်ပဲ ထူးပြီး တော်နေသလိုမျိုး ။ ရှိကြမှာပါ ။ သတိမထားမိကြတာပဲ နေမှာ ။
သမီးရည်းစားမှာ ဆို ပိုဆိုး။ တစ်ဖက်က အရမ်းဆိုး၊ စိတ်ကောက် ၊ ကောက်စရာမရှိ ကြံဖန်ပြီး ကောက် ၊ အပြစ်မရှိ အပြစ်ရှာ ရှာကြံလုပ်တတ်သူ ။ နောက်တစ်ယောက်က တစ်ဖက်က ဆ်ိုးသမျှကို သည်းခံ၊ ခွင့်လွှတ် ။ ဘာလို့ဆို မခွဲနိုင်လို့ ။ ချစ်လို့ ဆိုပြီး ။ ဒါပဲ လာဥိီးမှာ ။ ဟုတ်တယ် မလား ။
တကယ်တော့ အဲ့လို အပြုအမူမျိုးက ကျန်းမာတဲ့ ဆက်ဆံရေးတစ်ခုမှာ ရှိကို မရှိသင့်ဘူး။ ဒါက အန်ိုင်ကျင့်ရုံသက်သက်နဲ့ အခွင့်ထူးခံချင်စိတ်ကြောင့်ပဲ ။ အခွင့်ထူးခံဆိုတာ " Mark Manson ရဲ့ ' The subtle art not giving a F*ck '' ထဲမှာပြောထားသလိုဆို ကောင်းတာရော၊ ဆိုးတာရော သူတယောက်တည်းပဲ တကမ္ဘာလုံးမှာ သူပဲ ခံနေရသလိုမျိုး။
စိတ်ကြီး ဝင်တယ်လည်း ပြောလို့ရမှာပေါ့ ။ အခွင့်ထူးခံသမားကလည်း ဂရုစိုက်မှုတွေ၊ အလေးပေးမှုတွေလိုချင်တော့ တစ်ဖက်ကို စိတ်ကင်ဆာ တစ်သောင်းပေးပြီး ပြဿနာတွေ ဆက်တိုက် ဖန်တီးတော့တာပဲ။
ကျန်တယောက်ကလည်း သည်းခံ၊ သည်းခံ ၊ နောက်တော့ ခွာပြဲ။ သူလည်း သည်းခံချင်လို့ သည်းခံတာမှ မဟုတ်တာ ။ ငါဒီလို သည်းခံမှ သူငါ့ကို ချစ်မှာဆိုတဲ့ စိတ်ကြောင့် နေနေတာ ။
အခွင့်ထူးခံ သမားတွေက ပြတ်သွားလည်း အေးဆေးပဲ ။ သူလိုချင်တဲ့ ဂရုစိုက်တာတွေ ၊ ပြောမကုန်တဲ့ အချစ်တွေ နောက်တစ်ယောက်ဆီက မရရအောင် လုပ်ယူဥိီးမှာပဲ ။ လူပဲ မတူတော့တာ။ ပြဿနာတွေကတော့ အတူတူပဲ။ ဒါနဲ့ပဲ ရည်းစားများတယ်။ ပွေတယ် ဖြစ်လာပြီး Red flag တွေ ဖြစ်လာပါရော ။ အဲ့လို လူတွေက သူတို့ကိုယ်ထက် ဘယ်သူ့မှ ပိုမချစ်နိုင်ဘူး။
ဘာလို့ဆို သူတို့က အခွင့်ထူးခံလေ။
ဒိီမှာ သူတို့မှားတာလို့ ပြောလို့မရဘူး ။ ငယ်ငယ်ကတည်းက အချစ်မခံရတဲ့ကလေးတွေ ၊ လူကြီးတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု သိပ်မခံရတဲ့ကလေးတွေက ကြီးလာရင် ဒီလို red flag လေးတွေ ဖြစ်လာတတ်ကြတယ်။ ပြိိီးတော့ တလွဲဆံပင်ကောင်း ရည်းစားများလို့ ဂုဏ်ဆာနေသူတွေ ရှိကောင်းရှိမယ် ။
တကယ့် အဆိပ်အတောက် ကင်းတဲ့ ဆက်ဆံရေးက အဲ့လို မဟုတ်ဘူး။ ပျင်းစရာကောင်းတယ်ပဲ ပြောပြော။ သူတို့မှာ သူ့စည်း ၊ ကိုယ့်စည်းဆိုတာ ရှိတယ်။ တစ်ဖက်ကို လေးစားတယ် ။ ကိုယ်က သမီးရည်းစားဖြစ်နေလို့ ဆိုပြီး တစ်ယောက်ရဲ့ ကိစ္စကို အတင်းကာရော ဝင်မစွတ်ဖက်ဘူး ။
ဒါကို တချ်ို့ က သူစိမ်းဆန်တယ် ထင်တယ်။ ရည်းစားဖြစ်တိုင်း အချိန်ပြည့် သတိရပေးနေစရာ မလိုဘူး။ အမြဲ တောက်တဲ့ ကပ်သလို တွယ်ကယ်နေစရာလည်း မလိုဘူး။ သူ့အတွက်ဆိုပြီး အချ်ိန်ပြည့် ပေးစရာမလ်ိုဘူး။ သူအဆင်ပြေနေရင် ကိုယ် ဝမ်းသာပေးရမယ် ။ သူလိုအပ်တဲ့ အချိန် ကိုယ်ရှိနေပေးရမယ် ။ ဘယ်သူ့မှ ရင်ဖွင့်လို့မရတာတွေ ပြောပြလို့ရတယ် ။
ဆိုးတိုင်ပင် ကောင်းတိုင်ပင် ချိန် အသင့်ရှိနေမယ် ။ ကိုယ့်အပေါ် လေးစားတယ်။ ညှာတာတယ်။ တစ်ဖက်ပါတနာ အဆင်ပြေအောင် မဟုတ်ကို အဟုတ်မပြောမရဘူး။ သစ္စာရှိရမယ် ။ တယောက်ပေါ်တယောက် ရိုးသားမယ် ဆိုရင်အဲ့အတွဲ သေတာတောင် မပြတ်ပါဘူး။
ပြီးတော့ ကျမအမြင်ပေါ့နော် Official တွဲထာထက် Silent တွဲတာ ပိုသဘောကျတယ်။ ဒီလို ဆိုလိုက်လို့ ' ဟ.. Official မတွဲမှတော့ တကယ်မချစ်လို့ပေါ့ '' ဆိုပြီး ပြောကြမယ် ။
ဒါဆို ကျမ ဒါလေး ပြောပြချင်တယ် ။ ဟိုးရှေးခေတ်ကတည်းက ' ငါတော့.ဘယ်သူနဲ့ ရည်းစားဖြစ်နေတာပါဆိုပြီး တရွာလုံး သိအောင် မပြောခဲ့ပါဘူး။ အခုကတော့ fb new feed ပေါ် မနေ့က ကြိုက် နောက်နေ့ Rs ထချိတ်။ တစ်လလောက်နေတော့ အသဲကွဲသည်ပေါ့ ။
ထမင်းစားရေသောက်သလို ထည်လဲတွဲနေကြတာတွေ ။ အထင်ကြီးစရာ မရှိပါ။ ကိုယ်တကယ် ချစ်တာလား ။ တယောက်ထဲ ထားမှာလား။ ဒါဆို ရေရှည် အတွက် စဥ်းစားရမယ်။ သူနဲ့ငါ အဆင်ပြေပါ့မလား တွေးရတော့မယ်။ ပြီးရင် ကိုယ်ကရော သူ့အတွက် ဘယ်လောက်အရည်အချင်းတွေ ရှိပြီလဲ။ သူကရော ငါလိုချင်တဲ့ အရည်အချင်းတွေ ရှိလား ။ ဒါကတော့ ရင့်ကျက်တဲ့သူတွေပဲ တွေးပြီး ထားကြမှာပါ။ ( အပျော်တွဲသူတွေ အတွက်မဟုတ်ပါ )
ဒီလိုတွေ စဥ်းစားပြီး တွဲမှ ခိုင်မြဲတဲ့ Rs တစ်ခုကို ရမှာပါ။ ဒါကြောင့် လူတစ်ယောက် ကို သဘောကျရင် silent တွဲပါ ။ Just friend လား ။ Friend လား ။ ကြိုက်သလို တွဲလို့ရတယ် ။ ကြိုက်သလောက် လေ့လာလို့ရတယ်။ ကိုယ်မကြိုက်တာတွေ ကိုယ်ကဘာတွေ သဘောကျတာ အရိုးသားဆုံးပြောလို့ရတယ်။
စကားတွေ အများကြီး ပြော။ စိတ်ကြိုက် လေ့လာစမ်း ။ ၂ ယောက်လုံး အချ်ိန်ယူလေ့လာတာ ရည်းစားသက်တမ်းထက် ကြာရင် ကြာသွားပါစေ။ ဘာမှ မဖြစ်ဘူး။
ပြီးတော့ တကယ်တွဲတဲ့အခါကျ အဲ့လိုလူတွေက ပြတ်ဖို့ ခဲယဥ်းသွားပြီ။ ( မယုံရင် လုပ်ကြည့်)
ဒါကြောင့် အခွင့်ထူးခံ ဖြစ်နေသမျှ ကာလပတ်လုံး
ဘယ်ရည်းစားနဲ့မှ မြဲမှာ မဟုတ်ပါ။ ပြီးတော့ Silent တွဲ ပြီး တစ်ဘဝလုံးစာ ရွေးချယ့်သူကို စိတ်ကြိုက်လေ့လာပါ ။( တယောက်တည်း တွဲချင်သူတွေအတွက် သီးသန့်ပါ)
Keep Reading