Yours Nu Nu Aung
မိုင်တစ်ရာလောက်မှာ ရှိတဲ့ချစ်သူကို
တွေ့ဖို့ သွားတဲ့အခါ အချစ်ဆိုတာ ဘာလဲဆိုတာ
မင်းတဖြည်းဖြည်းသိလာလိမ့်မယ်။လမ်းမှာတိုက်တဲ့
လေတွေကအစ ချိုမြိန်သလို
ခံစားရမယ်။ရှုခင်းတွေဟာ အလှဆုံးပဲလို့ ထင်လိမ့်မယ်။ကျေးငှက်သံတွေကအစ သိပ်ချိုနေသလို။
သွားရင်းနဲ့ ချစ်သူမျက်နှာလေးကို မြင်ယောင်ရင်း
ဘယ်လောက်တောင် ကြည်နူးစရာ
ကောင်းလိုက်သလဲ။ရှေ့သို့ တစ်လှမ်းချင်း
သွားရင်းသွားရင်းနဲ့ လိုချင်တဲ့
အဖြေ ထွက်လာလိမ့်မယ်။ဒါဟာ
အချစ်ရဲ့စွမ်းအားပဲ။
It's the power of love.
မိုင်တစ်ရာ မပြောဘဲ သုံးလေးလမ်းလောက်ခြားနေတဲ့ချစ်သူကို သွားတွေ့ရင်တောင် ရင်ခုန်သံတွေ ထိန်းမရ၊
စိတ်တွေ လှုပ်ရှားနေတာပဲလေ။
ကားလေးစီး အပြင်က ရှုခင်းလေးကို
ကြည့်ရင်း တစ်စုံတစ်ယောက်ကို
ရင်ခုန်စိတ်လှုပ်ရှားနဲ့ သွားတွေ့တဲ့
ခံစားချက်က အင်မတန် ကောင်းတယ်။
မချစ်ဖူးရင် မသွားတွေ့ဖူးရင်
သွားတွေ့ဖူးအောင် လုပ်ကြည့်ပါလို့
အကြုံပြုပါရစေ။နောင်တမရနဲ့။
ရဲရဲသာ ချစ်လိုက်ပါ။
အသွားတုန်းက သင့်ကမ္ဘာတစ်ခုလုံး
ကောင်းတဲ့အရာတွေ၊ပျော်စရာလေး
တွေသာ ပြည့်နေခဲ့သလို အပြန်ကျရင်ခုထက်မက ကောင်းတဲ့အရာတွေ ပိုပြီး ပြည့်ပါစေလို့
ဆန္ဒပြုပါတယ်။
အသွားတုန်းက လေတိုက်တာတောင်
ချိုသလို အပြန်ကျရင်လည်း ပိုပိုချိုပါစေ။
#နူးနူးအောင်
Keep Reading