SarPhat Author
အမြဲတမ်းသန်မာတယ်ဆိုပြီး အားတင်းနေခဲ့တဲ့သူတွေလည်း တစ်ခါတလေ မှီခိုလို့ရတဲ့ပခုံးတွေကို လိုအပ်ပါတယ်။
အထူးစွမ်းအားတွေ၊ စူပါ ပါဝါတွေကို ရ,ထားတဲ့သူတွေမဟုတ်ဘဲ ဒီအတိုင်းလူသားတွေမို့...
ပျော်ရွှင်တတ်သလို နာကျင်တတ်တယ်။
ရယ်မောတတ်သလို ငိုကြွေးတတ်တယ်။
ဒဏ်ရာတွေကို ကုသဖို့ အချိန်နဲ့ဆေးဝါးတွေ လိုအပ်တယ်။
ကြင်နာမှုတွေ၊ အားပေးမှုတွေလည်း လိုအပ်တယ်။
ရှေ့ကိုကြိုမမြင်ရတဲ့ အနာဂတ်လမ်းပေါ် လျှောက်ရင်း...
ခလုတ်တိုက်လို့လည်းရတယ်။
ချော်လဲသွားလည်း အဆင်ပြေတယ်။
အနားယူဖို့လည်း ထိုက်တန်ပါတယ်။
အားအပြည့်နဲ့မပြေးနိုင်တဲ့အခါ လက်တွေတွဲပြီး အတူလမ်းလျှောက်ကြတာပေါ့။ ပန်းတိုင်တွေက တူတူပဲမို့လေ။
Kiwi's Little Word
Keep Reading