မောင်ဟိန်း ( သောကြာ )
လူတစ်ယောက်ကနေ လူတစ်ယောက်ကို
အားကျတယ်ဆိုတာမျိုးက
ကိုယ့်မှာမရှိသေးတဲ့အရာတွေ သူ့မှာရှိနေလို့ဖြစ်ပါတယ်။
ဥပမာအားဖြင့်
ငွေကြေး၊ ပညာ၊ ရာထူး၊ ဥစ္စာ၊ ရုပ်ရည်၊ စိတ်ထား
စသဖြင့် အမျိုးမျိုးရှိတတ်ကြပါတယ်။
တစ်ခါတစ်လေမှာ သူများကို အားကျရာကနေ
ကိုယ့်ကိုယ်ကိုယ်
အားမရတာမျိုးလည်းဖြစ်တတ်ပါတယ်။
ကိုယ်က သူများကို အားကျနေသလိုမျိုး
သူများတွေကလည်း
ကိုယ့်ကိုအားကျနေတာမျိုးလည်း ရှိနေနိုင်ပါတယ်။
ဒါကြောင့် သူများကို အားကျပါ။
ကိုယ်အားကျတဲ့အရာတွေရလာဖို့အတွက်
စံနမူနာထားကြိုးစားပါ။
သူများကလည်း ကိုယ့်ကိုအားကျပြီး
ကြိုးစားချင်စိတ်ရှိလာအောင် ပိုကြိုးစားပါ။
#မောင်ဟိန်း (သောကြာ)
၂၀၂၄၊ စက်တင်ဘာလ၊ ၁၇ ရက်၊ အင်္ဂါနေ့။
#နေ့စဥ်လေ့လာစာတိုအပုဒ်တစ်ရာ
#နေ့စဥ်တွေးမယ် #နေ့စဥ်ရေးမယ် #နေ့စဥ်မျှဝေမယ်
Keep Reading