Hsu Wai Wai Aung (Sue Sha May)
ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ လူအများစုက ပူဆွေးသောကရောက်ကြပါတယ်။ ဒါဟာ သဘာဝကျတဲ့ တုန့်ပြန်မှုတစ်ခုပါပဲ။ ကိုယ့်ရဲ့ ဘဝထဲမှာ အချိန်အကြာကြီး တည်ရှိလာတဲ့ အရာတစ်ခု၊ လူတစ်ယောက် မရှိတော့တဲ့အချိန်မှာ ကိုယ့်ရဲ့ ဘဝကြီးက လစ်ဟာသွားတယ်။ အဲဒီလစ်ဟာသွားမှုဟာလည်း တခြားအရာတစ်ခုနဲ့ ပြန်ပြီး အစားထိုးဖို့ ခက်ခဲတာ ဖြစ်တဲ့အတွက် အနည်းနဲ့အများဆိုသလို ပူဆွေး သောကရောက်ကြရတယ်။ ဝမ်းနည်းကြပါတယ်။
ဝမ်းနည်းတဲ့အခါ ဘာလုပ်ကြသလဲပေါ့။ ကျွန်မကတော့ ဝမ်းနည်းတဲ့အခါ အားရပါးရ ငိုလေ့ရှိပါတယ်။ ကျွန်မလိုပဲ စာဖတ်သူအများစုလည်း ဝမ်းနည်းတဲ့အခါ ငိုကြမယ် ထင်ပါတယ်။ ငိုတာနဲ့ပတ်သက်ပြီးလည်း ကျွန်မ စာတွေ ရေးခဲ့ဖူးပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီစာအုပ်လေးထဲမှာလည်း ငိုတာနဲ့ပတ်သက်လို့ စာတစ်ပုဒ်အနေနဲ့ ထပ်ရေးလိုက်ရပါတယ်။
စကားပြန်ဆက်ရရင် ငိုတာဟာ ကောင်းသလားပေါ့။ လူတစ်ချို့ဟာ ငိုတာနဲ့ ပတ်သက်လို့ Stigma တွေရှိတတ်ကြပါတယ်။
"ငိုတာက မကောင်းဘူး"
"မျက်ရည်လွယ်ရင် ပျော့ညံ့တယ်"
"ယောက်ျားလေးဆိုရင် မငိုရဘူး"
စသဖြင့် စွဲကိုင်ထားတဲ့ Stigma တွေရှိတတ်ကြပါတယ်။ ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ခံခဲ့ရတဲ့ပုံစံတွေကြောင့်လည်း ဆိုင်တယ်။ ဒီလို Stigmaတွေကို ကြီးတဲ့အထိ သယ်ဆောင်ထားတတ်ကြပါတယ်။
တကယ်တော့ ငိုတယ်ဆိုတာက သာမန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ။ ဝမ်းနည်းမှုကို တုန့်ပြန်တဲ့ ပုံမှန် တုန့်ပြန်မှု (Reaction) တစ်ခုပါပဲ။ လူတွေ ဝမ်းနည်းတဲ့အခါ ငိုကြတယ်ဆိုတာကလည်း ကိုယ့်
Unlock to read this premium article with 100 points.