dawna
အရိုးစင်းဆုံး တွေးတောနိုင်သူသည် အရှင်းဆုံးကို မြင်နိုင်ပါသည်။ ကျွန်တော်သည် မကြာခဏဆိုသလို အတွေးများ ရှုပ်ယှက်ခတ်ကာ မိမိကိုယ်ကို စိတ်ပျက်ရသည်။ ကျွန်တော်သည် အတွေးများကို ပျစ်ခဲနေသလို မရှင်းမလင်းဘဲ နောက်မှတွေးမည် ထားတတ်သည်။ ထို့ကြောင့် ကျွန်တော်သည် အထင်ပြောပြရာတွင် အင်မတန်ညံ့သည်။
ကျွန်တော်၏အမြင်ကို ပြောပြပါဆိုလျှင် အမယ်ဘုတ်ရဲ့ သူ့ချည်ခင်ကဲ့သို့ အလုံးလိုက် အထွေးလိုက်ဖြစ်နေသော ကျွန်တော့်အတွေးတို့သည် ပြတ်ပြတ်သားသားထွက်ပေါ်ရန်ခက်ခဲလှသည်။ ဤသည်မှာ ကျွန်တော့်တွင် ရှိခဲ့ဖူးသော အခက်အခဲတစ်ခုဖြစ်သည်။
ရှင်းလင်းစွာ ယုတ္တိတစ်ခုကို နားလည်မှုသည် ရှင်းလင်းသော အတွေးကို ဖြစ်စေသည်။ ၎င်းသည် ရည်ရွယ်၍လုပ်သော အလုပ်ကို တဖန်ဖြစ်စေပြီး ထိုအလုပ်သည် ပြတ်သားသော တုံ့ပြန်ချက်ကို ဖြစ်ပေါ်စေပါသည်။ ထိုတုံ့ပြန်ချက်သည် ကမ္ဘာကြီးအပေါ် ပြတ်သားရှင်းလင်းသော ထင်မြင်ချက်ကို ဖြစ်စေသည်။ ထို့ကြောင့် ကျွန်တော်အင်မတန်ညံ့သော ထင်မြင်ချက်ကိစ္စသည် မှန်၊မှား တစ်ခုအပေါ် ကျွန်တော်သဘောပေါက်သည့် ယုတ္တိတစ်ခုအပေါ် မူတည်ကြောင်း သိနားလည်ရပါသည်။
ဒေါန
တနင်္ဂနွေ။
Keep Reading