ရှင်းရှင်း(သပြေ)
အားငယ်သူကို အားပေးလိုက်တာ
ကောင်းမွန်တဲ့လုပ်ရပ်ပါ။
ခက်ခဲနေသူကို ကူညီလိုက်တာ
မွန်မြတ်သောလုပ်ရပ်ပါ။
ဆာလောင်မွတ်သိပ်နေသူကို ကျွေးမွေးလိုက်တာ ကုသိုလ်ရသောအလုပ်ပါ။
ဒေါသထွက်နေချိန်မှာ မျိုသိပ်ပြီး
ရှောင်ထွက်သွားတာ အကောင်းဆုံးဖြေရှင်းနည်းပါ။
အရှုံးတွေကနေ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ ယူတတ်ခြင်းဟာ အောင်မြင်မှုရဲ့လမ်းစပါ။
မိမိရဲ့လုပ်နိုင်စွမ်းကို ယုံကြည်မှုရှိတာ
အောင်မြင်သူတို့လက္ခဏာပါ။
ကျန်းမာပျော်ရွှင်ကြပါစေ☕
Keep Reading