Hnin
ကျွန်မတို့က လူတွေပါ။ပုထုဇဥ်လူသားတွေ
ဖြစ်တဲ့အတွက် ဘာမှမပြောဘဲနှင့် မသိနိုင်ပါဘူး။စိတ်ချင်းဆက်တာတွေ... တစ်ယောက်ရဲ့ စိတ်တစ်ယောက်အကုန်သိနေတာတွေဆိုတာက အနေကြာသွားလို့ ဒါမှမဟုတ် သွေးချင်းနီးစပ်လို့ဘဲ ဖြစ်နိုင်ပါတယ်။
လုပ်ငန်းခွင်၊ အပြင်နေရာတစ်ခုခုမှာတွေ့ပြီး'' ဟယ် ဒီတစ်ယောက် မျက်နှာရိပ် မျက်နှာကဲမသိတတ်တာ''ဘဲဆိုပြီး ပြောနေမဲ့အစား ပါးစပ်ကလေ ပြောလိုက်ပါ။ ပြောထွက်လိုက်တာမှ မသိတတ်ရင် ဆက်မပြောနှင့်တော့ဘဲ ရှိတာပေါ့။
ကျွန်မတို့တွေ တိုတောင်းလှတဲ့ ဒီလောကကြီးမှာ
''ထားလိုက်ပါ့မယ်.... ပြောမနေတော့ဘူး''ဆိုတာနှင့်ဘဲ အမြဲမရှင်သန်ကြပါနှင့်။ ပြောကြည့်ပါ...ပြောလိုက်ပါ။
Hnin(16.9.24)(9:55Pm)
Keep Reading