Honey cho
"အချိန်ကိုအကျိုးရှိရှိသုံးပြီး ကောင်းမွန်တဲ့အရာတစ်ခုဖန်တီးစို့"
ကမ္ဘာပေါ်မှာ လူသားများစွာရှိကြသည်။ထိုလူသားတွေ ဟာလည်း စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊အချစ်ရေး၊အိမ်ထောင်ရေး စတဲ့ ဘဝနေ့စဉ်လှုပ်ရှားမှုပုံစံမျိုးစုံနဲ့ သူတို့ရဲ့အဖိုးတန်အချိန်များကို တရွေ့ရွေ့ဖြတ်သန်းရင်းကုန်ဆုံးကြပါသည်။တစ်ချို့ လူတွေဟာလည်း သူတို့ရဲ့အချိန်တွေဟာ limited time ရှိမှန်းကိုတောင် မေ့လျော့နေကြရင်း ဘဝကိုပေါ့ပေါ့ပါးပါး ဖြတ်သန်းနေကြပါတယ်။တစ်ချို့ဟာလည်း အောင်မြင်မှုနောက်ကို လိုက်ရင်း အချိန်ကုန်တတ်ကြသလို တစ်ချို့ဟာလည်း ပျော်ရွှင်မှုနောက်ကိုလိုက်ရင်း အချိန်ကုန်တတ်ကြပါတယ်။တကယ်တော့ လူတွေအားလုံးအပေါ် စကြဝဠာကြီးက ပေးထားတဲ့အချိန်ဟာမျှတပါတယ်။
လူသားအားလုံးမှာ တစ်နေ့တာအချိန် 24hours ရှိပါတယ်။ဒါပေမဲ့ သူတို့ရဲ့time managementsတွေပေါ်မူတည်ပြီး သူတို့ရဲ့အောင်မြင်မှုလမ်းမနဲ့ ကျရှုံးမှု လမ်းစဆိုပြီးဖြစ်လာရတာပါ။လူသားတိုင်းဟာ အရာအားလုံးကို လျှော့တွက်ကြပြီး အထင်သေးတတ်ကြကြပါတယ်။အချိန်တွေအများကြီး ရှိပါသေးတယ် လို့ပြောတဲ့ လူတစ်ယောက်ရဲ့ အတွေးဟာ တကယ့်ကို သူ့အနာဂတ်အတွက် ရင်လေးစရာပါ။ဘဝမှာ တကယ်တော့အရာ အားလုံးဟာ အချိန်နဲ့အမျှပြောင်းလဲနေကြတာပါ။ဘယ်သူ တစ်ဦးတစ်ယောက်မှာမှ အချိန်တွေသီးသန့်ကြီး ပိုနေတယ်ဆိုတာ မရှိပါဘူး။
လူသား အားလုံးမှာ ကောင်းမွန်တဲ့ အမှတ်တရတွေဖန်တီးခွင့်ရတဲ့အချိန်၊ချစ်ခင်ရသူတွေနဲ့ ပျော်စရာတွေပြုလုပ်ရင်းဖြတ်သန်းခွင့်ရတဲ့အချိန်၊တခါတလေမှာ ကိုယ့်ဘက်က ဘာမှမတတ်နိုင်ဘဲ ကျရှုံးမှုကို လက်ခံလိုက်ရတဲ့အချိန်၊အောင်မြင်မှုတွေရောက်ရှိလာချိန်၊ချစ်ရသူနဲ့ မခွဲခွာချင်ဘဲ အကြောင်းတရားတစ်ခုခုကြောင့်ခွဲခွာလိုက်ရတဲ့အချိန်တွေလည်း ဖြတ်သန်းခဲ့ရဖူးမှာပါ။လူသားအားလုံးဟာ တွေ့ဆုံ၊ကြုံကွဲ၊ဓမ္မတာမို့ ဘဝမှာ ကိုယ့်အချိန်လေးတွေကိုအလေးအနက်ထားရင်း၊တန်ဖိုးထားပြီးပျော်ရွှင်စွာဘဝကိုဖြတ်သန်းသင့်ပါတယ်။
ဒါကြောင့် ပထမအရွယ်မှာ ပညာရှာ လို့ရှေးပညာရှိတွေကပြောခဲ့တဲ့ဆိုရိုးလည်းရှိပါသည်။လူငယ် လူရွယ်တွေအားလုံးဟာ လည်းငယ်ရွယ်တဲ့ အချိန်ခိုက်တန့်လေးတွေမှာ အနာဂတ်အတွက်ကြိုးစားပြီး အတတ်ပညာ၊အသိပညာများကိုရှာဖွေ စုဆောင်းထားမှသာနောင်တစ်ချိန်မှာအနာဂတ်ခေါင်းဆောင်၊လူကောင်းလူတော်များအဖြစ်ရပ်တည်နိုင်မဲ့အခွင့်အရေးကို သူများနည်းတူမဆုံးရှုံးမှာဖြစ်ပါတယ်။တစ်ခါတလေမှာ လူငယ်သဘာဝပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နေချင်ကြပေမဲ့ အပျော်နဲ့အပျက် ခွဲခြားသိမှသာ အောင်မြင်မှုပန်းတိုင်ကိုလှမ်းနိုင်မှာဖြစ်ပါတယ်။
လူငယ်လူရွယ်ဆိုတဲ့ နာမည်ကိုအခွင့်ကောင်းယူရင်းကိုယ့်ရဲ့ဘဝကို ထင်တိုင်းကြဲနေကြတဲ့ လူငယ်တွေလည်းဒုနဲ့ဒေး ရှိနေကြပါတယ်။ထိုလူငယ်တွေရဲ့ ဘဝဟာလည်းအနာဂတ်မှာ ရင်လေးစရာပါ။လူငယ်တွေဟာ စူးစမ်းလေ့လာလိုစိတ် ပြင်းပြကြပေမဲ့ မကောင်းတဲ့အရာတွေ၊မိဘက မလုပ်ဖို့တားမြစ်ထားတဲ့အရာမျိုးတွေကိုပိုပြီးစိတ်ဝင်စားလေ့ရှိ၊ လုပ်လေ့ရှိကြပါတယ်။ဒီလိုမျိုး အပြုအမူတွေဟာ လမ်းမှားကိုခေါ်ဆောင်သွားခံရတဲ့သာဓကတွေလည်းအများကြီးရှိပါတယ်။
ပညာသင်ယူရမဲ့အချိန်မှာ ပညာရေးကိုစိတ်မဝင်စားဘဲ လူငယ်သဘာဝ စိတ်ကစားရင်း social media ရဲ့ဓားစာခံဖြစ်ပြီး ဘဝတွေရင်းလိုက်ရတဲ့သာဓကဆိုးတွေလည်းနေ့စဉ်နဲ့အမျှကြုံတွေ့နေရပါတယ်။တကယ်တော့ အရာအားလုံးမှာ အချိန်ဆိုတာ ရှိပါတယ်။အဓိကနဲ့ သာမညခွဲခြားသိမြင်ခြင်းဟာလည်း ဘဝရဲ့အကောင်းဆုံးသောပညာရပ်တစ်ခုဆိုလည်းမမှားပါဘူး။ငယ်ရွယ်စဉ် ပထမအရွယ်ဟာ နောက်တစ်ချိန်အနာဂတ်မှာ အောင်မြင်မှု အပေါင်းသရဖူ ဆောင်းရင်းနဲ့ ပညာရဲရင့်ပွဲလယ်တင့်စေဖို့ ရန်အတွက် ပညာရေးကိုကြိုးစားအားထုတ်ခြင်းကသာ အကောင်းဆုံးသောအဖြေဖြစ်ပါတယ်။
ဒုတိယအရွယ်မှာ ဥစ္စာရှာဆိုတဲ့ စကားအတိုင်း ပထမအရွယ်မှာ ပညာကိုအပတ်တကုတ်ကြိုးစား ရှာဖွေလာခဲ့သူတွေတိုင်းအတွက် ဒီနောက်တစ်ဆင့်ဟာ အရမ်းကြီးမခဲယဉ်းလှပေမဲ့ ပထမအဆင့်မဖြတ်ကျော်နိုင်ခဲ့တဲ့သူတွေအဖို့တော့ လုံးဝကို နားလန်မထူနိုင်မဲ့ဘဝတိုက်ပွဲအစဆိုလည်းမမှားပါဘူး။ပညာရေးအနေနဲ့ ကျောင်းသင်ခန်းစာ တွေသင်ခဲ့ရပေမဲ့ ဒါတွေဟာ လက်တွေ့ဘဝသင်ခန်းစာအနေနဲ့ဆိုရင်တော့ အရမ်းကိုဘဲ မိုးနဲ့မြေကြီးပမာ ကွာခြားလွန်းလှပါတယ်။ဒီအဆင့်ဟာ ဥစ္စာရှာရမယ်ဆိုတဲ့ဆိုရိုး ဟာမမှားပေမဲ့ စီးပွားရေးလုပ်ဆောင်ရာမှာလည်း ကိုယ်ဟာ မိတ်ဆွေစစ်တွေနဲ့ပေါင်းသင်းဆက်ဆံမှသာ လူမှန်နေရာမှန်ရောက်မှာဘဲဖြစ်ပါတယ်။
မိတ်ဆွေတု သိုးရေခြုံသောဝံပုလွေတွေနဲ့တွေ့ရင်တော့ ဘဝဟာ တကယ့်ကိုမတွေးရဲစရာပါဘဲ။စီးပွားရေးနဲ့လူမှုရေးဟာတကယ့်ကို တစ်နဲ့နှစ်ပမာ ကျောချင်းကပ်နေပါတယ်။လူမှုရေးကောင်းမှ စီးပွားရေးကောင်းနိုင်သလို စီးပွားရေးကောင်းမှဘဲလူမှုရေးကောင်းနိုင်မဲ့ အခြေအနေ တစ်ရပ်ဆိုလည်းမမှားပါဘူး။ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အနေအထားမျိုး ဘဝအတွက်အောင်မြင်မှု၊ရှုံးနိမ့်မှုရဲ့နိဒါန်းတစ်ရပ်ဆိုလည်းမမှားပါဘူး။ဒုတိယအရွယ်မှာ အောင်မြင်အောင်၊ကြီးပွားတိုးတက်အောင်80%လောက်အချိန်ပေးသင့်ပြီး ကျန်တဲ့20%သောအချိန်တွေကိုတော့ မိမိရဲ့ကိုယ်ပိုင်မိသားစု၊မိမိချစ်ရသူနဲ့ မိမိကိုချစ်ခင်လေးစားတန်ဖိုးထားပေးတဲ့လူအားလုံးအတွက်အချိန်လေးတွေလည်းမဖြစ်မနေထားပေးဖို့လိုအပ်ပါတယ်။
လူသားအားလုံးဟာ သူတို့ရဲ့ဘဝမှာတစ်ဦးတစ်ယောက်တည်းရပ်တည်နိုင်ဖို့ဆိုတာဟာ လုံးဝကိုမဖြစ်နိုင်ပါဘူး။မိသားစုတွေ ၊သူငယ်ချင်းမိတ်ဆွေတွေရဲ့ အားပေးမှု၊ဂရုစိုက်မှု၊အလေးထားမှုတွေဟာလည်း သူတို့ရဲ့ဘဝအတွက်ဗီတာမင်လို့ခေါ်တဲ့ သက်စောင့်ဓာတ်လိုစွမ်းအင်တစ်မျိုးဖန်တီးပေးပြီး ကြုံလာရတဲ့အခက်အခဲတွေအားလုံးရဲ့အဖြေတစ်ခုလိုအချိန်အခိုက်အတန့်များလည်းအများကြီးကိုယ်တိုင်ဖန်တီးဖို့လိုအပ်ပါတယ်။တစ်ခါတလေမှာ လူသားတွေဟာအတ္တကြီးတက်ကြပါတယ်။
စီးပွားရေးမှာဖြစ်စေ၊အချစ်ရေးတစ်ခု၊အိမ်ထောင်ရေးတစ်ခုမှာဖြစ်စေ အတ္တနဲ့မာနတွေကိုခဝါချပြီးတော့ အမှားအမှန်အကောင်းအဆိုးကို ဦးနှောက်နဲ့ချည်းမတိုင်းတာဘဲ နှလုံးသားရဲ့အလိ
Unlock to read this premium article with 10 points.