ကျော်ဇောအောင် (ဆုထူးပန်)
Right person, wrong time ဒီစကားဟာ လူတွေကြား အခုတလော နာမည်ကြီး ခေတ်စားနေတာ ကြာပါပြီ။ (သူ့ အဓိပ္ပာယ်က မှားယွင်းတဲ့ အချိန်မှာ မှန်ကန်တဲ့ 'ဘဝလက်တွဲဖော်'နဲ့ တွေ့နေရတယ်လို့ ဆိုပါတယ်။)
ကျွန်တော်ကတော့ wrong person, right time လို့ ယူဆပါတယ်။ (ဘာကြောင့်လဲဆိုတော့ မိတ်ဆွေပဲ သေချာစဥ်းစားကြည့်ပါ။)
" အချိန်နှင့် ဒီရေသည် လူကိုမစောင့်ပါ။ "လို့ ဆိုတဲ့ ဆိုရိုးစကားကလည်း ရှိနေသေးတာ မဟုတ်ပါလား။ (ဒါကို စဥ်းစားကြည့်ရင် time ဟာ right time ဖြစ်နေမှာပါ။)
ဒီကမ္ဘာကြီး မပျက်စီးသ၍ 'နေ့'နဲ့ 'ည' ဆိုတာ အချိန်မှန်မှန် လည်ပတ်နေကြဦးမှာ ဖြစ်တဲ့အတွက် အချိန်ဟာ အမြဲ right time ဖြစ်နေမှာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ... လောကကြီးမှာ "အမြဲ" ဆိုတဲ့ အရာဟာ မရှိပါဘူး။ [ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ဒီကမ္ဘာကြီးဟာ (နောင်ပွင့်တော်မူမယ့် အရိမေတ္တေယျ 🙏 မြတ်စွာဘုရား ပွင့်ထွန်းပြီး ပရိနိဗ္ဗာန်စံ၊ ဓာတ်တော်တွေ ကွယ်ပျောက်ရင်) ဘဒ္ဒကမ္ဘာဟာ အဆုံးသတ် ပျက်စီးမှာ ဖြစ်ပါတယ်။]
ဒီလို ပျက်စီးတာဟာ ကမ္ဘာသစ် စဖို့ ဖြစ်ပါတယ်။ (ဒါကြောင့် ကျွန်တော်တို့အတွက် အေးဆေး အချိန် ရပါတယ်။)
ဟုတ်ကဲ့ ဒီဆောင်းပါးရဲ့ ခေါင်းစဥ်ကို ပြန်ဆက်မယ်ဆိုရင် ခုနက အပေါ်မှာ ပြောခဲ့သလိုပဲ အချိန်ဟာ ဒီဘဒ္ဒကမ္ဘာ မပျက်စီးသေးသ၍ အမြဲတမ်း မှန်ကန်စွာနဲ့ "Right time" ဖြစ်နေမှာ ဖြစ်တဲ့ အတွက်ကြောင့် "Right person, wrong time" ဆိုတာ နည်းနည်းလေး လွဲနေပါတယ်။ (ဘာကြောင့်လဲဆိုတော့ တကယ်လွဲနေတာ time မဟုတ်ဘဲ ကျွန်တော်တို့ လူတွေကသာ လွဲမှားနေတာ ဖြစ်ပါတယ်။)
အခု ကျွန်တော်ပြောမယ့် အကြောင်း/ရာကို သေချာတွေးပါ။ (အချိန်ကိုတော့ ထားပါတော့။) Person ဆိုတဲ့ နေရာမှာ right personနဲ့ wrong person ဆိုပြီး နှစ်မျိုး ကွဲပါမယ်။
တကယ်တော့ ဒီ "Right person, wrong time."ဆိုတဲ့ စာထဲက 'Right person' ဆိုတာ မိတ်ဆွေအစစ်ကို ပြောတာပါပဲ။ (ဒီလိုဆိုရင် 'Wrong person'က မိတ်ဆွေအတုပေါ့ဗျာ။) ဒါပါပဲ သူ့ရဲ့ အဓိပ္ပာယ်ကတော့ ရှင်းလင်းပါတယ်။
ရှုပ်နေတာက ကျွန်တော်တို့ လူသားတွေသာ ဖြစ်ပါတယ်။ [ကိုယ် ချစ်တဲ့သူက ကိုယ့်အလိုကို မလိုက်တဲ့ အခါ (သူဟာ ကိုယ်နဲ့ မထိုက်တန်ဘူး) 'Wrong person' ဆိုပြီးတော့ ကိုယ် သတ်မှတ်ချင်သလို သတ်မှတ်လိုက်ကြတာပဲ ဖြစ်ပါတယ်။]
ကိုယ်က သူ့ကို တကယ်ချစ်တယ်ဆိုရင် ကိုယ်မှားတာကို ကိုယ်ကိုယ်တိုင်ပြင် (ကိုယ့်ချစ်သူက မှားနေတယ်ဆိုရင်လည်း) သူ့ကိုလည်း ပြင်စေမယ်ဆိုရင် ဒီချစ်သူနှစ်ဦးဟာ "Right time, right person"တွေ ဖြစ်နေမယ်ဆိုတာ အမှန်ပါ။ (အချိန်ကတော့ မှန်နေပြီးသား ဖြစ်လို့ မရှင်းတော့ပါ။)
ကျွန်တော်ပြောတာလည်း အမှန်ပဲလို့ မဆိုလိုချင်ပါ။ (Right person, wrong time လား wrong person, right time လားဆိုတာ အခု ဒီစာကို ဖတ်နေတဲ့ ကျွန်တော့်မိတ်ဆွေ ကိုယ်တိုင် စိတ်အေးအေးထားပြီးသာ သေချာ စဥ်းစားကြည့်လိုက်ပါဗျာ။)
အဖြေက ကိုယ့်ကိုယ်ကို ပြင်လိုက်မှသာ ထွက်လာမှာပါ။ (Right person, wrong time ဆိုတာ တကယ်တော့ ဖောက်ပြန်ချင်တဲ့ ကိုယ့်ရဲ့ စိတ်ကို ထိန်းသိမ်းဖို့ သတိပေးတာ ဖြစ်ပါတယ်။)
ကိုယ့်မှာ ချစ်သူရည်းစားရှိနေတဲ့ အချိန်မှာ နောက်ထပ် ထပ်ပေါ်လာတဲ့လူကို ရည်ညွှန်းချင်တဲ့ သဘောပါပဲ။ [ဒီပေါ်လာတဲ့သူက ကိုယ့်ကို တကယ်ချစ်ပြနေရင် (သူ့ကိုပဲ "Wrong time"ဆိုတဲ့ ချစ်သူရှိတဲ့ အချိန်မှာ ပေါ်လာတဲ့ "Right person")ဆိုပြီး သတ်မှတ်လိုက်တာပါပဲ။] တကယ်တော့ ကိုယ့်ရဲ့ ဖောက်ပြန်ချင်တဲ့ စိတ်ကြောင့် ဖြစ်ပါတယ်။
ကိုယ်တကယ်ချစ်တဲ့သူက ကိုယ့်ရဲ့ 'Right person'ပါပဲ။ (အဲ့ဒီ 'Right person' အပေါ် ကိုယ့်ဘက်က မဖောက်ပြန်ဘဲ 'Right time'ဖြစ်အောင် ကြိုးစားဖို့သာ လိုအပ်တာ ဖြစ်ပါတယ်။)
အားလုံးပဲ Right time မှာ right person တွေ့နိုင်ကြပါစေ။ (ရှိပြီးသား right person ကိုလည်း ထိန်းသိမ်းနိုင်ကြပါစေလို့ တိုက်တွန်းရင်း ဒီဆောင်းပါးကို နိဂုံးချုပ်လိုက်ပါတယ်။)
ဖတ်ရှုပေးသူများအား အထူးကျေးဇူးတင်ရှိပါတယ်။
#ကျော်ဇောအောင် (ဆုထူးပန်)။
2024/12/25, ဗုဒ္ဓဟူး။
Photo credit - Facebook.
Keep Reading