မိုးနှောင်းအလင်္ကာ
ဆောင်းတွင်းရောက်ပြီ။ ကော်ဖီပူပူတစ်ခွက်ရယ် စိတ်ချမ်းမြေ့စရာ မနက်ခင်းရယ် နိုးထဖို့ အချိန်တန်ပြီ။ အေးစက်စက် အငွေ့အသက်တွေကိုစတင်ခံစားရ တဲ့ ဒီဇင်ဘာလ။ အအေးဒဏ်ကို အံတုနိုင်တဲ့ ဒီဇင်ဘာ ကော်ဖီတစ်ခွက် ဖြစ်ဖို့ အရင်ဆုံး ရေနွေးပူတော့ အလောင်ခံရမှာပေါ့။
ဘယ်ခရီးကို လျှောက်လျှောက် ခြေထောက်တော့ ညောင်းမှာပါဘဲ။ ခြေထောက်အညောင်းမခံနိုင်ရင် တော့ ဘယ်အောင်မြင်မှုတံခါးဆီကိုမျှမရောက်နိုင်။
"ဆောင်းတွင်းပိုင်း အေးစပြုလာတဲ့ အချိန်မှာ ဆောင်းခိုငှက်တွေဟာ အအေးပိုင်းဒေသ တစ်နည်းအားဖြင့် နေရပ်ကိုစွန့်ခွာပြီး အစာရေစာ ပေါတဲ့ နေရာမှာ ဆောင်းခိုကြတယ်။ တစ်ခါက အဲ့ဒီဆောင်းခိုငှက် တွေထဲမှာ မိနီ လို့ခေါ်တဲ့ ဆောင်းခိုငှက်ပျိုကလေး ဟာ ဆောင်းခိုဖို့ အလွန်ဘဲပျင်းရိသတဲ့။"
"ဝါးးး ဆောင်းကပြန်ရောက်လာပြန်ပြီ ဒီငှက်တွေ ဘာလို့ ဆောင်းခိုနေကြလည်း စဥ်းစားလို့ကိုမရဘူး"
မိနီ ဆိုတဲ့ ဆောင်းခိုငှက်ကလေးဟာ ငြူစူ ရင်း ပျင်းရိနေလေတယ် ။ ပြီးတော့ ဆုံးဖြတ်ချက်တစ်ခုကို အလျှင်အမြန်ချလိုက်တယ်။ အဲ့တာက ဆောင်းခိုငှက် အဖွဲ့များနှင့် အတူမလိုက်ဘဲ ကျန်ခဲ့ရန်သာဖြစ်သည်။
အဲ့ဒီလိုနဲ့ တစ်ကောင်တည်း ကျန်နေခဲ့တဲ့ မိနီကလေးဟာ ဆောင်းဝင်လာတာနဲ့ အမျှအေးစက်လာ သလို အစာရေစာဟာလည်း ရှားပါးလာခဲ့တယ်။
တဖြည်းဖြည်းနဲ့ မိနီကလေးဟာ အစာရေစာ မရရှိတာကြောင့် သေဆုံးခဲ့ရပါတယ်။
အပျင်းကြီးတဲ့ မိနီ၊ အနာမခံချင်တဲ့မိနီ ခုတော့ အသာမစံခဲ့ရတော့ပါ။"ပျင်းရိနေက ရှင်ရခတ်၍ များများနာမှ နည်းနည်းဆိုးမည်"တဲ့ဗျ။
"ပျင်းရိနေက ရှင်ရခတ်၍" ဆိုတာက ပျင်းပျင်းရိရိနဲ့ မိမိရဲ့ သက်တမ်း တစ်ဝက်လောက်ကိုသာ ဖြတ်သန်းနေမယ်ဆိုလျှင် နောင်တစ်ချိန်မှာ ရှင်သန်ရခတ်ပါ
လိမ့်မယ်လို့ ဆိုတာဖြစ်ပါတယ်။ ဒါ့ကြောင် မပျင်းရိ ပါနဲ့ အပျင်းရောဂါ စွဲကပ်နေမယ်ဆိုလျှင် ကုရခတ်တတ်လို့ပါ။
ဒီနေ့သိရင် ဒီနေ့ကစပါ။ နောက်နေ့ရွေ့ တာဟာ လူပျင်းတွေအလုပ်။ ရှင်ရမခတ်ချင်သရွေ့ မင်းပျင်းနေလို့မရဘူး။
"များများနာမှ နည်းနည်းဆိုးမည်" ဆိုတာ ယခုအချိန်မှာ သူများထက် ပိုကြိုးစားမှ၊ သူများထက် ပိုလုပ်မှ နောင်တစ်ချိန်မှာ သူများနဲ့ တန်းတူနေနိုင်မှာ လို့ဆိုလိုတာပါ။ ရည်မှန်းချက် တစ်ခုထားပြီဆို အမြင့်ဆုံးထားလိုက်ပါ။ ပြီးရင် အကောင်းဆုံးကြိုးစားပါ။ ဘာကြောင့် အမြင့်ဆုံးထားရတာလဲ ဆိုရင် ရင်လောက်မှန်းမှ ခါးလောက် ကျမှကိုး။ ဘာကြောင့် အကောင်းဆုံးကြိုးစား ခိုင်းတာလည်းဆိုရင် နောင်တ နဲ့မနေစေချင်လို့ပါ။
ဒါ့ကြောင့် များများနာလေ မင်းအတွက် ဆိုးကျိုးနည်းလေပါဘဲ။ အနာခံမှာ အသာစံရတာဆိုတော့ ယခု အချိန် အနာခံရတာကို အပြစ်မမြင်ပါနဲ့ ပြီးရင် မင်းအတွက် ဆိုးကျိုးနည်းတဲ့ အသာစံမှုတွေ လာတော့မှာပါ။
ဆောင်းမခိုချင်သော ငှက်ငယ်ဟာ ဆောင်းရာသီရဲ့ အစာရေစာ ရှားပါးမှုကြောင့် သေရသလို၊ အပါးခိုချင်သော လူသားဟာ ၁၂လရာသီရဲ့ အလိုကြောင့် ဆာလောင်မွတ်သိပ်စွာ ခံစားရတတ်ပါတယ်။
ငှက်ငယ်တွေ ဆောင်းခိုသလို၊ မင်းလည်း အပါးမခိုရင် အဲ့ဒီအောင်မြင်မှု လမ်းထိပ် မင်းရပ်နိုင်ပါတယ်။
#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)
(စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။)
Keep Reading