မောရိသျှ
ပြီးခဲ့တဲ့အပတ်က အမေနဲ့အတူ တီဗီကြည့်ဖြစ်တယ်။ သတင်းမှာ ကိုဗစ်ကာကွယ်ဆေးတွေ ထုတ်လုပ်နေပြီဆိုပြီး ကြေညာတော့ အမေက “ဒီပုံစံနဲ့ဆို အမြန်တော့ရမှာမဟုတ်ဘူး ကြည့်ရတာ ငါတို့ ၂၀၃၀ လောက်မှာ ဆေးထိုးရမှာလား မသိဘူး” ဆိုပြီး ဟာသလုပ်ပြောတယ်။ တစ်ခါတစ်လေတော့လည်း မိသားစုဝင်တွေ မိဘတွေနဲ့အတူ အချိန်ဖြုန်းတာက ကောင်းတယ်ဗျ။ ဘာရယ်မဟုတ်ပေမဲ့ ခဏတာ ရယ်မောလိုက်တာလေးတွေက စိတ်ဖိဆီးမှုတွေကို ယူပစ်သလို ကုစားနိုင်စွမ်းရှိတယ်။
ကိုဗစ်အကြောင်းတွေကြီးပဲ မကြည့်ချင်တော့တာနဲ့ တခြားလိုင်းပြောင်းလိုက်တော့ ဘစ်ကွိုင်ဘီလျံနာ လူငယ်တစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ရှိုးတခုနဲ့ တိုးတယ်။ အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက် ဘစ်ကွိုင်တွေကို တကွိုင် ဒေါ်လာ ၃၀၀ နဲ့ ရတုန်း ဝယ်စုခဲ့လို့ ဘီလျံနာဖြစ်သွားတဲ့အကြောင်းပါ။
အမေက ဘစ်ကွိုင်ဆိုတာ ဘာလဲဆိုပြီး စကား စပါလေရော။ ဘယ်လိုလုပ်ပြီး ချမ်းသာသွားတာလဲ စသဖြင့် မေးတော့တာပေါ့။ အဲတာနဲ့ အမေနားလည်လောက်မယ့် စကားလုံးတွေ ရွေးသုံးပြီး ဘစ်ကွိုင်အကြောင်း ရှင်းပြလိုက်တော့ အမေက “အဲ ငါတို့လည်း ဝယ်ရအောင်လေ ပြောမရဘူး သူ့လို ချက်ချင်း ချမ်းသာချင် ချမ်းသာသွားမှာ”တဲ့။
အမေက ဒီအတိုင်း ပေါ့ပေါ့ပါးပါး အဖြစ်လောက်ပြောတာပါ။ နှစ်ယောက်သား အတူတူ ရယ်ဖြစ်တယ်။ အဲတာနဲ့ အမေက လက်ရှိကျွန်တော်တို့ မိသားစုဘဝလေးရဲ့ အခြေအနေကို ပိုပြီး သဘောကျကြောင်း ပြောတယ်။ အဲဒီမှာ အမေသုံးလိုက်တဲ့ စကားက ကျွန်တော့်ရင်ထဲ ထိသွားတယ်။ “ပုံမှန်လေးပဲကောင်းတယ်” တဲ့။
ဆေဏိကလည်း အမြဲတမ်း တော်ရုံလောက်ပဲကောင်းတယ်ဆိုတာမျိုး ပြောတယ်။ “လိုတာထက် ပိုသွားရင် ဘာမှမကောင်းဘူး၊ တော်ရုံလောက်ပဲ ကောင်းတယ်၊ အပိုက အပိုသက်သက်ပဲ၊ လိုတာကမှ ဖြည့်လို့လွယ်သေးတယ်၊ ပိုသွားရင် နုတ်ရခက်ပြီး ခွကျနိုင်တယ်”
နားလည်လွယ်အောင် သူက ဥပမာလေးတစ်ခုနဲ့ ရှင်းပြတယ်။ တောင်သူတွေ ယာထဲ စိုက်ပျိုးရင် မြေဩဇာ ကျွေးကြတယ်။ အပင်တွေ အမြန်ထွားစေချင်ဇောနဲ့ မြေဩဇာတွေ ပိုကျွေးလို့လည်းမရဘူး။ မြေဩဇာလိုတာကမှ လိုသလောက် ဖြည့်ဖြည့်ပြီး အပင်ကောင်းအောင် သန်အောင် လုပ်လို့ရသေးတယ်၊ မြေဩဇာများသွားရင် အပင်က မဖြိုးတဲ့အပြင် ညှက်သွားရောတဲ့။ ဒါပေမဲ့ ဒီလိုရှုထောင့်မျိုးကို လူတွေကြားထဲ သိပ်မပြောကြဘူးဗျ။
ဘယ်နေရာပဲ ကြည့်ကြည့်၊ ဘယ်နားကိုပဲ ကြည့်ကြည့် အားလုံးရဲ့ ပါးစပ်မှာ ပြောလိုက်ရင် အောင်မြင်တဲ့ ဘဝ၊ တိုးတက်တဲ့ဘဝ၊ ငွေကြေးပြည့်စုံမှု၊ ချမ်းသာကြွယ်ဝမှု စသဖြင
Unlock to read this premium article with 100 points.