Hsu Wai Wai Aung (Sue Sha May)
(၁) ခံစားစရာရှိရင် ခံစားလိုက်ပါ
ခံစားချက်တွေဆိုတာက ဖုံးကွယ်လှည့်ပြောင်းပြီး ဖိနှိပ်ထားရမဲ့ အရာတွေမဟုတ်ဘဲ လက်ခံ ခံစားဖို့ အရာတွေ ဖြစ်ပါတယ်။ ပူဆွေးသောကတွေနဲ့ ရင်ဆိုင်ရချိန်မှာ စိတ်ခံစားချက် အတက်အကျ မျိုးစုံကို ကြုံတွေ့ ရနိုင်ပါတယ်။ အဲဒီခံစားချက်တွေ အားလုံးကို လက်ခံ ခံစားဖို့အတွက် အဆင်ပြေပါတယ်။ ၀မ်းနည်းလို့ရတယ်။ နာကျည်းလို့ရတယ်။ ဒေါသထွက်လို့ ရပါတယ်။ ပျော်ရွှင်လို့ရတယ်။ ငိုလို့ရတယ်။ အမှတ်တရတွေကို ပြန်ပြီးတမ်းတလို့ရတယ်။ သတိရလို့ရတယ်။ ချစ်လို့ရပါတယ်။ ပူဆွေးသောကတွေကို ရရှိပြီးနောက်ပိုင်း ကိုယ့်ရဲ့ဘ၀ကို အသစ်ပြန်ပြီး စတင်ဖို့ဆုံးဖြတ်တဲ့အခါ မိမိကိုယ်မိမိ အပြစ်ရှိသလိုမျိုး ခံစားရတတ်ပါတယ်။ ဒါတွေအားလုံးဟာ သဘာ၀ကျတဲ့ တုံ့ပြန်မှုတွေဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုခံစားချက်တွေပဲ ဖြစ်လာဖြစ်လာ အရင်ဦးဆုံး လက်ခံလိုက်ပါ။ ဘယ်လိုစိတ်ခံစားချက်မျိုးကိုမဆို ခံစားခွင့်ရှိပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို လက်ခံမယ်၊ ကြင်နာမယ်၊ ခံစားချက်တွေရဲ့ မူလဇစ်မြစ်ဆီကို ခြေရာခံကြည့်မယ်၊ ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာလေးတွေရှိတဲ့အခါ ဖြေရှင်းမယ်၊ ကိုယ့်ရဲ့ စိတ်ကို ပျော်ရွှင်မှုပေးနိုင်မယ့် စစ်မှန်တဲ့ ပျော်ရွှင်မှုတွေကို နေ့ရက်တိုင်းမှာ ရှာဖွေမယ်...ဒီလိုနဲ့ပဲ တဖြည်းဖြည်းသိလာမှာက ပူဆွေးသောကတွေကို ရင်ဆိုင်တယ်ဆိုတာက အတိတ်ကအရာတွေကို မေ့ပစ်ပြီး ရှေ့ဆက်တာမျိုးမဟုတ်ဘဲ ပူဆွေးသောကတွေ၊ နာကျင်မှုတွေကို ရင်းနှီးနားလည်အောင်လုပ်ပြီး ဘ၀ကို ရှင်သန်ရှေ့ဆက်နေခြင်း တစ်မျိုးဖြစ်ပါတယ်။
(၂) မျှော်လင့်ချက်တွေသိပ်မထားပါနဲ့
ပူဆွေးသောကတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဖြစ်သင့်တယ်၊ ဘယ်လိုနေသင့်တယ်ဆိုတဲ့ ပုံသွင်းတဲ့ မျှော်လင့်ချက်မျိုးတွေ မထားပါနဲ့။ တစ်ခါတလေမှာ စိတ်လောတတ်ကြပါတယ်။ ပူဆွေးသောကတွေကို မြန်မြန်မေ့ပစ်၊ မြန်မြန်ကုစားလိုတတ်ကြတယ်။ ဒါကြောင့်လည်း "ငါဘယ်လိုနေသင့်တယ်၊ ငါဒီလိုမနေသင့်ဘူး"ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုတွေ၊ မျှော်လင့်ချက်တွေရှိတတ်ကြပါတယ်။ ပူဆွေးသောကတွေကို ရင်ဆိုင်ရတဲ့ ခရီးစဥ်ဟာ ထင်ထားတာထက် ပိုပြီး အနိမ့်အမြင့်၊ အတက်အကျများနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို အနိမ့်အမြင့်၊ အတက်အကျတွေဟာ ပုံမှန်ဖြစ်စဥ်တွေဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ အချိန်ဘယ်လောက်အတွင်း ကုစားနိုင်ရမယ်၊ အချိန်ဘယ်လောက်အတွင်း ကျော်လွှားနိုင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ သိပ်မထားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပူဆွေးသောကတွေကို ရင်ဆိုင်တဲ့နေရာမှာ အချိန်သတ်မှတ်ချက်မရှိလို့ပါပဲ။ အနိမ့်အမြင့် အတက်အကျတွေတိုင်းမှာ မိမိကိုယ်မိမိ ကြင်ကြင်နာနာ လက်ခံရင်ဆိုင်ပေးတတ်ဖို့ပဲ လိုအပ်ပါတယ်။
(၃) တစ်ယောက်တည်းမခံစားပါနဲ့
ဘယ်အရာကိုမှ ကိုယ်တစ်ယောက်တည်း ခံစားစရာ မလိုပါဘူး။ ကိုယ့်ရဲ့ဘေးကို ပြန်ကြည့်လိုက်ပါ။ ကိုယ့်ကို ချစ်တဲ့သူတွေ၊ ကိုယ်ကချစ်တဲ့သူတွေ အများကြီး ရှိပါတယ်။ လေးလံတဲ့ ၀န်ထုပ်ကြီးကို တစ်ယောက်တည်း ထမ်းပိုးပြီး ကြိတ်မှိတ်မခံစားပါနဲ့။ ကိုယ်ချစ်ခင်ရပြီး ယုံကြည်လို့ရမဲ့ သူတွေဆီမှာ ရင်ဖွင့်တိုင်ပင်ပါ။ မွန်းကြပ်ပိတ်လှောင်နေတဲ့ ခံစားချက်တွေကို ဖွင့်ဟပြောဆိုလိုက်ခြင်းဟာ မွန်းကြပ်ပိတ်လှောင်မှုတွေကို ပြေလျော့စေတယ်။ ခံစားနာကျင်နေရတာတွေကို သက်သာစေပါတယ်။ ချစ်ခင် ယုံကြည်ရတဲ့သူတွေဆီက အားပေးနှစ်သိမ့်စကားတွေဟာလဲ ပူဆွေးသောကတွေအတွက် ဖြေသိမ့်ရာ ဆေးတစ်ခွက် ဖြစ်စေပါလိမ့်မယ်။
(၄) လုပ်စရာရှိတာတွေကို ဆက်လုပ်နေပါ
ဘ၀မှာ ဘာတွေပဲဖြစ်လာဖြစ်လာ ကိုယ်လုပ်စရာရှိတဲ့အရာတွေ၊ ကိုယ်လုပ်ရမဲ့အရာတွေကို ပုံမှန်လေး ဆက်လုပ်နေတာကလဲ ရှင်သန်ကြီးပြင်းနေတဲ့ ဖြစ်စဥ်တစ်ခုပါပဲ။ ကျွန်မတို့ လူတွေဟာ ပူဆွေးသောကရောက်စရာ ကိစ္စရပ်တွေနဲ့ကြုံတဲ့အခါ ပူဆွေးသောကရောက်တယ်၊ စိတ်ဓာတ်ကျပြိုလဲကြပါတယ်။ အဲဲဒီအခါ ပုံမှန်လုပ်နေကြ အလုပ်တွေ ဘာတစ်ခုကိုမှ ဆက်မလုပ်နိုင်လောက်အောင် အားအင်ပြိုလဲသွားတာပါ။ ဒါက ပုံမှန်ပါပဲ။ အနားယူဖို့လိုအပ်တဲ့အခါ အနားယူရမှာပါ။ ပူဆွေးသောကရောက်ပြီးနောက်ပိုင်း
Unlock to read this premium article with 100 points.