Yours Nu Nu Aung
နေ့တစ်နေ့ကုန်ဆုံးသွားတဲ့အခါ
•ပြန်စရာအိမ်ရှိမယ်။
• စားစရာအစာရှိမယ်။
• ပူတဲ့အခါ သောက်ဖို့ ရေရှိမယ်။
•ညရောက်တဲ့အခါ ကျောချစရာ နေရာတစ်
နေရာစာ ရှိမယ်။
• ကိုယ်ပြန်လာတာ မျှော်တဲ့လူတချို့ရှိမယ်။
• ဝင်ငွေရှာပေးတဲ့အလုပ်တစ်ခုလောက်ရှိမယ်။
• မိုးတွေသည်းထန်စွာ ရွာချတဲ့အခါ မိုးခိုခွင့်ရပြီး
နွေးထွေးစေတဲ့အိမ်တစ်လုံးရှိမယ်။
• ကျန်းမာသန်စွမ်းနေမယ်။
• ချစ်တဲ့လူတချို့ကို ပိုင်ဆိုင်ခွင့်ရနေမယ်။
အစရှိသဖြင့် ပြောရင် ကုန်မှာ မဟုတ်ဘူး။
အို....ကြည့်ပါလား ဘဝက ထင်သလောက်မှ
မဆိုးဘဲ။ နေပျော်ပါတယ်။
နေတတ် ထိုင်တတ်မယ်ဆိုရင်ပေါ့။
ဘဝအနှစ်သာရကို ဘာနဲ့ တိုင်းတာသလဲ ။
ပျော်ရွှင်ခြင်းကို ဘာနဲ့တိုင်းတာသလဲ။
ကိုယ်တို့ သမ္မာကျမ်းစာထဲ ဘာပြောလဲဆိုရင်
ကောင်းကင်ပေါ်က ငှက်လေးတွေက
စားဖို့သောက်ဖို့ ဘယ်တော့မှ မစုဆောင်းဘူး။
ဒါပေမယ့် သူတို့နေတိုင်းပျော်ပျော်ရွှင်ရွှင်ပဲ
နေနိုင်ကြတယ်။ဘုရားသခင်က သူတို့စားဖို့
သောက်ဖို့အတွက် ဖန်တီးပေးတယ်လို့လည်း
ပြောလို့ရတယ်။ထိုနည်းတူ ကိုယ်တို့လူသားတွေလည်း အများကြီး တွေးတောပူစရာမလိုပါ။
တစ်ရက်ချင်း ကောင်းစွာ ရှင်သန်လိုက်ဖို့ပဲ
တွေးသင့်တယ်။ကြိုးစားသင့်တယ်။
Live in the present well နော်
ချစ်တဲ့မိတ်ဆွေရယ်.....။
#နူးနူးအောင်
Keep Reading