မြသွန်း(တောင်ဒဂုံ)
?ဒီနေ့မှာတော့ အိပ်စက်မှုပုံစံတွေအကြောင်းကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ "အိပ်တာပဲ ဘယ်လိုအိပ်အိပ်..အိပ်ပျော်သွားရင်ပြီးရောပေါ့"ဆိုပြီး ပေါ့တန်တန်တွေးမိရင်တော့ မိတ်ဆွေတို့အကြီးကြီးမှားသွားပါလိမ့်မယ်နော်။ ဘာလို့လဲဆိုတော့ ယနေ့ခေတ်မှာ အိပ်စက်မှုပုံစံအနေထားမှားယွင်းတာကြောင့် ဆိုးကျိုးရလဒ်တွေကိုခံစားနေရတဲ့လူနာတွေဟာ အများအပြားရှိလာတာကို တွေ့နေရလို့ပါပဲ။
?ငယ်ရွယ်စဉ်ကတည်းက မှားယွင်းတဲ့အိပ်စက်မှုပုံစံနဲ့ အကျွမ်းတဝင်ဖြစ်လာခဲ့တဲ့သူတွေဟာ နှလုံးရောဂါ၊ နာကျင်ကိုက်ခဲမှုဝေဒနာ၊ ဒီမန်ရှာ စတဲ့ရောဂါတွေကို မွေးထားမိသလိုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အိပ်နေတဲ့ပုံစံက မှန်၊မမှန်အားလုံးပဲသိရှိသွားရအောင်လို့ ဒီဗီဒီယိုလေးကို အဆုံးထိကြည့်ရှုပေးကြပါဦးနော်။
?နံပါတ်(၁) ဘေးတိုက်အိပ်ခြင်း- ဒါကတော့ လူအဝောာ်များများအိပ်လေ့ရှိကြတဲ့ အအိပ်ပုံစံပါပဲ။ ဒီနေရာမှာ ညာဘက်စောင်းအိပ်တာနဲ့ ဘယ်ဘက်စောင်းအိပ်တဲ့ကိစ္စလေးကို အဓိကပြောချင်တာပါ။ နှလုံးရောဂါခံစားနေရတဲ့သူတွေ၊ နှလုံးပြဿနာသမားတွေက ညာဘက်ကိုပဲဘေးစောင်းပြီးတော့ အိပ်သင့်ပါတယ်။
? ဒါဆိုရင် ဘယ်ဘက်ကိုရော? ဘယ်ဘက်ခြမ်းကိုတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ အစာအိမ်အက်စစ်လျှံတတ်တဲ့ဝေဒနာရှင်တွေနဲ့ တစ်ခြားသောအူလမ်းကြောင်းပြဿနာရှိသူတွေက စောင်းအိပ်ပေးသင့်ပါတယ်။ ပုံမှန်ဘာရောဂါမှမရှိတဲ့သူတွေအတွက်ကတော့ ဘယ်ဘက်ပဲစောင်းစောင်း၊ ညာဘက်ပဲစောင်းစောင်း ကြိုက်သလိုစောင်းအိပ်နိုင်ပါတယ်။
?တစ်ခုရှိတာက ဦးခေါင်းနဲ့လည်ပင်းကို ကျောရိုးမကြီးနဲ့တစ်တန်းတည်းဖြစ်စေဖို့ ခေါင်းလေးထူထူလေးနဲ့အိပ်ပေးပါ။ ပြီးရင်ဒူးခေါင်းကြားမှာလည်း ဖက်လုံးလေးထားပြီးအိပ်ပေးသင့်ပါတယ်။
?နံပါတ်(၂) ပက်လက်အိပ်ခြင်း- ကျောရိုးနဲ့လည်ပင်းကိုက်ခဲသူတွေအတွက်ကတော့ ပက်လက်အိပ်ခြင်းသင့်လျော်ပါတယ်။ ဒါမယ့်အမြဲတမ်းပက်လက်အိပ်တာမျိုးကတော့ ကျန်းမာရေးနဲ့မသင့်လျော်ပါဘူး။
?ပက်လက်အအိပ်များတာကြောင့် တစ်ချို့ဆိုရင်အသက်ရှူရခက်ခဲလာပြီး ဟောက်တဲ့အကျင့်တွေစွဲလာမယ်၊ နောက်ပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့လည်းခက်ခဲလာမယ်၊ အခုလိုနဲ့ အိပ်ရေးပျက်လာပါများလာတော့ နှလုံးရောဂါတို့၊ဆီးချိုရောဂါတို့၊ အဝလွန်ရောဂါတို့က နောက်ဆက်တွဲအနေနဲ့ တစ်ဆက်တည်းပါလာတတ်ပါတယ်။
နံပါတ်(၃) မှောက်ခုံအိပ်ခြင်း- မှောက်ခုံအိပ်လိုက်ခြင်းအားဖြင့် ဟောက်တဲ့ဝေဒနာကိုသက်သာစေပါတယ်။ ဒါမယ့်လည်း လည်ပင်းနဲ့ကျောရိုးအတွက် အဆင်မပြေပြန်ပါဘူး။ မှောက်အိပ်တော့လည်ပင်းကိုဘေးစောင်းထားရတယ်၊ ဘေးစောင်းထားရတော့ လည်ပင်းရိုးတို့၊ကျောရိုးတို့ကို တစ်ဆက်တည်းနာကျင်စေနိုင်သလို အကြိမ်ရေများလာရင် ထိခိုက်မှုတွေလည်းရှိနိုင်ပါတယ်။
? တကယ်လို့မိတ်ဆွေတို့က မှောက်အိပ်မှပဲအိပ်ပျော်တယ်ဆိုရင်တော့ ခေါင်းအုံးပါးပါးလေးနဲ့အိပ်တာပဲဖြစ်ဖြစ်၊ ခေါင်းအုံးမပါဘဲအိပ်တာပဲဖြစ်ဖြစ် မှောက်အိပ်ပေးသင့်ပါတယ်။ ဒါဆိုရင် လည်ပင်းကိုအထောက်အလျောက် နာကျင်မှုသက်သာစေပြီးတော့ ပုံမှန်အတိုင်းဖြစ်စေပါတယ်ရှင်။
? ညဘက်အိပ်ရင်တော့ တော်တော်များများက ဟိုလှည့်ဒီလှည့်နဲ့ အခုပြောပြလိုက်တဲ့အအိပ်ပုံစံအကုန်လုံးကို အသုံးပြုပြီးသားဖြစ်သွားရင်လည်း ရှော့ခ်မရှိပါဘူး။ ပိုပြီးတော့တောင် balance ဖြစ်သွားစေပါတယ်။ မိတ်ဆွေတို့ကိုအခုေဖာ်ပြလိုက်တာကတော့ ဘေးတိုက်အိပ်ခြင်း၊ ပက်လက်အိပ်ခြင်းနဲ့ မှောက်အိပ်ခြင်းတို့နဲ့ပတ်သတ်တဲ့ ကျန်းမာရေးဗဟုသုတအကြောင်းလေးတွေပဲဖြစ်ပါတယ်။
Keep Reading