KAUNG SAN
ဝမ်းရောဂါဖြစ်တဲ့အခါ အချို့နေရာတွေမှာ BPIဓာတ်ဆား အလွယ်တကူ ဝယ်ယူလို့မရတာမျိုးဖြစ်နိုင်ပါတယ်။
ဝမ်းအဆက်မပျက်သွားတဲ့အခါ ခန္ဓာကိုယ်ထဲက ရေတွေရော ဆားတွေပါ ဆုံရှုံးရတာကြောင့် ဓာတ်ဆားပြန်သောက်ဖို့ လိုကိုလိုပါတယ်။ ရေသောက်ရုံနှင့်မရပါ။
ဆေးရုံဆေးခန်းနှင့်ဝေးတဲ့ဒေသတွေ ဓာတ်ဆားဝယ်ရခက်တဲ့ အခြေအနေမျိုးတွေမှာ အရေးပေါ် ကိုယ်တိုင်ဓာတ်ဆားပြုလုပ်နိုင်ဖို့အတွက် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။
ကျိုချက်ပြီးသားရေ/ရေသန့် -၁လီတာ
ဆား -လက်ဖက်ရည်ဇွန်း တစ်ဝက်
သကြား -လက်ဖက်ရည်ဇွန်း ၆ဇွန်း
ရောပြီး သမအောင်မွှေလိုက်ပါ။
(၂၄နာရီအတွင်း သောက်သုံးဖို့လိုအပ်ပါတယ် )
Ref-
https://rehydrate.org/solutions/homemade.htm
-ရေတစ်လီတာ၊ ဆား တစ်ဇွန်း၊ သကြား ၈ဇွန်း နှင့်လည်း ဖျော်လို့ရကြောင်း လေ့လာသိရှိရပါတယ်
Keep Reading