Saung Haymarn Ri - ဆောင်းဟေမာန်ရီ
အခန်းထဲက ကိုယ်လုံးပေါ်မှန်လေးရှေ့မှာ
မင်းကိုယ်မင်းပြန်မြင်ရတဲ့အခါ ဘယ်လိုခံစားမိလဲ?
မင်းရဲ့ရုပ်ရည်အသွင်အပြင်ကို အပြစ်တင်မိလား?
မင်းရဲ့ခန္ဓာကိုယ်ပုံစံကို အပြစ်တင်မိလား?
ဒါမှမဟုတ် ဒီလိုအတွေးတွေနဲ့ မင်းကိုယ်မင်း တွေးမိလား?
❛ ငါ့ခန္ဓာကိုယ်က အရမ်းပိန်လွန်းတယ်။ ဘယ်လောက်စားစား စားသလောက်ဝမလာဘူး ❜
ကလေးရေ.. မင်းမှာ "High Metabolism" လို့ခေါ်တဲ့ Super power လေးတစ်ခုရှိတာကို မင်းကိုယ်မင်းသတိမထားမိဘူးထင်တယ်။ အဲ့လို Super power ရှိတဲ့ မိန်းကလေးတွေက ဘယ်လောက်ဘဲစားစား၊ အစာအိမ်ကအစာချေဖျက်တာမြန်သူတွေမို့ ကိုယ်စားသလောက် ကိုယ့်ခန္ဓာကိုယ်ကဝမလာတတ်ကြဘူးလေ။ ပိုကောင်းတာက မင်းကြိုက်တဲ့မုန့်တွေ၊ အစားအစာတွေ ဘယ်လောက်ဘဲစားစား၊ ဝိတ်တက်လာမှာကို ပူစရာမလိုတော့ဘူးပေါ့။
❛ ငါကပိန်တော့ ငါ့မျက်နှာကသေးပြီးချွန်နေတယ် ❜
ဒါကတော့ ပုံမှန်ပါဘဲ ကလေးရေ.. ပိန်ပေမယ့် မျက်နှာမသေးတဲ့သူတွေမှအများကြီးပါ။ လူအချို့က ပိုက်ဆံတွေအကုန်ခံပြီး ခွဲစိတ်ပြုပြင်နေရချိန်မှာ မင်းက ချစ်စရာကောင်းတဲ့ မျက်နှာသေးသေးလေးကို ပိုင်ဆိုင်ထားပြီးသားဆိုတော့ ဘယ်လောက်တောင်မှကံကောင်းလိုက်သလဲ။ ပိုပြီးထူးခြားတာက မင်းရဲ့မျက်နှာလေးမှာအဆီမရှိဘဲ Jawline လေးပေါ်နေတာမို့ မင်းရဲ့ Side profile လေးကတကယ်ကိုလှနေမှာ။
❛ ငါ့ကိုဟိုက်ဝေးလမ်းမဆိုပြီးသူငယ်ချင်းတွေက အမြဲစတယ်။ သိပ်ရှက်တာဘဲ ❜
မင်းကို Highway လမ်းမလို့ပြောတဲ့သူတွေကိုယ်တိုင်ကကော Refrigerator ဖြစ်မနေဘူးလားလို့ပြန်မေးကြည့်။ အသားပြည့်တဲ့သူတိုင်းက ရင်ရှိတင်ရှိတာမှမဟုတ်ဘဲ။ ဝပေမယ့် တင်မရှိဘဲခါးနဲ့တင်တစ်တန်းတည်းဖြစ်နေသူတွေလည်းရှိတာပါဘဲ။ မင်းလေးသိထားဖို့က .. မင်းရဲ့ခန္ဓာကိုယ်နဲ့ပက်သက်ပြီး ဘယ်သူတွေဘယ်လိုဘဲ Shaming လုပ်လုပ်၊ ဟာသလုပ်လုပ်၊ ဘာအကြောင်းနဲ့မှအားငယ်စရာမလိုဘူးဆိုတာဘဲ။ ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ်ဘဲလေ။ နာမည်ကျော် Runway model တွေပိုင်ဆိုင်တဲ့ခန္ဓာကိုယ်ကို မင်းကပိုင်ဆိုင်တာလို့ မင်းကိုမနာလိုလို့ပြောကြတယ်လို့ဘဲ မှတ်လိုက်ပါ။ ကိုယ့်ကိုကိုယ် ပိန်တယ်ဆိုပြီးတော့ အားမငယ်လိုက်နဲ့။ မင်းမှာ ပေါင်တံသွယ်သွယ်လေးတွေရှိတယ်။ ဗိုက်ကလေးကလည်း ချပ်ကပ်ပြီး ခါးသေးသေးလေးရှိတာမို့ Crop top နဲ့ ဘောင်းဘီတိုလေးတွေဝတ်ရင် တကယ်ချစ်စရာလေးဖြစ်နေမှာ။
တကယ်တော့ မင်းက ပြီးပြည့်စုံပြီးသား မိန်းကလေးတစ်ယောက်ပါဘဲ မိန်းကလေးရယ်။
-ဆောင်းဟေမာန်ရီ-
Tg channel - https://t.me/saunghaymarnri
Keep Reading