Max's sharing
အချိန် ဘာဖြစ်လို့ ဆွဲကြတာလဲ?
အချိန်ဆွဲတဲ့သူ တွေက ဘာတွေ ပြောလေ့ရှိသလဲဆိုတော့
" မနက်မှ လုပ်လို့ရပါတယ်" ဆိုတဲ့ ကိုယ့်ကိုယ်ကို ဖြေသိမ့်ပေးတဲ့စကားမျိုး ကို ပြောတတ်ကြပါတယ်။ အခုလက်ရှိ အချိန်လေးမှာ အေးအေးဆေးဆေးလေး ဖုန်းလေးကြည့် ၊ ကော်ဖီလေး သောက်ရတဲ့အရသာကို ပိုပြီး မြတ်နိုးတတ်ကြပါတယ်။ ဒါတွေက ကြာလာရင် နေ့စဉ်ဘဝရဲ့ habitတွေကို အဆိုးဘက်ကို သက်ရာက်စေတဲ့ အပြုအမူတွေကို ဖြစ်လာစေနိုင်ပါတယ်။
လူတွေက ပျင်းရိတတ်ပြီး အချိန်ဆွဲတတ်ကြတာ သဘာဝအရပါပဲ။ ကျော်ကြားတဲ့ ပန်းချီ ပညာရှင် Leonardo da Vinci က Mona Lisa ပန်းချီကားကို ဆွဲဖို့ အချိန်၅နှစ်တောင် ယူခဲ့သေးတာပဲ့။ တကယ် စဉ်းစားကြည့်ရင် ပန်းချီကားတစ်ချပ်ကို အများဆုံး ၃နှစ်နဲ့ ပြီးနိုင်လောက်ပေမယ့် အချိန်များစွာ ယူပြီး ဆွဲခဲ့ပါတယ်။ ဒါပေမယ့် ရလဒ်က တစ်မူထူးခြားနေတာကြောင့် လူတွေ ဝေဖန်ခြင်း မရှိခဲ့ပါဘူး။
🔶လူတွေက အရေးကြီးတဲ့ ကိစ္စတွေရှိနေတာတောင် ဘာဖြစ်လို့ ရွေ့ဆိုင်းကြတာလဲ?
အပြုမူဆိုင်ရာ ပညာရှင်တွေက emotion နဲ့ time perception အကြား ဆက်နွယ်မှုကို လေ့လာခဲ့ကြပါတယ်။
အခက်အခဲ တဲ့ အလုပ်တွေနဲ့ ကြုံတွေ့ရတဲ့အခါ ကျရှူံးမှာကို ကြောက်တဲ့စိတ်တွေ၊ စိတ်ဖိစီးမှုတွေက avoidance ဆိုတဲ့ ရှောင်းရှားခြင်း ကို ဦးတည်စေပါတယ်။ အဲဒီ လို လုပ်ပြီးတဲ့နောက်မှာ စိတ်ကျေနပ်လာအောင် entertainment ကြည့်တာမျိုး၊ သက်တောင့်သက်သာဖြစ်တဲ့ အလုပ်တွေကို ဦးစားပေး လုပ်တတ်ကြပါတယ်။ အကျိုးဆက်နေနဲ့ ပိုပြီး ကြီးမားတဲ့ သောကပူပင်မှုတွေနဲ့ မိမိရဲ့ စွမ်းရည်တွေကို နိမ့်ကျလာစေပါတယ် လို့ ဆိုပါတယ်။
🔶စိတ်ပညာရှင် Timothy Phychly က အချိန်ဆွဲ ခြင်းဆိုတာ " a failure of self-regulation" ကိုယ့်ကိုယ်ကို ထိန်းချုပ်မှု ကင်းလွှတ်သွားခြင်း လို့ ဆိုပါတယ်။ အထူးသဖြင့် စိတ် ရဲ့ အလိုကို လိုက်လျော ပေးလွန်းခြင်း ဖြစ်ပါတယ်။
🔶ပညာရှင် Piers Steel က အချိန်ဆွဲခြင်း ပုံသေနည်းကို အခုလို ရှင်းပြခဲ့ပါတယ်။
Expectancy × value ( မျှော်လင့် ရည်ရွယ်ထားတဲ့ တန်ဖိုးထားမှုတွေ)ကို impulsive × delay ( "အချိန်ရပါတယ်"လို့ ထစ်ခနဲ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်) နဲ့ စားလိုက်တာနဲ့ တူပါတယ်။ ဒါကြောင့် အချိန်ဆွဲခြင်းဆိုတာ ဖြစ်လာတယ်လို့ ဆိုပါတယ်။
Procrastinator တွေကို ယေဘုယျ နှစ်မျိုး ခွဲခြားသတ်မှတ်နိုင်ပါတယ်။
(၁) Chronic procrastinator
(၂) Situational procrastinator
🔹Chronic procrastinator - အမြဲ အချိန်ဆွဲတတ်တဲ့ သူတွေက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ကိုယ့်ကိုယ်ကို လေးစားမှုနည်းခြင်း၊ ဘာပဲ့လုပ်လုပ် ပြည့်စုံချင်တဲ့စိတ်၊ တစ်ခုခု စလိုက်ရင် အခြားသူတွေ ဘယ်လိုဝေဖန်အပြစ်ပြောမှာကို ကြောက်တဲ့စိတ်တွေက အချိန်ဆွဲစေတဲ့ အကြောင်းအရင်း ဖြစ်တယ်လို့ ဆိုပါတယ်။
🔹Situational procrastinator တွေကတော့ အခြေအနေ တစ်ခုရောက်လာတဲ့အခါ ဖြစ်ပေါ်ပါတယ်။ ကျောင်းကပေးတဲ့ အိမ်စာတွေ၊ လုပ်လက်စ အလုပ်တွေ စသဖြင့် အချိန်ရွေ့ဆိုင်းပြီး နောက်မှ ဆိုတဲ့ စကားလုံးကို အမြဲသုံးတတ်ကြပါတယ်။
🔶အချိန်ဆွဲခြင်း ကလည်း အကောင်းကျိုးတွေ ပေးပါသေးတယ် လို့ ဆိုပါတယ်။
- သတင်းအချက်အလက်တွေ အများကြီး ရရှိစေခြင်း
- ကိုယ့်ရွေးချယ်မှုကို သုံးသပ်ခြင်း
- အသုံးပြုနေတဲ့ နည်းလမ်းတွေကို ပြန်လည် ပြုပြင်နိုင်ခြင်း
🔶Procrastination ကို ဘယ်လို လျှော့ချမလဲ။ လူသားတစ်ယောက်ဖြစ်နေတဲ့အတွက် အချိန်ဆွဲခြင်းက ရှိနေမှာ ဖြစ်ပါတယ်။ သုတေသန ပြုထားတဲ့ အချက်တွေအရ
- avoidance to action (ရှောင်းရှားခြင်းကနေ လက်တွေ့စလုပ်ဖို့ ဖြစ်ပါတယ်)
- breaking large tasks into manageable steps ( အလုပ်ကြီးကြီးကို အဆင့်လိုက်ခွဲပြီး လုပ်ဆောင်ခြင်း)
- အလုပ်တစ်ခုကို လုပ်တဲ့အခါ စိတ်အနှောက်အယှက် ကင်းတဲ့ ဝန်းကျင်တစ်ခုကို ဖန်တီးခြင်း
- မိမိရဲ့ တိုးတက်မှုကို အသိမှတ်ပြုပေးခြင်း
- တိကျတဲ့ goal သတ်မှတ်ခြင်း
အရေးကြီးဆုံး အချက်က cognitive distortion လိုရာထည့်သွင်းပြီး မမှန်မကန်လုပ်တဲ့ စိတ်ကို အသိမှတ်ပြုလက်ခံရပါမယ် လို့ဆိုပါတယ်။ မိမိကိုယ့်ကိုယ် ရှိတဲ့အတိုင်း သိခြင်းကို ဆိုပါတယ်။ အဲဒီနောက်မှာ self- compassion အတိတ်က အဖြစ်အပျက်တွေအတွက် အပြစ်မတင်ဘဲ မိမိကိုယ်ကို ဂရုဏာထားရပါမယ်။ သုတေသန အဆိုရ ကိုယ့်ကိုယ်ကို အပြစ်တင်နေခြင်းက နောက်ထပ် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ သတ္တိကို လျော့ကျစေပါတယ်။
"There is no tomorrow " မနက်ဖြန်မှ မဟုတ်ဘဲ ယခုလက်ရှိ စတင်လိုက်ခြင်းက အေကာင်းဆုံး နည်းလမ်း တစ်ခု ဖြစ်ပါတယ်။
Ref: t.me/downtown4_the psychology of procrastination
Max's sharing
Thanks
Keep Reading