~.~ရှင်မိငယ်~.~
----------------------------
မမ ဘုရားစာရွတ်သံလေးက
ကျွန်တော့်ရင်ကို ေအးမြစေတယ်။
မမ နှုတ်ခမ်းလေးတွေဖွင့်ဟသွားလိုက်တိုင်း
ကျွန်တော့်မှာ ကိလေသာအပူမီးများ
စီးဆင်းလို့သွားရတယ်။
လက်အုပ်ချီထားတဲ့ မမရဲ့
လက်ကလေးတွေကို
တစ်ပါးသူဖမ်းဆုပ်ကိုင်တွယ်နေမယ့်
မြင်ကွင်းကိုသာ ကျွန်တော်မြင်ရရင်
သေရပါလိမ့်မယ် မမရယ်။
မမ သိလား မမရဲ့ပုံရိပ်လေးတွေ
အပြုအမူလေးတွေက
ကျွန်တော့်အတွက်တော့နန်းဆန်တယ်။
မမရဲ့အပြုံးလေးက
တစ်ပါးသူအပေါ်ကိုပါ
ပျော်ရွှင်မှုအငွေ့အသက်လေးတွေ
ပေးစွမ်းနိုင်တယ်။
မမက ကျွန်တော့်အတွက်တော့
တစ်ကယ့် စမ်းရည်ကလေး
အမောပြေ ကလေး။
ကျွန်တော်မမကို သိပ်ချစ်တယ်
သိပ်မြတ်နိုးတယ် သိရဲ့လားမမရဲ့
ဟင်.....သိရဲ့လား။
#shinmingal
https://t.me/pXw2024_24
Telegram Channelတွင်လည်း
ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင်🎉
Keep Reading