Chancellor
မြည်တမ်းခြင်း
တပါးသူတွေရဲ့ဘဝမှာလည်း အခက်အခဲကိုယ်စီနှင့် တိုက်ပွဲဝင်နေရတယ်ဆိုတာလည်း ကိုယ့်ဘဝလိုပဲ ကိုယ်ချင်းစာခဲ့သည်။ ဖြစ်ချင်တာတွေအများကြီးမှန်းထားပေမယ့်လည်း မှန်းချက်ချထားသော ပန်းတိုင်ကို ရောက်အောင် သွားနေစဉ်မှာပဲ လတစ်စင်းပဲ့ကြွေခဲ့ရသည်။ ရင်ထဲမှာ ဖြေမဆည်နိုင်ပေမယ့် ကြုံတွေ့ရမည့်လောကဓံမို့ ဘာသာရေးနှင့် ကောင်းမှုကုသိုလ်တို့ကသာ သွားလေသူ အတွက် အထောက်အပံ့ဖြစ်စေမည်သာဖြစ်သည်။
နှလုံးသားတွေနှင့် ရင်းပြီး ချစ်ခဲ့ရသော မိဘမို့ အကောင်းဆုံးကြိုးစား ပံ့ပိုးပေးခဲ့သည်။
အမေရဲ့မျှော်လင့်ချက်တွေ ဘာတွေ ရှိနေမလဲဆိုတာ သိခွင့်မရခဲ့သည်။ သားဆိုတာ အမေ့အတွက် အားဖြစ်စေမယ့် စကားလုံးတွေသာ ပြောဖြစ်ခဲ့ရသည်။ အမေ့ကို ပျော်ရွှင်စေသော စကားလုံးတွေနှင့် အချိန်တွေ ကုန်ဆုံးခဲ့ရသည်။ အမေ့အတွက် လိုအပ်သော ဆေးဝါးတွေနှင့် ပိုက်ဆံ တွေသာ ရအောင် ကြိုးစားရှာဖွေခဲ့ရသည်။ တစ်ဉီးတည်းသော သားမို့ အရာရာ တွေ့ကြုံရတဲ့ လောကဓံလှိုင်းတွေ ကြမ်းတမ်းတယ်ဆိုရပေမယ့် ခေါင်းထဲမှာ မိဘနှစ်ပါးသာ နေရာယူထားမိသောကြောင့် အလုပ်မှာ ကြိုးစားခဲ့သည်။ အိမ်အတွက် လိုအပ်တာတွေ ထောက်ပံ့နေခဲ့ရသည်မို့ ကျေနပ်နေမိသည်။
အမေ့မှာ သားရှိတယ်ဆိုတဲ့အသိနှင့် ကျန်းမာအောင်များ တမင်နေပြခဲ့လေသလား...........
တောင့်မခံနိုင်တဲ့အဆုံးမှာ အိမ်ကဆက်သွယ်နေတာတောင်မှ အခက်အခဲတွေကြား ရအောင် ပြန်ခဲ့သော်လည်း မြေချအချိန်သာ....... မှီခဲ့ရသည်။ အမေ..... သား ကို မျှော်နေမလား အမေ.........။ လောကထဲ အမေမရှိတော့ဘူးဆိုတာနဲ့ သား........ ဘာဆက်လုပ်ရမှန်းမသိဖြစ်မိတယ်။
ကလေးဘဝကတည်းက လူရွယ်ရောက်သည်အထိ ဒဏ်ရာတွေများခဲ့တယ်ဆိုပေမယ့်လည်း ကျင်လည်ရာ ဝန်းကျင်နှင့်အတူ အတွေ့အကြုံတွေယူပြီး မာန်တင်းပြီး ကြိုးစား ဖြတ်ကျော်ခဲ့တယ် အမေ...........။
နှလုံးသားတွေ ................
ရင်ဘက်နှင့်မကဘူး အမေ.................
သား....ဘဝတလျှောက်လုံးနေဝင်ချိန်အထိ
သား လုပ်ပေးချင်တာတွေ သား ဖြစ်ချင်တာတွေ အားရပါးရ လုပ်ကျွေးခွင့်မရတော့ဘူး.................။
#chancellor
Keep Reading