အက္ခရာ - Haruki
ကျွန်မမှာ ငယ်ငယ်ကတည်းက လုပ်ဆောင်မှုအပေါ် ယောက်ကျား၊ မိန်းမ ခြားနားထားတာမျိုးမရှိပါဘူး။ သူတို့လည်း အောင်မြင်တယ်၊ ကိုယ်လည်း လေ့လာရမယ်၊ လုပ်နိုင်ရမယ်၊ အောင်မြင်ရမယ်ဆိုတဲ့ ခံယူချက်ရှိပါတယ်။
ဒါပေမယ့်တကယ်လက်တွေ့လုပ်ကြည့်တော့ ခက်ခဲတယ်ပြောရမယ်။ ဘယ်အရာမှတော့ လွယ်ကူမှာမဟုတ်ဘူးလေ။ မိန်းကလေးတွေအနေနဲ့ အလုပ်တစ်ခု မတော်လို့မရဘူးစိုပါစို့။ အခြားနေရာတွေမှာ အတွေ့အကြုံကျွမ်းကျင်ရမယ်။
ဥပမာ - ကျွန်မလည်းခုထိလေ့လာနေတုန်းပါ။ ဘာလဲဆိုတော့ Personal Life ပါ။ အနည်းဆုံးတော့ ထမင်း၊ ဟင်းချက်တတ်ရမယ်။ အချိန်စီမံခန့်ခွဲတတ်ရမယ်။ အချိန်စီမံခန့်ခွဲတာက အတော်အရေးကြီးတယ်ပြောရမယ်။ ကျောင်းတက်တုန်းကတော့ အာရုံက ကျောင်းစာပဲရှိတယ်လေ၊ ရှုထောင့်တစ်ခုကိုပဲ အာရုံစိုက်ရတယ်။ အလုပ်ရတော့အဲ့လိုမဟုတ်တော့ဘူး။
အလုပ်လည်း အာရုံထားရတယ်၊ အလုပ်ပြီးရင် ကိုယ့်အတွက်အချိန်၊ သူငယ်ချင်းအတွက်အချိန်၊ အိမ်သန့်ရှင်းရေး၊ မိသားစု၊ အစားအသောက်အနေအထိုင်တွေအတွက်ပါ ညီမျှဖို့ အခြားရှုထောင့်တွေအများကြီးပါ အာရုံစိုက်ရတယ်လေ။
ဒီလိုအာရုံစိုက်ရတော့ အာရုံစိုက်တတ်အောင်၊ စီမံခန့်ခွဲတတ်အောင် အချိန်တိုတိုအတွင်း ရအောင်လေ့လာရတယ်။ ကျွန်မမှာ အလုပ်ကို နေရာမရွေး၊ အချိန်မရွေး၊ အလုပ်မရွေးလုပ်ရမယ်ဆိုတဲ့ ခံယူချက်ရှိတယ်။ အခုထိလည်း ရှိနေတုန်းပါ။ ဒီလိုခံယူချက်ကြောင့် အလုပ်ပေါင်းစုံနဲ့ အတွေ့အကြုံပေါင်းစုံ ကျွန်မရခဲ့တယ်။
ဆက်ဆံရေးလည်းကောင်းလာတယ်၊ လူတွေအကြောင်းလဲသိလာတယ်၊ အလုပ်နယ်ပယ်မှာလည်း ရင့်ကျက်လာခဲ့ပါတယ်။ အားတဲ့အချိန် စာအုပ်ဖတ်တာကလည်း ကျွန်မကိုအတွေ့အကြုံတွေအများကြီးပေးခဲ့တာပေါ့။
စာအုပ်ဖတ်ဖို့လည်း ကျွန်မတိုက်တွန်းချင်တယ်။ အနှစ် ၅၀ လူတစ်ယောက်ရဲ့အကြောင်းရေးထားတဲ့စာအုပ်ကိုဖတ်မယ်ဆိုရင် အနှစ် ၅၀ စာအတွေ့အကြုံကို ကိုယ်ကိုယ်တိုင်မကြုံရဘဲနဲ့ ရနိုင်တယ်။ ဒီလိုမျိုး စာအုပ် ၁၀ အုပ်ဆို အနှစ် ၅၀၀ စာအတွေ့အကြုံကို ကိုယ်ရလိုက်ပြီလေ။ နှစ် ၅၀၀ အသက်ရှင်ခဲ့ဖူးတဲ့လူနဲ့ ဘာမှမကွာတော့ဘူးပေါ့။
အမျိုးသမီးတစ်ယောက်အနေနဲ့ ဦးဆောင်နိုင်ဖို့ဆို ?
မှန်ကန်တဲ့သတ္တိနဲ့ ကြိုးစားမှုရှိရမယ်။ အသိဉာဏ်ရှိရမယ်။ စာများများဖတ်ရမယ်။ ဒါဆို ယောက်ကျားတွေနည်းတူ ဦးဆောင်နိုင်မှာပါလို့ပြောချင်ပါတယ်ခင်ဗျာ။
? Story of Burma Podcast မှတဆင့်လည်း နားဆင်နိုင်ပါတယ်ခင်ဗျာ။
Youtube ?
https://youtu.be/evliRGQ_O6I?si=UzxnRg0KIyJmD90j
Facebook ?
https://www.facebook.com/share/v/5U7cquGtHfbEswn3/?mibextid=oFDknk
နွေဦးအက္ခရာ
Keep Reading