နီမိုးနန်
တစ်နေ့တာကုန်ဆုံးသွားပြန်ပြီလို့
ပြောလိုက်ဖို့ စိတ်က ကျေနပ်ခြင်း မရသလိုပါပဲ။
ဒီနေ့ ဘာတွေလုပ်ခဲ့သလဲ။
ရေကူးကန်မှာ လိပ်ပြာကူးကို လှအောင် ကူးနိုင်ခဲ့တာပဲ။
ပခုက္ကူကနေ တောင်ကြီးဆီ မြေပဲဆုံဆီကို အားပါးတရ ပို့ခဲ့တာပဲ။
တီးတတ်နေကျ တေးသွားပေမဲ့ တီးနေမကျရင် စန္ဒယားခလုပ် အဖော့အဖိဟာ စီးချက်မမှန်တော့ အသံက ကြောင်တာပဲ။ ဒါနဲ့ စောင်းအိုးက ဖုန်တက်နေတာပဲ။
ပန်းချီရေးဖို့ အချိန်မရဘူးလို့ ပြောမယ်ဆို ဒါဟာ ငါလုပ်ချင်တာ အမှန်ဟုတ်ရဲ့လား သံသယဝင်မိတာပဲ။
ဘာသာစကားအများကြီးကို နေ့စဉ်စားသုံးနေတာ ရပ်လိုက်မယ်ဆိုရင် နေ့တဓူဝမှာ လုပ်စရာမရှိသလို ဖြစ်မှာပဲ။
စိတ်ဟာ တွေးနေ စဉ်းစားနေတာ များနေလိုက်တာ။
ဘာပဲဖြစ်ဖြစ်ပါလေ။
စိတ်ဟာ သင်ထားရာမှာ နေတာပဲ။
Keep Reading