Aung Thu Ya Kyaw
လူတစ်ယောက်အတွက် နေရေး၊ စားရေး၊ ကျန်းမာရေး က အရေးကြီးပါတယ်။ ဒီထဲမှာမှ နေရေးကလည်း အပါအဝင်ဆိုတော့ လူတိုင်းမှာ အိမ်လေးတစ်လုံးကတော့ ပိုင်ဆိုင်နေဖို့ လိုအပ်နေဦးမှာပါ။ ဒါ့အပြင် အနာဂတ်မှာ သေချာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့ အခါမှာလည်း အိမ်ခြံမြေကပါဝင်လာပါပြီ။
အိမ်ခြံမြေ ဆိုတာကို အခုပြောပြသွားမဲ့ ခေါင်းစဉ်အတိုင်း အဓိပ္ပာယ် ဖွင့်ဆိုရရင် - “ဘဝအတွက် မဖြစ်မနေလိုအပ်တဲ့ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။”
Financial Literacy and Wealth Building
-----------------------------------------
⇨ ရင်းနှီမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်း တွေကိုပိုမို နားလည်နိုင်တယ်။
⇨ Passive Income ရဖို့ ရှာနေတဲ့သူတွေ အတွက် အိမ်ငှားစားတာကနေ ဖန်တီးနိုင်တယ်။
⇨ မျိုးရိုးစဉ်ဆက် ကြွယ်ဝချမ်းသာမှုကို ထိန်းသိမ်း/အမွေပေး နိုင်တယ်။
Professional Growth
----------------------
⇨ ဝင်ငွေရ လုပ်ငန်းတစ်ခုကို တည်ထောင်နိုင်တယ်။
ဥပမာ - အိမ်ခြံမြေ ကုမ္ပဏီ၊ အကျိုးဆောင်လုပ်တာ၊ တိုင်ပင်ဆွေးနွေးတာ
⇨ Networking အတွက် လည်း အခြား သူတွေနဲ့ ပိုချိတ်နိုင်တယ်။
အကြောင်းကတော့ ချမ်းသာတဲ့ လူတိုင်းက အိမ်ခြံမြေနဲ့ ကင်းလို့မရပါဘူး။
Personal Security
------------------
⇨ အိမ်တစ်လုံးပိုင်ဆိုင် ခြင်းရဲ့ အသိပညာရှိနေပါတယ်။
⇨ ဈေးကွက်ကို ဘယ်အချိန်ဝယ်ရမလဲ? ရောင်းရမလဲ သိနေပါတယ်။
⇨ ငွေကြေးအကာအကွယ် ရနိုင်တယ်။
Economic and Community Impact
-------------------------------------
⇨ မြို့ပြ ဖွဲ့ဖြိုးတိုးတက်မှု အခြေအနေ ကိုနားလည်တယ်။
⇨ အလုပ်အကိုင်ဖန်တီးနိုင်စွမ်းကို သိလာတယ်။
Skills Development
--------------------
⇨ လူမှုဆက်ဆံရေး ကောင်းစေတယ်။
⇨ ညှိုနှိုင်းမှု စွမ်းရည် သိသိသာသာ တိုးတက်လာတယ်။
⇨ ဈေးကွက် ကိုသုံးသပ်တတ်လာတယ်။
⇨ ငွေရေးကြေးရေး ဆိုင်ရာတွေမှာ စီမံတတ်လာတယ်။
Independence and Control
------------------------------
⇨ လွတ်လွတ်လပ်လပ် တည်ဆောက်လို့ရတယ်။
⇨ ပိုင်ဆိုင်တဲ့ Assets တွေပေါ်မှာ ထိန်းချုပ်နိုင်တယ်။
✻ နိဂုန်းချုပ်ရရင်
---------------
ကိုယ်ကိုတိုင် အတွက်ရော၊ မိသားစု နောင်လာမဲ့ မျိုးဆက်သစ်တွေအတွက်ပါ တိကျသေချာတဲ့ ခိုင်မာမှုတွေကို ပေးခဲ့နိုင်လောက်တဲ့ထိ အမွေဖြစ်ပါတယ်။
ဒီလိုမျိုး အိမ်ခြံမြေ ကိုနားလည်ဖို့ ဆိုရင် နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီထဲမှာမှ အိမ်ခြံမြေ အကျိုးဆောင် တစ်ယောက် အဖြစ် ဝင်ငွေလည်းရှာရင်း လေ့လာသင်ယူတာက Risk အနည်းဆုံးနဲ့ ပညာအရ ဆုံးဖြစ်ပါတယ်။
✅ ဒီထက်မက သေချာလေ့လာချင်ပါသလား?
အိမ်ခြံမြေ အကျိုးဆောင်တွေ အတွက် လုပ်ငန်းခွင်ထိပါ ကူညီပေးသွားမဲ့
“Myanmar Realty Agent From A to Z” Online Class သင်တန်းမှာ တွေ့ဆုံနိုင်ပါတယ်။
သင်တန်းမှာ အဓိက သင်ပေးတာကတော့ - လုပ်ငန်းခွင်မှာ ကျွန်တော်ကိုယ်တိုင် ရလာတဲ့ အတွေ့အကြုံတွေနဲ့ အတူ နိုင်ငံတကာ သင်ရိုးတွေကို ပူးပေါင်းပြီးတော့ မြန်မာ့နည်း မြန်မာဟန်ဖြင့် သင်ကြားပေးပါတယ်။
သင်တန်းပြီးသွားရင်တော့ အပေါ်မှာ ပြောခဲ့ အတတ်ပညာတွေကို ကောင်းကောင်း နားလည်သွားလိမ့်မယ်။ ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာလည်း လိုအပ်တဲ့ Consult & Trainning အပိုင်းတွေကိုလည်း “အခမဲ့” အပိုအနေနဲ့ ကူညီပေးသွားပါ့မယ်။ ဒါတွင်ပဲလား ဆိုတော့မဟုတ်သေးပါဘူး… Myanmar Realty Agent များနှင့်လည်း အတူတူ Networking ပြုလုပ်နိုင်ဦးမှာပါ။
Keep Reading